ယူကရိန်းတပ်တွေ ဝင်တိုက်လို့ ရုရှားဒေသတခုမှာ အရေးပေါ်အခြေအနေ ကြေညာ 

 

မော်စကို၊ ဩဂုတ်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်တို်ကခိုက်နေတာ ဒုတိယသီတင်းပတ်ကို ရောက်ရှိလာပြီး ရုရှားရဲ့ ဘယ်လ်ဂိုရော့ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ယူကရိန်းတပ်တွေရဲ့ နေ့စဉ်ပစ်ခတ်တိုက်ခို်ကမှုတွေကြောင့် ဒေသတွင်းမှာ နေအိမ်တွေပျက်စီးပြီး အရပ်သားတွေ သေဆုံးနေရတယ်လို့ အုပ်ချုပ်ရေးမှူးဖြစ်သူ Vyacheslav Gladkov က ပြောပါတယ်။

ကာ့ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဒါဟာ အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့ ဒုတိမြောက်ဒေသဖြစ်ပါတယ်။ ယူကရိန်းကတော့ ရုရှားနိုင်ငံထဲက မြို့နဲ့ရွာပေါင်း ၇၄ ခုကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုဟာ ဩဂုတ် ၆ ရက်က စတင်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်မှုလို့ ဆိုရမှာဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ကတော့ ယူကရိန်းရဲ့ လုပ်ရပ်ဟာ ရုရှားပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာလို့ စွပ်စွဲထားပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ ဒီအတောအတွင်း ကာ့ခ်ဒေသ၊ ဘယ်လ်ဂိုရော့နဲ့ ဗိုရိုနစ်ဇ်ဒေသတို့မှာ ယူကရိန်းဒရုန်း ၁၁၇ စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ရုရှားစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref;BBC
Photo:Reuters

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်းထိုးစစ် #ဘယ်လ်ဂိုရောဒေသ #အရေးပေါ်အခြေအနေ #ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW