ဂါဇာစစ်ပွဲ အပစ်ရပ်ရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးပြန်

 

ဝါရှင်တန်၊ ဩဂုတ်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကာတာမှာနောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားပါတယ်။

သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်နှစ်ဘက်စလုံးကို အဆိုပြုချက်တခု တင်ပြခဲ့ပြီး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ ကာတာနဲ့ အီဂျစ် စေ့စပ်ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အစ္စရေးဘက်က ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဟားမတ်စ်အဖွဲ့ဘက်ကတော့ တက်ရောက်မှုမရှိပါဘူး။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ အပစ်ရပ်ရေးသဘောတူညီချက်အတွက် အားထုတ်မှုတွေ မပျက်ပြားစေဖို့ အစ္စရေးနဲ့ ဟာမတ်စ်တို့ကို သတိပေးထားပါတယ်။ သဘောတူညီချက်ရရှိရေး အရှိန်မြှင့်ဖို့ နို်ငငံခြားရေးဝန်ကြီး ဘလင်ကင်ကို အစ္စရေး စေလွှတ်မယ်လို့ ဆိုပါတယ်။

နောက်ဆုံးစေ့စပ်ညှိနှိုင်းမှုတွေအပြီးမှာ အပစ်အခတ်ရပ်စဲရေးဟာ ယခင်ကထက် ပိုမိုနီးကပ်လာပြီလို့ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုထားပြီး ဟားမတ်စ်တို့ကတော့ ဒီကိစ္စအပေါ် သံသယရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ အစ္စရေးဂါဇာမှာ ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှု မြင့်တက်လာတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #ဂါဇာ #အပစ်ရပ်ရေးဆွေးနွေးပွဲ #သဘောတူညီချက်မရ

Related posts

Leave a Comment

VOM News

FREE
VIEW