This Day in History

  Voice of Myanmar ကျူးဘားခေါင်းဆောင် ဖီဒယ်လ်ကက်စထရိုသည် ကျန်းမာရေးပြသနာများကြောင့် ညီဖြစ်သူ ရာအူးအား ယာယီအာဏာလွှဲအပ်ခဲ့ပြီး ၎င်းသည် ၂၀၀၈ ခုနှစ်တွင် တရားဝင် တာဝန်ယူချိန်ထိ နိုင်ငံ၏ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July31

Read More

အိန္ဒိယ ကီရာလာပြည်နယ်မြေပြိုမှု ၁၂၃ ယောက်သေပြီး ၁၀၀ ကျော်ပိတ်မိနေ

  ဒေလီ၊ ဇူလိုင်-၃၁-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၁၂၃ ယောက် သေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝါယာနဒ်ခရိုင်ရှိ တောင်ကုန်းထူထပ်တဲ့ဒေသမှာ မြေပြိုမှုဖြစ်ပွားချိ န် ဒေသခံတွေဟာ အိပ်ပျော်နေခဲ့ကြပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ အဓိက တံတားတစင်းကျိုးကျသွားတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေ လက်လှမ်းမမှီနိုင်သေးတဲ့ နေရာမှာ ပိတ်မိနေသူ ၁၀၀ လောက်ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးမှုကြောင့် လူ ၄၀၀ သေဆုံးခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ဒီမြေပြိုမှုဟာ ပြည်နယ်အတွင်း အဆိုးရွားဆုံး သဘာ၀ဘေးဖြစ်ပါတယ်။ မြေပြိုမှုကြောင့် ဒဏ်ရာရသူ ၁၂၃ ယောက်ကို ဆေးရုံပို့ပေးထားပြီး လူပေါင်း ၃၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြောင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇူလိုင် – ၃၁ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၃၅၀ ကျပ် ဝယ်ဈေး – ၅၂၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၈၉၀ ကျပ် ဝယ်ဈေး – ၃၇၇၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၃၀ ကျပ် ဝယ်ဈေး – ၅၄၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၇.၀၆ ကျပ် ဝယ်ဈေး – ၁၄၀.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၄၀ ကျပ် ဝယ်ဈေး – ၁၀၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၀ ကျပ်…

Read More

ယနေ့ ရွှေဈေး (ဇူလိုင် – ၃၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၀၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၄၅၆၆၂ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၂၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

စင်ကာပူ TikTok ရုံးက ဝန်ထမ်း ၆၀ အစာအဆိပ်သင့်မှု ဖြစ်ပွား

  စင်ကာပူ၊ ဇူလိုင်-၃၁-၂၀၂၄ မျိုးဆက်(VOM) TikTok ကို ပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီရဲ့ စင်ကာပူရုံးခွဲမှ ဝန်ထမ်းဒါဇင်ပေါင်းများစွာဟာ အစာအဆိပ်သင့်မှုကြောင်း ဆေးရုံတင်ထားရကြောင်း စင်ကာပူတာဝန်ရှိသူတွေက ပြောပါတယ်။ ဇူလိုင် ၃၀ ရက်မှာ ကုမ္ပဏီမှ ဝန်ထမ်း ၆၀ ဟာ အစာအိမ်ရောဂါလက္ခဏာများ ခံစားရပြီးနောက် သူတို့ထဲ့ ၅၇ ယောက်ဟာ အစာအဆိပ်သင့်တာကြောင့် ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ နာမကျန်းသူတွေကို လူနာတင်ယာဉ် ၁၇ စီးနဲ့ ဆေးရုံပို့ခဲ့ရပြီး ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးတို့အတွက် ပံ့ပိုးကူညီမှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း ByteDance ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီဝန်ထမ်းများ နေမကောင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ByteDance ကုမ္ပဏီက ဆိုပါတယ်။ ကုမ္ပဏီရုံးမှာ အစားအသောက် ချက်ပြုခြင်းများမရှိဘဲ အစားအသောက် ထောက်ပံ့ရေးအတွက် ပြင်ပမှ ထောက်ပံ့ရေးကုမ္ပဏီတွေကို အသုံးပြုပါတယ်။ ဒီကိစ္စကို…

Read More

ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ ရွှေ၊ ငွေ၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဈေးမြင့်တက်လာ

  ဇူလိုင် ၃၁ – ၂၀၂၄ SN (VOM) ကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံစီးပွားရေး မတည်ငြိမ်မှုကြောင့် ရွှေ၊ ငွေ၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ အဆမတန် ဈေးမြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေး ငါးရက်ဆက်တိုက် အတက်ကြမ်းနေတာမှာ ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာတော့ တကျပ်သား ခြောက်ဆယ့်ရှစ်သိန်းနှစ်သောင်းအထိ စံချိန်ချိုး ရောက်ရှိလာပြီး ရန်ကုန်ရွှေအသင်းဈေးနဲ့ ကျပ်သိန်း ၂၀ ကျော် ကွာဟလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကစလို့ အခေါက်‌ရွှေ ပြင်ပဈေး တရှိန်ထိုး မြင့်တက်လာခဲ့တာဖြစ်ပြီး ကျပ် ၆၂ သိန်းဝန်းကျင်ကနေ တရက်ကို ကျပ် သုံးသိန်းဝန်းကျင် ခုန်တက်နေတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အခုတပတ်ထဲ အနည်းငယ် အကျဘက်ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးဟာ…

Read More

နစက က အရေးပေါ်ကာလသက်တမ်း ခြောက်လ ထပ်တိုး

  ဇူလိုင် ၃၁ – ၂၀၂၄ SN (VOM) နစကဥက္ကဋ္ဌ ယာယီသမ္မတ တာဝန်ယူပြီး ကျင်းပတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက နိုင်ငံတဝန်း အရေးပေါ် အခြေအနေ ကြေညာမှုကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ အာဏာထိန်းပြီး သုံးနှစ်ခွဲကြာတဲ့အထိ မကျင်းပနိုင်သေးတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ နစက က ဆိုပါတယ်။ “PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ဖို့၊ရွေးကောက်ပွဲအတွက် ခိုင်လုံမှန်ကန်တဲ့ မဲစာရင်းတွေရရှိဖို့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စတာတွေအတွက် အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ မဖြစ်မနေလိုအပ်တယ်” လို့ နစကဥက္ကဋ္ဌက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူကာ…

Read More

ကရင်ပြည်နယ်မှာ ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးစခန်း၆၀လောက်အထိဖွင့်ထားရ၊မြဝတီလမ်းပြတ်တောက်နေ

  ဇူလိုင် ၃၁ – ၂၀၂၄ GG (VOM) ကရင်ပြည်နယ်မှာ ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ အများအပြားရှိတာကြောင့် ကယ်ဆယ်ရေးစခန်း ၆၀ နီးပါးဖွင့်ကာ ကူညီနေရဆဲဖြစ်တယ်လို့သိရပါတယ်။ ပြည်နယ်တွင်း ရေကြီးနစ်မြုပ် မှုကြောင့် ရေနစ်သေဆုံးသူလည်း သုံးယောက်အထိရှိနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးတွေလည်းပျက်စီးနေတဲ့အတွက် မြဝတီကို သွားလာမရတဲ့အခြေအနေတွေဖြစ်နေတယ်လို့သိရပါတယ်။ ္” လမ်းပိုင်းတွေကပျက်စီးနေတော့မြဝတီကို မလွယ်တော့ဘူး။ဘယ်လမ်းကမှမလွယ်တော့တာ။မိုးကလည်းများတယ် မြစ်ရေတွေကလည်းတက်တော့ သွားလာရေးအတော်ကိုခက်ခဲသွားတဲ့အခြေအနေပါ။မြဝတီဆိုရင်အခုထိ နူန်းတွေအမှိုက်တွေ မရှင်းနိုင်သေးတာအများကြီးပဲ။သောင်ရင်းမြစ်ရေခုထပ်တိုးပေမယ့် ရေတက်တော့နှေးပါတယ် ။ ” လို့ မြဝတီဒေသခံကပြောပါတယ်။ ကရင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေပျက်စီးခဲ့သလို တံတားအချို့လည်းရေတိုက်စားပျက်စီးမှုတွေရှိခဲ့သလို စာသင်ကျောင်း တွေလည်းယာယီပိတ်ထားရတာရှိတယ်လို့သိရပါတယ်။ ကရင်ပြည်နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ရေကြီးနစ်မြုပ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၅၇ ခု ဖွင့်လှစ်ကာ ရေဘေးသင့်တဲ့ အိမ်ထောင်စုပေါင်း ၆၃၉၉ စုကို…

Read More

ပဲခူးတိုင်းရေဘေးကြောင့် ကျောင်း ၄၅၀ အထိပိတ်၊ သေဆုံးသူလေးယောက်ရှိလာ

  ဇူလိုင် ၃၁ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းမှာ ဖြစ်ပွားနေတဲ့ရေကြီးနစ်မြုပ်မှုကြောင့် စာသင်ကျောင်းပေါင်း ၄၅၀ အထိ ပိတ်ထားရသလို ရေနစ်သေဆုံးသူလည်း လေးယောက်အထိရှိထားတယ်လို့သိရပါတယ်။ ရေကြီးနစ်မြုပ် မှုကြောင့် ပဲခူးတိုင်းအရှေ့ပိုင်းကပဲခူးမြို့အပါအဝင် မြို့နယ် ၉ ခုမှအခြေခံပညာကျောင်း ၁၈၉ ကျောင်းနဲ့ ပဲခူးတိုင်းအနောက်ပိုင်းတွင်ရှိ မြို့နယ် ၁၁ မြို့နယ်မှ အခြေခံ ပညာကျောင်း ၂၆၁ ကျောင်း ကို ယာယီပိတ်ထားရတာဖြစ်တယ်လို့သိရပါတယ်။ ေရနစ်သေဆုံးမှုအနေနဲ့ ပဲခူးမြို့က အသက်၁၆ နှစ်အရွယ် Grade 12 ကျောင်းသား တယောက်၊ အသက် ၈နှစ်အရွယ်ကလေးတယောက်နဲ့ အသက် ၄၀ အရွယ်အမျိုးသားတယောက်တို့ရှိထားပြီး ပဲခူးအနောက်ခြမ်းမှာဆိုရင် လက်ပံတန်းမြို့နယ်၊ ခမုံရဲစခန်းက အသက် ၂၇ နှစ်အရွယ် ရဲတပ်သားရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ပဲခူးမှာက ၂၉ရက်နေ့ကတယောက်သေတယ်။မနေ့ကနှစ်ယောက်ထပ်သေတယ်။ကျောင်းသားလေးကစက်ဘီးစီးလာစဥ်ဓာတ်လိုက်ပြီးသေသွားတာ။ကလေးလေးကတော့လမ်းလျှောက်နေရင်ပြုတ်ကျပြီးဆုံးတာလို့သိရတယ်။အသက်ကြီးအမျိုးသားကတော့ အရက်သောက်ပြီးအပြင်သွားချိန်ရေနစ်သေတာပါ။ ရေကတော့ဒီနေ့နည်းနည်းပြန်ကျပါတယ်။ထပ်မတိုးတော့ဘူး။ ” လို့…

Read More

သုံးဆယ်မြို့ ဘဏ​်မှငွေ ထုတ်လာသူဆီကနေ ငွေသိန်း၂၀၀ လုခံရပေမယ့် လုယက်သူတွေကိုချက်ခြင်းဖမ်းမိ

  ဇူလိုင် ၃၁ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ဘဏ်မှ ငွေထုတ်လာတဲ့သူဆီကနေ ငွေတွေလုယက်ခံရမှု ဒီနေ့ဇူလိူင်လ ၃၁ ရက်နေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး လုယက်သူတွေကို ချက်ခြင်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ရန်ကုန်-ပြည်လမ်း၊ ဗိုလ်ချုပ်လမ်းထောင့်၊ သုံးဆယ်မြို့ ကမ္ဘောဇဘဏ်ကနေထုတ်ယူလာတဲ့ ငွေကျပ် သိန်း ၂၀၀ ကို အသင့်စောင့်နေတဲ့ လူငါးယောက်က လုယက်ခဲ့ရတာဖြစ်ကြောင်း ၊ လုယက်သူတွေကိုတော့ အချိန်ပိုင်းအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ထုတ်တဲ့သူက ကြို့ကုန်းရွာကပါ။သူကငွေထုတ်ပြီး ဆိုင်ကယ်ပေါ်တင်နေချိန် ဝင်လုခံရတာ။စောင့်ကြည့်နေတဲ့သဘောရှိတယ်။ဖမ်းမိတာက နယ်မြေလှည့်ကင်းကမိတာ။မိနစ်၂၀လောက်ပဲကြာတယ်။ဆိုင်ကယ်နဲ့ထွက်ပြေးတာကို မိတာ။ ဖြစ်တာက မနက်၁၁ နာရီလောက်ဖြစ်တာ။၁၁ခွဲလောက်မိတာပေါ့ ။” လို့ သာယာဝတီမြို့ဒေသခံကပြောပါတယ်။ ငွေလုယက်သူတွေက အမျိုးသား ငါးယောက်ဖြစ်ပြီး ဆိုင်ကယ်လေးစီးနဲ့လုယူထွက်ပြေးသွားတာဖြစ်ကြောင်း၊ လက်ပံတန်းမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းဘေးက မကျီးကွင်းအရှေ့စုရွာဇရပ်အတွင်းမှာ လုယက်သူတွေကို ငွေကျပ် သိန်း ၂၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။…

Read More
VOM News

FREE
VIEW