အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားကြောင်း အတည်ပြု



တီဟီရန်၊ မေ-၂၀-၂၀၂၄
မျိုးဆက်(VOM)

အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီၤးတို့ဟာ သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း အီရန်တာဝန်ရှိသူတွေက ဒီနေ့ မေ ၂၀ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

သူတို့လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ ထောင်ထူထပ်တဲ့ဒေသရဲ့ အေးခဲတဲ့ရာသီဥတုအခြေအနေမှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်အပျက်အစီးတွေကို တွေ့ရှိပြီးနောက် သူတို့အသက်ရှင်လွတ်မြောက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့တယ်လို့ အီရန်တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ ပျက်ကျမှုမှာ သမ္မတရိုင်ဆီရဲ့ ရဟတ်ယာဉ်ဟာ လုံးဝမီးလောင်းပျက်စီးသွားပြီး ကံမကောင်းစွာနဲ့ လိုက်ပါသူအားလုံး သေဆုံးသွားတယ်” လို့ တာဝန်ရှိသူက ရိုက်တာကိုပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီနေ့မနက်အစောပိုင်းမှာ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ရှိ ရဟတ်ယာဉ်ပျက်ကျရာနေရာကို ရောက်ရှိဖို့ကို နှင်းမုန်တိုင်းနဲ့ ခက်ခဲတဲ့မြေပြင်အနေအထားမှာ ညလုံးပေါက် ကြိုးပမ်းခဲ့ရပါတယ်။

“ အပျက်အစီးတွေကို ကျွန်တော်တို့တွေ့ရပါတယ်။ အခြေအနေမကောင်းဘူး။ ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ အသက်ရှင်ကြောင်း အရိပ်အယောင်မတွေ့ရဘူး” လို့ အီရန်လခြမ်းနီအဖွဲ့ အကြီးအကဲက ဆိုပါတယ်။

အသက် ၆၃ နှစ်အရွယ် သမ္မတရိုင်ဆီသည် ၂၀၂၁ ခုနှစ်မှာ အီရန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ရာထူးစတင်ချိန်မှနောက်ပိုင်း အီရန်တွင် အကျင့်စာရိတ္တဆိုင်ရာ ဥပဒေများကို တင်းကြပ်မှုတွေကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားမှုအပေါ် သွေးထွက်သံယိုနှိမ်နှင်းခဲ့ပြီး နျူကလီးယားအရေးမှာလည်း သဘောထားတင်းမာသူဖြစ်ပါတယ်။

Ref:Reuters
Ref:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW