ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေးငယ်တယောက်ကို ရည်းစားက သတ်ပြီး အလောင်းဖျောက်မှု ပေါင်မြို့နယ်မှာ ဖြစ်ပွား

အောက်တိုဘာ ၁၁ – ၂၀၂၄SS (VOM)မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေးငယ်တယောက် အသတ်ခံရပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။အဲဒီ မိန်းကလေးဟာ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ငါးရက်ကြာ ပျောက်ဆုံးနေရာမှ မနေ့ အောက်တိုဘာ ၁၀ ရက်မှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။“ပျောက်နေတာကတော့ အောက်တိုဘာ ၅ ရက်နေ့ကတည်းကပေါ့။ အဲဒီနေ့ ညနေပိုင်းက သူ့အဘွားကို ရေတံခွန် သွားလည်မယ်လို့ ခွင့်တောင်းပြီး အိမ်ကထွက်သွားကတည်းက ပြန်မလာဘဲ ပျောက်နေတာ။ ပြန်တွေ့တော့ အလောင်းကတော့ ပုပ်ပွနေပြီ။ ဝမ်းဗိုက်မှာ ဓားဒဏ်ရာတချက် တွေ့တယ်။ သူဝတ်ထားတဲ့ နားကပ်လည်း မရှိတော့ဘူး။ နောက်ပြီး ခန္ဓာကိုယ်မှာလည်း အဝတ်အစားတွေ ကျွတ်နေတာမျိုးတွေ့ရတယ်” လို့…

Read More

အဏုမြူဗုံးသင့်သူတွေ တည်ထောင်ထားတဲ့ ဂျပန်အခြေစိုက်အဖွဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

အော်စလို၊ အောက်တိုဘာ-၁၁-၂၀၂၄ ရတီ(VOM) ဂျပန်နိုင်ငံကို အမေရိကန်ကြဲချခဲ့တဲ့ အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူတွေ ဖွဲ့စည်းထားတဲ့ နီဟွန်ဟီဒန်ကျိုအဖွဲ့ဟာ ကမ္ဘာ့မှာ နျူကလီးယားလက်နက်ကင်းစင်ရေး လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးကိုအောင်မြင်စွာ တည်ဆောက်နိုင်ဖို့ အဖွဲ့ရဲ့ ထူးထူးခြားခြား အားထုတ်မှုတွေကို နိုင်ဘယ်ကော်မတီအကြီးအကဲ Joergen Watne Frydnes က ချီးကျူးပြောဆိုပါတယ်။ နျူကလီးယား တားမြစ်ပိတ်ပင်မှုဆိုင်ရာတွေမှာ များစွာ အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လူပုဂ္ဂိုလ် ၁၉၇ ယောက်နဲ့အဖွဲ့အစည်း ၈၉ ခုအပါအဝင် အမည်စာရင်းတင်သွင်းမှု ၂၈၆ ခုရှိခဲ့တယ်လို့ နိုဘယ်ဆုကော်မတီက ထုတ်ပြန်ထားပါတယ်။ နိုဘယ်ဆု အမည်စာရင်းတင်သွင်းမှုကို အစိုးရတွေ၊ လွှတ်တော်တွေ၊ နိုင်ငံတကာတရားရုံးနဲ့ တရားစီရင်ရေးအဖွဲ့ဝင်တွေအပါအဝင် အရေးပါတဲ့ အခွင့်အာဏာရှိသူတွေက နိုဘယ်ကော်မတီကို တင်သွင်းနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ အီရန်မှာ ထောင်ဒဏ်ကျခံနေရတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအမျိုးသမီး…

Read More

ဂျမ်ဘိုခြင်ဆေးခွေ အပါအဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၂၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

အောက်တိုဘာ ၁၁ – ၂၀၂၄SN (VOM)ဂျမ်ဘိုခြင်ဆေးခွေ အပါအဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၂၀ ကျော်ကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မနေ့ အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ခြောက်လအထက် မှတ်ပုံတင်သက်တမ်း ကျော်လွန်ပြီး သက်တမ်းတိုးဖို့ ပျက်ကွက်တဲ့ ပိုးသတ်ဆေး ၁၁ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်လိုက်သလို ကုမ္ပဏီတွေကနေ မှတ်ပုံတင် ဖျက်သိမ်းလိုကြောင်း တင်ပြလာတဲ့ ပိုးသတ်ဆေး ၁၂ မျိုးကိုလည်း မှတ်ပုံတင် ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ဖျက်သိမ်းလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။“ဒီအချိန်မှာ လုပ်ငန်းတွေကို ရှေ့ဆက် လုပ်ကိုင်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေကလည်း မရှိတော့ဘူးလေ။ အခွင့်အလမ်း နည်းတယ်ဆိုတာထက် ရှိကို မရှိတော့တာ။ ဒါကြောင့် လုပ်ငန်းတွေ ရပ်လိုက်ကြတာများတယ်” လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။လက်ရှိ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်တဲ့…

Read More

ထိုင်းမှာ မြန်မာသံရုံးထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုးသူတွေကို အရေးယူတော့မယ်

အောက်တိုဘာ ၁၁ – ၂၀၂၄SN (VOM)ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာအတု ပြုလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်ထားပါတယ်။အရေးယူမှု ဆောင်ရွက်ရာမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာ အတုအပ ပြုလုပ်ပေးသူတွေလည်း ပါဝင်တယ်လို့ သိရပြီး အတုအပ ထောက်ခံစာနဲ့ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနတွေကို လာရောက်တာ တွေ့ရှိတဲ့အခါမှာလည်း နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတွေ ပြုလုပ်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။“ထိုင်းမှာက ဗီဇာသက်တမ်း ကျော်လွန်နေတဲ့သူတွေ များတယ်။ အခုနောက်ပိုင်းမှာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုး လျှောက်တဲ့သူတွေ အရမ်းများလာတယ်။ အဲဒါကြောင့် ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) က အကြောင်းကြားလာတဲ့အတွက် မြန်မာသံရုံးဘက်ကနေ အခုလို ကြေညာချက် ထုတ်တာပါ” လို့ သံရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာသက်တမ်းတိုးရာမှာ မြန်မာသံရုံးဆီက…

Read More

ကျောက်တော် လေကြောင်း တိုက်ခိုက်ခံရမှု သေဆုံး၊ ဒဏ်ရာ ရသူတွေ များပြား

အောက်တိုဘာ ၁၁ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ မနေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ များစွာ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ကျောက်တော်မြို့နယ်ရှိ ဒေသခံတွေရဲ့ ပြောဆိုချက်အရ မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်ခံရမှုမှာ လူလေးယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။“ကျောက်တော်မြို့မဈေးနဲ့ အထက (၂) စာသင်ကျောင်းဝင်းထဲကို လက်နက်ကြီး ကျခဲ့တာ။ လေယာဉ်သံကြားတာနဲ့ လက်နက်ကြီး ချက်ချင်းကျလာတာ။ လေယာဉ်လာမှန်းတောင် မသိလိုက်ကြဘူး။ ဂျက်ဖိုက်တာ တစီးနဲ့ လေကြောင်း တိုက်ခိုက်ခံခဲ့ရတာ။ ဒဏ်ရရာ ပြင်းထန်တဲ့သူတွေလည်း ရှိတော့ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်လောက်တယ်” လို့…

Read More

တိုင်ဖွန်း မီလ်တန်ကြောင့် ဖလော်ရီဒါမှာ ၁၆ ယောက်သေပြီး အိမ်ခြေသုံးသန်းကျော် ဓါတ်အားပြတ်တောက်

ဝါရှင်တန်၊ အောက်တိုဘာ-၁၁-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း မီလ်တန်ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၆ယောက် ထက်မနည်း သေဆုံးသွားပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဟာရီကိန်းမုန်တိုင်းဝင်ရောက် မတိုက်ခတ်မီ လေဆင်နှာမောင်းတဒါဇင်ကျော် တိုက်ခတ်ခဲ့တဲ့ အရှေ့ဘက်ကမ်းရိုးတန်း စိန့်လူစီကောင်တီမှာ လူငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ ဖလော်ရီဒါအလယ်ပိုင်း စိန့်ပီတာစဘတ်နဲ့ အော်လန်ဒိုကနေ မိုင် ၅၀ အကွာ ဗိုလူစီးယားကောင်တီမှတော့ လူသေဆုံးမှုပိုများနိုင်ပြီး မုန်တိုင်းကြောင့် အချို့ဒေသအချို့မှာ မိုးရေချိန် ၁၈ လက်မထိ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် အိမ်ခြေသုံးသန်းလျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရပြီး ပြည်နယ်တဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ကာ လာမယ့်ရက်များအတွင်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်စ်က သတိပေးထားပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြားသေဆုံးမှုတွေကို အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။…

Read More

သီတင်းကျွတ်အားလပ်ရက် ကျိုက်ထီးရိုးဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဆောင်တွေ စီစဉ်ထား

အောက်တိုဘာ ၁၁၊၂၀၂၄Ms(VOM)နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ကျင်းပတဲ့ ကျိုက်ထီးရိုးဘုရားပွဲတော်ကို ယခုနှစ်မှာလည်းအောက်တိုဘာလ ၁၇ ရက်နေ့တွင် စတင်ကျင်းပသွား မှာဖြစ်ရာ ဘုရားဖူးလာရောက်မယ့် သူတွေအတွက် အခမဲ့တည်းခိုဆောင်တွေပါ စီစဉ်ထားကြောင်း ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ထံကသိရပါတယ်။သီတင်းကျွတ်အားလက်ရက် များအတွင်း လာရောက်ကြမယ့် ဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဆောင်တွေကို လူဦးရေ၅၀၀ကျော် ပမာဏ တည်းခိုနေထိုင်နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။” သွားရေး၊လာရေး၊စားသောက် တည်းခိုရေး ၊လုံခြုံရေးကအစ ကျန်းမာရေး အစအားလုံးဘတ်စုံပြင်ဆင်မှုတွေကို ဆောင်ရွက်ထားပါတယ်။ အခမဲ့တည်းခိုဖို့ကတော့ ဆီမီးကိုးထောင်ဓမ္မာရုံ၊ အောင်ပြည့်စုံဓမ္မာရုံ အဲ့ဒါတွေက အခမဲ့ဖြစ်ပါတယ်။ဆီမီးကိုးထောင်ဆိုလည်း လေးထပ်တောင်ဆိုတော့ အားလုံးပေါင်းရင်တော့ ၄၀၀ကနေ ၅၀၀လောက် တည်းနိုင်ပါတယ်။”လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် တယောက်က ပြောပါတယ်။ယခုနှစ် သီတင်းကျွတ်ကာလအများပြည်သူရုံးပိတ်ရက် က အောက်တိုဘာလ ၁၆ ရက်မှ စနေ၊ တနင်္ဂနွေပါ ဆက်ပိတ်နေတာကြောင့် ပိတ်ရက်ရှည်တဲ့အတွက် ကျိုက်ထီးရိုး ဘုရားပွဲတော်ကို လာရောက်ဘုရားဖူးသူများနိုင်မယ်လို့ ဒေသခံတွေနဲ့ ဘုရားကြီးကိုအမှီပြုစီးပွားရေးလုပ်ကိုင်နေသူတွေက မျှော်လင့်လျှက်ရှိနေပါတယ်။” တောင်ခြေက…

Read More

ဒေါက်တာဇော်မြင့်မောင်အတွက် ရက်လည်ဆွမ်းသွတ် အမျှဝေ

မန္တလေး ၊ အောက်တိုဘာ ၁၁-၂၀၂၄ Voice Of Myanmar(VOM) အောက်တိုဘာ ၇ ရက်က ကင်ဆာရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသနေရင်း ကွယ်လွန်သွားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်အတွက် ကျန်ရစ်သူမိသားစုက ဆွမ်းသွတ်အမျှဝေပွဲကို ကျွဲဆည်ကန်က နေအိမ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပါတယ်။

Read More

ဘေရွတ်ကို အစ္စရေးက လေကြောင်းကနေ ထပ်တိုက်လို့ ၂၂ ယောက်သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

ဘေရွတ်၊ အောက်တိုဘာ-၁၁-၂၀၂၄ ရတီ(VOM) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်သေပြီး ၁၁၇ ယောက်ဒဏ်ရာရရှိသွားတယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်ဘေရွတ်ရှိ ဘာချော့ရာ အရပ်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေအောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစ္စရေးဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာရဲ့ ယောက်ဖဖြစ်သူ ဟဇ်ဘိုလာထိပ်တန်းတာဝန်ရှိသူ ဝါဖစ်ဆာဖာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးပါဘူး။ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဘာချော့ရာအရပ်ရှိ လူနေထူထပ်တဲ့ အန်ဝေရီနဲ့ ဘတ်စ်တာရပ်ကွက်တို့ရှိ လူနေအဆောက်အအုံတွေကို ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားပါတယ်။ မကြာသေးမီ ရက်သတ္တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်ခံရပြီးနောက် လက်ဘနွန်မြို့တော် ဘေရွတ်မှာ နှစ်ရက်ကြာ အခြေအနေငြိမ်သက်ပြီးနောက်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာပါ။ အစ္စရေးဟာ…

Read More

This Day in History

Voice of Myanmarအမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ရန်နှင့် အီဂျစ်နှင့် အစ္စရေးတို့အကြား ကြားဝင်ဖြန်ဖြေပေးမှုများကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ရရှိခဲ့သည်။

Read More
VOM News

FREE
VIEW