အမှိုက်တွေပါတဲ့ မြောက်ကိုရီးယားရဲ့ မိုးပျံပူပေါင်း ၁၅၀ ထက်မနည်း တောင်ကိုရီးယားဘက်ကို ကျရောက်

ဆိုးလ်၊ မေ-၂၉-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ အမှိုက်တွေသယ်ဆောင်ထားတဲ့ မိုးပျံပူပေါင်းအလုံး ၁၅၀ ထက်မနည်းကို တောင်ကိုရီးယားဘက် လွှတ်တင်လိုက်တာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်ထဲမှာနေထိုင်ကြဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ညစ်ညမ်းပစ္စည်းတွေနဲ့ အမှိုက်တွေပါဝင်တဲ့ ပလတ်စတစ်အိတ်တွေချိတ်ဆွဲပြီး ကျရောက်လာတဲ့ မြောက်ကိုရီးယားလွှတ်တင်လိုက်တဲ့ အဖြူရောင်မိုးပျံပူပေါင်းတွေနဲ့ ပလတ်တစ်အိတ်တွေကို ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့ တောင်ကိုရီးယားစစ်တပ်က သတိပေးထားပါတယ်။
မြောက်ကိုရီးယားရဲ့ မိုးပျံပူပေါင်းတွေကို တောင်ကိုရီးယားရှိ ပြည်နယ် ကိုးခုအနက် ရှစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးဟာ ၁၉၅၀ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးပြိးနောက်ပိုင်း ဝါဒဖြန့်ချိရေးတွေအတွက် မီးပုံးပျံတွေကို အသုံးပြုခဲ့ကြပါတယ်။ လက်ရှိမီးပုံးပျံတွေမှာလည်း ဝါဒဖြန့်ချိရေး စာစောင်တွေ ပါမပါ စုံစမ်းစစ်ဆေးနေပါတယ်။
တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေရှိတဲ့ နယ်စပ်ဒေသကနေ လက်ကမ်းစာစောင်တွေနဲ့ အမှိုက်တွေကို မကြခဏ လွှတ်တင်ပေးပို့နေတာတွေကို လက်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုပြီးနောက် ရက်အနည်းငယ်အကြာမှာ မြောက်ကိုရီးယားက အခုလို အမှိုက်အိတ်တွေပါတဲ့ မိုးပျံပူပေါင်းတွေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW