ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပေါ်မှာ အမျိုးသားတယောက်အောက်ဆီဂျင်ပြတ်သေဆုံး



မေ ၂၁ – ၂၀၂၄
GG (VOM)

ရန်ကုန် – မော်မြိုင်ကားလမ်းပေါ်က ယာယီမြေသားလမ်းဖောက်လုပ်ဖြတ်သန်းခွင့်ပြုနေတဲ့ ကျုံအိတ်တံတားကို ဖြတ်သန်းဖို့စောင့်နေတဲ့ ကုန်ကားပေါ်မှာ အမျိုးတယောက်အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ ကားခေါင်းခန်းအတွင်းမှာ အကျီင်္ ဝ တ်ဆင်ထားခြင်းမရှိဘဲ ပက်လက်အနေအထားနဲ့သေဆုံးနေတာဖြစ်ကြောင်း ၊ ခန္ဓာကိုယ် ပြင်ပတစုံတရာဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်လို့ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“ဘီးလင်းမြို့ဝင်ကြေးဂိတ်အကျော်လေးမှာပေါ့။ကျုံအိတ်တံတားကိုဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပါ၊ ကျနော်တို့သတင်းရတာ ၇နာရီလောက်သိရတယ်၊သွားသယ်တယ်။ ဘီးလင်းဆေးရုံပို့လိုက်တယ်၊အိပ်ပျော်နေရင်းသေဆုံးတာပါ၊တခြားထူးခြားမှုမရှိဘူး။မိုးလင်းမှသေနေတာကိုသိရတာပေါ့ ” လို့ နာရေးလမ်းကြောင်းကူညီပေးခဲ့တဲ့ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း အဖွဲ့ဝင် တဦးကပြောပါတယ်။

အဆိုပါ အမျိုးသားဟာ မကွေးတိုင်း၊ပေါက်မြို့နယ်ဇာတိဖြစ်ပြီး အသက်က ၄၀ ေလာက်ရှိကြောင်း ၊ ကာ​းက ​ရန်ကုန်ကနေ လာရောက်ပြီး မနေ့က မေ၁၉ ရက်နေ့ကတည်းက ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်ဆိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သေဆုံးအမျိုးသားကို ဘီးလင်းဆေးရုံကို ပို့ဆောင်ကာတာဝန်ရှိသူတွေကစစ်ဆေးပြီးနောက် ဒီနေ့မေ ၂၁ ရက်မနက်ပိုင်းမှာပဲ သဂြိုလ်လိုက်ပြီလို့ဆိုပါတယ်။

ကျုံအိတ်တံတားမှာ ယာယီမြေသားလမ်းဖောက်လုပ်ပြီး ကားတွေကိုဖြတ်သန်းခွင့်ပြုနေပေမယ့် တလမ်းမောင်းစနစ်နဲ့ ရန်ကုန် – မော်လမြိုင် တဘက်စီကိုအလှည့်ကျစီဖြတ်သန်းခွင့်ပေးနေတာဖြစ်လို့ တံတားရဲ့နှစ်ဖက်လုံးမှာကားတွေအများအပြားတန်းစီစောင့်ဆိုင်းနေရပါတယ်။

ကျုံအိတ်တံတားကတော့ မေလ၁၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိအထိ ကျိုးကျခဲ့တဲ့တံတားနဲ့ဘေလီတံတားကိုပြမ်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ ယာယီမြေသားလမ်းသာဖောက်လုပ်ပြီး ဖြတ်သန်းသွားလာနိုင်နေတာဖြစ်ပါတယ်။

Photo – ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW