၂၀၂၄ ပါရီအိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်လှစ်

  ပါရီ၊ ဇူလိုင်-၂၇-၂၀၂၄ ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို ပါရီမြို့လယ်မှာ ခမ်းနားဖွင့်လှစ်လိုက်ပြီး ကမ္ဘာတဝန်းက နိုင်ငံခေါင်းဆောင်တွေ ၊ ထင်ရှားကျော်ကြားသူတွေနဲ့ အားကစားသမားတွေ ပရိတ်သတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ Photo:Reuter/AP #Voiceofmyanmar #VOM #ပြင်သစ် #ပါရီအိုလံပစ် #ဖွင့်ပွဲ##

Read More

ပြည်ဝင်ခွင့်ဗီဇာ ပြဿနာကြောင့် တရုတ်ကို တရားဝင်လုပ်သားစေလွှတ်မှု ရပ်ဆိုင်းထားရ

  ဇူလိုင် ၂၇ – ၂၀၂၄ SN (VOM) တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ဒေသကို တရားဝင် မြန်မာအလုပ်သမား စေလွှတ်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာ ပြဿနာကြောင့် ရပ်ဆိုင်းထားရတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအဝိုင်းက သိရပါတယ်။ လတ်တလော နိုင်ငံခြားသားလုပ်သား ခေါ်ယူတာဟာ တရုတ်ပြည်မထဲက မဟုတ်ဘဲ မြန်မာနိုင်ငံ နဲ့ နီးစပ်တဲ့ ယူနန်ပြည်နယ်၊ တဲဟုန်ဒေသက စက်မှုဇုန်တွေမှာ လုပ်ကိုင်ဖို့အတွက် ဖြစ်တာကြောင့် တရုတ်ပြည်မကြီးက ဗီဇာ ထုတ်ပေးဖို့ အဆင်မပြေဖြစ်နေတာလို့ သိရပါတယ်။ “တရုတ်ပြည်မထဲက နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက်မရှိဘူး။ အခုလိုတာက တယ်ဟုန်ပြည်နယ်တခုတည်းဆိုတော့ သူတို့ဘက်က အလုပ်သမားဗီဇာ မပေးချင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆို ပြည်နယ်တခုကိုပဲ ခွင့်ပြုတာလေ။ တရုတ်ပြည်မကြီးမှာက နိုင်ငံခြားသား General Worker မှ မလိုတာ။ နောက် ပြည်မကြီးမှာက အလုပ်သမားဗီဇာ…

Read More

ရွှေပြင်ပပေါက်ဈေး ကျပ် ၆၂ သိန်း၊ ဒေါ်လာ ၅၁၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေ

  ဇူလိုင် ၂၇ – ၂၀၂၄ SN (VOM) ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ၆၂ သိန်းကျပ်၊ အမေရိကန် တဒေါ်လာ ၅၁၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်က တကျပ်သား ၅၉ သိန်းဝန်းကျင် ရှိခဲ့တာဖြစ်ပြီး ခြောက်ရက်အကြာ ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာတော့ ကျပ် သုံးသိန်းဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “အခေါက်ရွှေဈေးက ကျွန်တော်အရင်ကတည်းက ပြောခဲ့သလိုပါပဲ။ အဖမ်းအဆီးတွေကြောင့်သာ ကျသယောင် ရှိနေတာ။ တက်ရင် အလုံးအရင်းနဲ့ ချက်ချင်းပြန်တက်နိုင်တယ်ဆိုတာ။ ဘယ်လောက်ပဲ အဖမ်းအဆီးတွေနဲ့ ထိန်းထိန်း၊ သူက ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေးပေါ် မူတည်နေတာဖြစ်တဲ့အတွက် ဒေါ်လာတက်ရင်၊ ကမ္ဘာ့ရွှေ တက်ရင်…

Read More

သံတွဲ သူဌေးချောင်းဆည်ရေ အနီရောင်အဆင့်ကျော်လာလို့ ဒေသခံတွေ အမြန်ဆုံးပြောင်းရွှေ့ဖို့ အရေးပေါ် သတိပေး

  ဇူလိုင် ၂၇ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့က သူဌေးချောင်းဆည်ရေဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ထက် ကျော်လွန်လာတာကြောင့် ဆည်ကျရေစီးကြောင်းတလျှောက်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ ချက်ချင်းပြောင်းရွှေ့ကြဖို့ အာရက္ခတပ်တော် (AA) က အရေးပေါ်သတိ‌ပေးချက် ထုတ်ပြန်ပါတယ်။ သူဌေးချောင်း ဆည်ကျရေစီးဆင်းတဲ့ လမ်းတလျှောက်မှာ ချင်းကွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မန်ကျည်းချောင်း၊ တလိုင်းတဲ၊ ရွှေလှေ၊ လင်းသီ၊ ကျောင်းကုန်း၊ ဇီးကျွန်း၊ အောက်နတ်မော်၊ ပြင်ယောင်း၊ သဗြုချိုင်၊ နတ်မော် နဲ့ အင်တိုင်းကြီး အစရှိတဲ့ ကျေးရွာတွေ ရှိနေတယ်လို့သိရပြီး ဒေသခံတွေအနေနဲ့ အမြန်ဆုံး ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတယောက်က ပြောပါတယ်။ “မိုးက အဆက်မပြတ် သည်းသည်းထန်ထန်ကို ရွာနေတုန်းပဲ။ အဲဒါကြောင့် ဒီ ရေအားလျှပ်စစ်စီမံကိန်း ဆည်ရေက အနီရောင်အဆင့်ကို…

Read More

အိန္ဒိယ – မြန်မာနယ်စပ် ဇိုခေါထာရ် – ရိဒ်လမ်းကို အိန္ဒိယဘက်က ယာယီပိတ်

  ဇူလိုင် ၂၅ – ၂၀၂၄ SN (VOM) အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ် – ရိဒ်လမ်းကို အိန္ဒိယဘက်က ဒီကနေ့ ဇူလိုင် ၂၅ ရက်မှစတင်ပြီး ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကောက်ခွန်ဌာနက ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့တွေ ဇိုခေါထာရ်ကို လာရောက်မှာ ဖြစ်တာကြောင့် ဒီကနေ့ကစပြီး နယ်စပ်လမ်းကို ယာယီပိတ်ထားတာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ဒီမနက်က ပိတ်လိုက်တာပါ။ ဇိုခေါထာရ် အုပ်ချုပ်ရေးမှူးကတော့ ဘယ်ရက်ပြန်ဖွင့်မယ်ဆို အတိအကျ ပြောလို့မရသေးဘူးလို့ ပြောတယ်။ CBI အဖွဲ့က ကွမ်းသီးတွေက အိန္ဒိယဘက်ကို တရားမဝင် ဝင်ရောက်နေတဲ့ ကိစ္စကြောင့်ရော၊ အခွန်ကိစ္စကြောင့်ရော လာကြမှာလို့ သိရတယ်။ ဒီလမ်း ကြာရှည်ပိတ်ထားရင်တော့ စစ်ရှောင်တွေ၊ ဆေးကုသဖို့လိုတဲ့ လူနာတွေ…

Read More

” မောင်လေးစုပ်” သီချင်းဒါရိုက်တာ နဲ့ “လိင်ဆက်ဆံမလား “လိုက်မေးသူတို့ အမှုဖွင့် အရေးယူခံရ

  ဇူလိုင် ၂၅ – ၂၀၂၄ GG (VOM) ” မောင်လေးစုပ် “သီချင်းစီစဥ်သူ ဒါရိုက်တာရွှေလက်အောင်မင်း နဲ့ ” မိန်းကလေးတွေကို ကျနော်နဲ့လိင်ဆက်ဆံမလားဆိုပြီး ” ညစ်ညမ်းမေးခွန်းတွေ လိုက်မေးခဲ့တဲ့ Facebook ဆယ်လီ ငြိမ်းချမ်းထက်အောင် တို့ကို ဖမ်းဆီးကာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ ရွှေလက်အောင်မင်းကို ဗဟန်းမြို့မရဲစခန်းမှာအမှုဖွင့်အရေးယူထားပြီး ငြိမ်းချမ်းထက်အောင်ကိုတော့ မရမ်းကုန်း မြို့မရဲစခန်းမှာအမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့သိရပါတယ်။ ” ငြိမ်းချမ်းထက်အောင်က အဲဒီဗီဒီယိုတင်ပြီးမကြာဘူး ဝိုင်းဆဲကြပြောကြတာနဲ့ သူပြန်ဖြုတ်ချသွားတယ်။ဒါပေမယ့်လည်း ရုပ်သံကပြန့်သွားပြီးတိုင်သူရှိတော့ သူအဖမ်းခံလိုက်ရတယ်။အမှုဖွင့်ထားတဲ့အခြေအနေကိုအခုမှအသိပေးတာ။မထင်မှတ်ဘဲခုလိုဖြစ်သွားတဲ့သဘောပါ။သတိပေးပြီးပြန်လွှတ်မယ်ထင်ခဲ့တာ။” လို့ငြိမ်းချမ်းထက်အောင်နဲ့ရင်းနှီးသူ ဆယ်လီတယောက်ကပြောပါတယ်။ ငြိမ်းချမ်းထက်အောင်က လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းကို လမ်းမထက်သွားလာနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို လိုက်လံမေးမြန်းပြီး အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာမှာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဒါရိုက်တာ ရွှေလက်အောင်မင်းကိုတော့ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ သီချင်းကို အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့်ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။…

Read More

ဖိလစ်ပိုင်သမိုင်းမှာ အကြီးမားဆုံး ရေနံယိုဖိတ်မှုကို ထိန်းချုပ်နိုင်ဖို့ အပူတပြင်း လုပ်ဆောင်နေ

  မနီလာ ၊ ဇူလိုင်-၂၅-၂၀၂၄ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခို်ကမှုကြောင့် မနီလာမြို့အနီးမှာ ဒီနေ့မနက်ပိုင်းက နစ်မြုပ်သွားတဲ့ ဖိလစ်ပိုင် ရေနံတင်သင်္ဘောတစင်းကနေ ရေနံယိုဖိတ်မှုတွေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အပူတပြင်း လုပ်ဆောင်နေရပါတယ်။ နစ်မြုပ်သွားတဲ့ အမ်တီ တီရာနိုဗာ သင်္ဘောပေါ်မှာ လောင်စာဆီတန်ချိန် ၁၅၀၀ နီးပါးတင်ဆောင်ထားပြီး နစ်မြုပ်ပြီးနောက် အမှုထမ်း ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ကာ တယောက် ပျောက်ဆုံး နေကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ရေနံယိုဖိတ်မှုများကို အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပြီး သင်္ဘောပေါ်မှရေနံအားလုံး ယိုဖိတ်မှုဖြစ်ခဲ့ပါက ဖိလစ်ပိုင်သမိုင်းမှာ အကြီးမားဆုံး ရေနံယိုဖိတ်မှု ဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေနံယိုဖိတ်မှုတွေကို တားဆီးထိန်းချုပ်ဖို့ရာမှာ လေပြင်းတိုက်ခိုက်မှုနဲ့ လှိုင်းကြီးမှုတို့ကြောင့် တုံ့ပြန်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ နိုင်ငံရဲ့ ဒေသအတော်များများကို တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်ပြီးနောက်…

Read More

ဗန်းမော်-မန္တလေး ကားလမ်းမကြီး ပိတ်ထားချိန် ကြာမြင့်လာတာကြောင့် ဗန်းမော်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာ

  ဇူလိုင် ၂၅ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံ (အလယ်ပိုင်း) နဲ့ ကချင်ပြည်နယ် (တောင်ပိုင်း) ကို ဆက်သွယ်ထားတဲ့ ဗန်းမော် – မန္တလေး ကားလမ်းမကြီး ပိတ်ထားချိန် ကြာမြင့်လာတာကြောင့် ဗန်းမော်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်တော် (KIA)၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဗန်းမော် – မန္တလေး ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှစတင်ကာ သွားလာခွင့် ပိတ်ပင်ထားတာဟာ လက်ရှိမှာ အချိန်ကာလအားဖြင့် နှစ်လကျော် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ “အခု ကုန်ဈေးနှုန်းတွေက ဗန်းမော်မှာ တခါမှမကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ။ ဓါတ်ဆီတွေလည်း တဖြည်းဖြည်းရှားလာလို့ တချို့ ဓါတ်ဆီဆိုင်တွေဆို…

Read More

မကွေးတိုင်းမှာ ရေကြီးမှုကြောင့် စိုက်ပျိုးမြေဧက သိန်းနဲ့ချီပြီး ရေနစ်မြှုပ်နေပြီး ကျောင်းတွေလည်း ပိတ်ထားရ

  ဇူလိုင် ၂၅ – ၂၀၂၄ SN (VOM) မကွေးတိုင်းအတွင်းက မြို့နယ်အများစုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာကြောင့် စိုက်ပျိုးမြေဧက သိန်းနဲ့ချီပြီး ရေနစ်မြှုပ်နေပြီး အခြေခံပညာကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ရေကြီးရေလျှံမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် မကွေးတိုင်းထဲက မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ရေနံချောင်း၊ ဆိပ်ဖြူ၊ ချောက်၊ ပခုက္ကူ၊ ကံမ၊ ရေစကြို စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ဒီနှစ်ရေကြီးတာက ဆိုးဆိုးရွားရွားပဲ။ ပဲတီစိမ်း၊ မြေပဲနဲ့ နှမ်း စိုက်ခင်းတွေ အကုန်မြုပ်တာ။ ဒီနှစ်ရေကြီးတာက ၂၀၂၀ ပြည့်နှစ်ကထက် ပိုများတယ်။ အနိမ့်ပိုင်းလွင်ပြင်အားလုံး ရေလွှမ်းနေတာ” လို့ မင်းဘူးဒေသခံက ပြောပါတယ်။ လတ်တလော ရေနစ်မြုပ်နေတဲ့ မကွေးတိုင်းအတွင်းက မြို့တွေမှာ ရေဖုံးလွှမ်းနစ်မြုပ်နေတဲ့ စိုက်ပျိုးမြေဧက…

Read More

သံတွဲ-ဂွ ကားလမ်းက ချင်းကွင်းတံတား မိုင်းခွဲခံရလို့ ဒေသခံတွေ အခက်တွေ့နေ

  ဇူလိုင် ၂၅ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က ချင်းကွင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် သွားရေးလာရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းကွင်းတံတားဟာ သံတွဲ – ဂွ ကားလမ်းပေါ်၊ ကျိန္တလီမြို့အနီးမှာတည်ရှိတဲ့ တံတားတစင်းဖြစ်ပြီး မနေ့ ဇူလိုင် ၂၄ ရက်၊ ညနေပိုင်းက မိုင်း ခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “သံတွဲမြို့သိမ်းတိုက်ပွဲ မဖြစ်ခင်ကတည်းက နစက က ချင်းကွင်းတံတားထိပ်မှာ တပ်အခိုင်အမာချပြီး စစ်ဆေးရေးဂိတ်လုပ်ထားတာ။ ဒီတံတားကနေ ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းကနေ ရန်ကုန်အထိ သွားလို့ရတယ်။ စစ်ရှောင်တွေအတွက်ရော၊ ကျန်းမာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက်ရော အရေးပါတဲ့ တံတားပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။ ရခိုင်တောင်ဘက်ပိုင်း သံတွဲမြို့နယ်တခုလုံးကို သိမ်းပိုက်ပြီးနောက် သံတွဲကနေ ဂွမြို့ကို အာရက္ခတပ်တော်…

Read More
VOM News

FREE
VIEW