မြစ်သားမြို့နယ်၊ နတ်လွှဲ (အရှေ့) ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်ပြီး အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေ

စက်တင်ဘာ ၁၄၊ ၂၀၂၄ Shy V (VOM) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မြနဒီ (ဒိုင်း)ကျေးရွာအုပ်စု၊ နတ်လွှဲ (အရှေ့)ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်ပြီး အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေး အသင်းတွေ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။ “အဓိကတော့ သူတို့ စားနပ်ရိက္ခာ နဲ့ ဆေးဝါး လိုမှာပဲဗျ။ စားနပ် ရိက္ခာပေါ့နော်။ ထားလို့ ရမယ့် ကုန်ခြောက် ဆန်၊ ဆီ၊ ဆား၊ ပဲ ပေါ့နော်။ အဲလိုမျိုးလေး တွေလိုမှာ‌ဗျ။” လို့ သွားရောက်ကူညီခဲ့တဲ့ အြည်သူ့ပါတီရဲ့ မန္တလေးတိုင်းတာဝန်ခံ ဦးစိုင်းသန်းထိုက်က VOM ကိုပြောပါတယ်။ တချို့က အိမ်လုံးကျွတ် ရေထဲပါသွားတာ ကြောင့် တချို့ နေစရာတောင် မရှိပဲ ကားလမ်းဘေးမှာ လာပြီးဝောာ့ တဲထိုးနေရကာ…

Read More

သံလွင်မြစ် စိုးရိမ်ရေမှတ် ၇ ပေကျော်လို့ ဘားအံ တမြို့လုံးပါး ရေကြီးနေပြန်

စက်တင်ဘာ ၁၄ – ၂၀၂၄ GG (VOM) သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၇ ပေခန့်ကျော်လွန်ပြီး ဘားအံမြို့ ရေကြီးမှုသမိုင်းတလျှောက်မှာ အမြင့်ဆုံး စံချိန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဘားအံမြို့ပေါ် ရပ်ကွက်အားလုံးမှာ မြစ်ရေတွေဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတွေမှာတော့ နေအိမ်တွေမြုပ်တဲ့အထိ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံလူမှုကူညီရေးအသင်းတွေက အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်လို့သိရပါတယ်။ ” တမြို့လုံးနီးပါးလမ်းတွေ အားလုံးရေကျော်နေပြီ။ ရေတွေဝင်ရောက်နေပြီ။ရွေ့ပြောင်းဖို့လိုအပ်တာတွေကိုတော့ လုပ်ပေးနေပါတယ်။အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ အိမ်တွေခေါင်မိုးလောက်ပဲမြင်ရတော့တာတွေလည်းရှိတယ်။ ခုတခါဘားအံရေကြီးမှုက စံချိန်သစ်ပါပဲ။တခါမှရေမရောက်ဖူးတဲ့နေရာတွေအထိ ရေတွေတက်နေတာပါ၊ အခုတော့ရေအတက်နှေးနေတယ်။” လို့မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတယောက်ကပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေစီးဆင်းခဲ့တာကြောင့် သံလွင်မြစ်ရေအတက်ကြမ်းပြီး ဘားအံတမြို့လုံးမှာ ကုန်းပိုင်းရပ်ကွက်မှလွဲပြီး ကျန်နေရာအားလုံး ရေလွမ်းနေ ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတယ်လို့သိရပါတယ်။ ဒါအပြင် ဘားအံ – ရန်ကုန် နဲ့ ဘားအံ – မော်လမြိုင် တွေကားလမ်းတွေမှာလည်း ရေကျော်နေတာကြောင့် အဝေးပြေး ကားတွေပြေးဆွဲမှုရပ်နားထားတယ်လို့သိရပါတယ်။ သံလွင်မြစ်ရေအတက်ကြမ်းတာကြောင့်…

Read More

တောင်ငူရေဘေး ပိတ်မိနေသူတွေကို ဆက်လက် ကယ်ထုတ်နေ

စက်တင်ဘာ ၁၄ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်နေပြီဖြစ်တယ်လို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ “ပိတ်မိနေတဲ့သူတွေကို စက်လှေတွေနဲ့ ကျွန်တော်တို့အကုန်လုံး ကယ်ထုတ်နေတယ်။ အခု ရွှေလင်းအေးရွာကလူတွေကို ကယ်ထုတ်နေတာ။ ရွာသစ်ရွာတရွာပဲ ကျန်တော့တယ်။ အဲဒီရွာမှာတော့ လူဦးရေ ၈၀ ဝန်းကျင်လောက် ကျန်ခဲ့တယ်။ အခု အဲဒီရွာကိုသွားကယ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။ တောင်ငူမှာ ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေး ဝဲ/ယာ ကျေးရွာတွေအားလုံး ရေကြီးမှုဒဏ်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ရေက တမြို့လုံးလွှမ်းတာ။ မြို့လယ်ခေါင်တခုပဲ ကျန်ခဲ့တာ။ မြို့လယ်ခေါင်က အရင်တုန်းက ဘုရင်နေတဲ့မြို့ဆိုတော့ ကုန်းလည်းမြင့်တယ်၊ ပတ်ပတ်လည်ကလည်း ကျုံးရှိတာဆိုတော့လေ။ ရေမတက်ဘူး။ အဲဒီ တနေရာကလွဲလို့…

Read More

တရုတ် အင်ဂျင်တပ် တိုက်ခိုက်ရေးဒရုန်းတွေ ရုရှားစစ်တပ် ထုတ်လုပ်အသုံးပြုနေရ

မော်စကို၊ စက်တင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ ပြီးခဲ့တဲ့နှစ်ကအသုံးပြုခဲ့တဲ့ Garpiya-A1 တာဝေးတိုက်ခိုက်ရေး ဒရုန်းတွေကို တရုတ်အင်ဂျင်တွေနဲ့ ထုတ်လုပ်နေတာဖြစ်ကြောင်း ဥရောပထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ယောက်နဲ့ ရိုက်တာသတင်းဌာနက ရရှိထားတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။ဒရုန်းအသစ်တွေ ထုတ်လုပ်မှုစာချုပ် ၊ လုပ်ငန်းစဉ်၊ ကုမ္ပဏီရဲ့စာရွက်စာတမ်းတွေအရ တရုတ်အင်ဂျင်တပ် Garpiya-A1 ဒရုန်းအစင်းပေါင်း ၂၅၀၀ ကျော်ကို ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Almaz-Antey လက်အောက်ခံ IEMZ Kupol ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လထိ ထုတ်လုပ်ခဲ့ကြောင်း ထောက်လှမ်းရေးက ရရှိထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။တရုတ်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ တာဝေးတို်ကခိုက်မှု ဒရုန်းတွေ ထုတ်လုပ်နေတာနဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာတာမျိုးမရှိခဲ့ပါဘူး။ IEMZ Kupol နဲ့ Almaz-Antey ကုမ္ပဏီတို့ကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားမရှိသေးပါဘူး။ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ပတ်သက်ပြီး အီရန်ရဲ့ဒီဇိုင်းတွေကို မှီခိုနေရတာ နည်းပါးသွားတာဖြစ်ပြီး…

Read More

ကွန်ဂိုမှာ အာဏာသိမ်းဖို့ကြံတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေ အပါအဝင် ၃၇ ယောက်ကို သေဒဏ်ချ

ကင်ရှာဆာ၊ စက်တင်ဘာ-၁၄-၂၀၂၄ရတီ (VOM)ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ သမ္မတကို ဖြုတ်ချအာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ အမေရိကန်သုံးယောက်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါနိုင်ငံသားတယောက်စီအပါအဝင် လူ ၃၇ ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတနန်းတော်နဲ့သမ္မတ မဟာမိတ်တယောက်ရဲ့ နေအိမ်ကို တိုက်ခို်ကမှုမှာ ဦးဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ သေဒဏ်စီရင်တာတွေကို ကွန်ဂိုမှာ မလုပ်တာ ပျှမ်းမျှအားဖြင့် နှစ် ၂၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။လုပ်ကြံမှုရဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့ တိုက်ခို်ကမှုရဲ့ခေါင်းဆောင် ကွန်ဂိုနွယ်ဖွား အမေရိကန်နိုင်ငံသား ခရစ်တီယန်မာလာဂါဟာ တိုက်ခို်ကမှုအတွင်း အခြားငါးယောက်နဲ့အတူ သေဆုံးခဲ့ပါတယ်။မာလာဂါရဲ့ သားဖြစ်သူ အမေရိကန်နိုင်ငံသား မာဆယ်ကတော့ ဒီတိုက်ခိုက်မှုမှာ မပါဘူးဆိုရင် သူ့ကို သတ်ပစ်မယ်လို့ ဖခင်ဖြစ်သူက ခြိမ်းခြောက်ခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီး လူပေါင်း ၅၁ ယောက်ကို စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပြီး ကြားနာမှုတွေကို နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၄ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၇၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၁၁၇၅၁၄ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဂျာမနီစစ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်း

ဘာလင်၊ စက်တင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ဂျာမနီရေတပ် စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားကို ပြီးခဲ့တဲ့နေ့က ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ဘာလင်မှာ သတင်းထောက်တွေကို ပြောပါတယ်။ဖရီးဂိတ်စစ်သင်္ဘော ဘာဒန်ဝယ်တန်ဘာ့နဲ့ ထောက်ပံ့ရေးသင်္ဘော ဖရန့်ဖတ်အမ်မိန်းတို့ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းမှုဟာ နိုင်ငံတကာ ရေပြင်ဖြစ်တယ်ဆိုတဲ့ ရိုးရှင်းတဲ့ သတင်းစကားပေးတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီယက်က ဆိုပါတယ်။ဂျာမနီအဓိပတိ အိုလပ်ရှုဇ်ကလည်း ” ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာများများစားစား မရှိပါဘူး။ ဒါနိုင်ငံတကာ ရေလမ်းတခုဖြစ်ပါတယ်” လို့ ပြောပါတယ်။ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာကလည်း ဂျာမနီစစ်သင်္ဘောတွေ ရေလက်ကြားကို ဖြတ်သန်းသွားတာနဲ့ပတ်သက်ပြီး အတည်ပြုထားပါတယ်။အမေရိကန်နဲ့ အခြားနိုင်ငံတွေက စစ်သင်္ဘောတွေဟာ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို မကြာခဏဆိုသလို ဖြတ်သန်းခုတ်မောင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂျာမနီရေတပ်ကတော့ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး နှစ်ဘက်အကြား…

Read More
VOM News

FREE
VIEW