နိုင်ဂျီးရီးယားမှာ ယာဉ်တိုက်မှုကြောင့် တနေ့ကို လူ ၁၆ ယောက်ဝန်းကျင် သေဆုံးနေ

အဘူဂျာ၊ စက်တင်ဘာ-၁၇-၂၀၂၄
မျိုးဆက်(VOM)
နိုင်ဂျီးရီးယား နိုင်ငံတဝန်းမှာ ယာဉ်တိုက်မှုတွေကြောင့် တနေ့ကို ပျှမ်းမျှ လူ ၁၆ ယောက်ထက်မနည်း သေဆုံးနေကြောင်း အစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် လူပေါင်း ၁၄၇၀ ကျော်သေဆုံးခဲ့ပြီး ဒါဟာ တနေ့ကို ၁၆ ပျှမ်းမျှအားဖြင့် ၁၆ ယောက်နှုန်း သေဆုံးနေတာဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းအခြေခံအဆောက်အအုံတွေ ယိုယွင်းမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုတွေကြောင့် လူအများအပြား သေဆုံးစေတဲ့ ယာဉ်မတော်ဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
နိုင်ဂျီးရီးယားမြောက်ပိုင်း ကာဒူနာပြည်နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတခုအတွင်း ဘုရားဖူး ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားဟာ လီရီမြို့အနီးမှာ မောင်းနှင်နေတဲ့ ဝင်တိုက်မိခဲ့တာပါ။ လက်ရှိချိန်ထိ သေဆုံးသူ ၃၆ ယောက်ရှိပြီး ၃၁ ယောက်ကို ဆေးရုံတင်ထားရကြောင်း ကာဒူနာပြည်နယ် သဘာ၀ဘေးစီမံခန့်ခွဲမှု အေဂျင်စီက ဆိုပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဘတ်စ်ကားဟာ ထရပ်ကားကိုကျော်တက်စဉ် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ထရပ်ကားဟာ လည်း သတ်မှတ်ပမာဏထက် ပိုမိုတင်ဆောင်ထားကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW