ဂါဇာတောင်ပိုင်း ခန်းယွန်းနစ်ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အစ္စရေး အမိန့်ထုတ်

 

ဂါဇာစီးတီး၊ ဩဂုတ်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ လှုပ်ရှားနေတယ်ဆိုကာ အဲဒီမြို့ကနေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ်က အမိန့်သစ် ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးထုတ်ပြန်လိုက်တဲ့ ပြောင်းရွှေ့မိန့်ထဲမှာ အစ္စရေးသတ်မှတ်ပေးထားတဲ့ လူသားချင်းစာနာထောက်ထားမှုဇုန်လည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခို်ကမှုကြောင့် လူ ခုနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဂါဇာစီးတီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခို်ကမှုအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စာသင်ကျောင်းဟာ ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေဖြစ်တယ်လို့ အစ္စရေးကတော့ ဆိုပါတယ်။

ကလေးငယ်တွေအပါအဝင် လူရာချီသေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လာမယ့် အင်္ဂါနေ့အစောပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပဖို့ရှိနေတယ်လို့ သံတမန်အရင်းအမြစ်တွေက ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်၊ အီဂျစ်၊ ကာတာတို့ကြားဝင်မှုနဲ့ ပြုလုပ်နေတဲ့ အစ္စရေးနဲ့ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကတော့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ သတ်ဖြတ်ခံရမှုနဲ့အတူ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေပါတယ်။

Ref:NHK
Photo:Reuters/AP

#Voiceofmyanmar #VOM #ဂါဇာ #ခန်းယွန်နစ် #ပြောင်းရွှေ့မိန့် #အစ္စရေး

Related posts

Leave a Comment

VOM News

FREE
VIEW