အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မယ့်အစီအစဉ် ရုရှားရဲ့ကန့်ကွက်မှု ဂျပန် ပယ်ချ

မော်စကို၊ အောက်တိုဘာ-၁၂-၂၀၂၄မျိုးဆက်(VOM)အမေရိကန်နဲ့ ဂျပန်စစ်တပ်တို့ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မယ် အစီအစဉ်ကို ရုရှားက ကန့်ကွက်ပေမယ့် ဂျပန်က ပယ်ချလိုက်ပါတယ်။စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မော်စကိုရှိ ဂျပန်သံရုံးကို ရုရှားဘက်က ကန့်ကွက်ကြောင်း အသိပေးခဲ့တာဖြစ်ပြီး ဂျပန်ဘက်ကတော့ ရုရှားဟာ ဂျပန်ပိုင်နက်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်တယ်ဆိုကာ စောဒကတက်ထားပါတယ်။Keen Sword လို့အမည်ပေးထားတဲ့ အမေရိကန်-ဂျပန် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိင်ငံတဝန်းမှာ အောက်တိုဘာ ၂၃ ရက်နေ နိုဝင်ဘာ ၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒေသတွင်းနဲ့ မသက်ဆိုင်တဲ့ အမေရိကန်အပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်မှုနဲ့အတူ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်တိုးချဲ့နေတယ်လို့ ရုရှားက ပြောပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားနယ်နိမိတ်အနီးရှိ ဟော့ကိုင်းဒိုးမှာလည်း ပြုလုပ်မှာလည်း ပြုလုပ်မှာဖြစ်ပါတယ်။ ဟော့ကိုင်းဒိုးရှိ ရီဘန်ကျွန်းအနီး ဂျပန်လေပိုင်နက်ကို ရုရှားကင်းလှည့်လေယာဉ်တစင်း ဝင်ရောက်ပျံသန်းမှု ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့အပေါ် ဂျပန်နိုင်ငံက ကန့်ကွက်ခဲ့ပါသေးတယ်။ဂျပန်ပိုင်နက်ဝန်းကျင်မှာ တရုတ်နဲ့ ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း…

Read More

စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော် ထမင်းနပ်မမှန် ဖြစ်နေ

အောက်တိုဘာ ၁၂ – ၂၀၂၄ SS (VOM) လက်ရှိ ရခိုင်ပြည််နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး ဆန်ရှားပါးမှုကြောင့် ထမင်းနပ်မမှန် ဖြစ်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ သိမ်းပိုက် ထိန်းချုပ်ထားပေမယ့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်ကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ ဘေးလွတ်ရာနေရာတွေမှာ လက်ရှိအချိန်အထိ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဒေသခံတွေက အလုပ်အကိုင်တွေလည်း မရှိကြဘူး။ ငါးဖမ်းလုပ်ငန်းတွေကလည်း ရပ်ထားရတယ်။ သူများနေရာမှာ စစ်ဘေးရှောင်နေရတာဆိုတော့ ကြာလာတော့ စားရေးသောက်ရေး အဆင်မပြေတော့ဘူး။ အဓိက လိုအပ်နေတာကတော့ ဆန်ပေါ့။ ဆန်က မရှိသလောက် ဖြစ်နေပြီ” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက…

Read More

အင်းလေးဒေသမှာ ခရမ်းချဉ်သီးဈေး ၁၅ ဆကျော်ထိ ရုတ်တရက်မြင့်တက်လာ

အောက်တိုဘာ ၁၂၊ ၂၀၂၄ZY(VOM)မိုးသည်းထန်ရွာစွာသွန်းပြီး ရေကြီးရေလျှံမှု၊ နေအိမ်တွေ ရေနစ်မြှုပ်မှု၊ စိုက်ခင်းတွေ ရေနစ်မြှုပ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ တလအတွင်း ခရမ်းချဉ်သီးဈေး ၁၅ဆကျော် ရုတ်တရက်ပြန်လည်မြင့်တက်လာတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ပြီး အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု၊ ရေနစ်မြှုပ်မှုဖြစ်ပွားပြီးနောက် ခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း ၂၀၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အခုလို စျေးပြန်တက်လာတာလို့ သိရပါတယ်။“ရေဘေးဖြစ်တော့ ခရမ်းချဉ်သီးတွေက ရောင်းဖို့ကို အသာထားအုံး၊ အိမ်ထဲမှာ ပုပ်ပွနေလို့ ရေထဲလွှင့်ပစ် လိုက်ရတယ်။ ရေဘေးမဖြစ်ခင်ကတည်းက ဈေးက ကျနေတာ၊ ရေဘေးဖြစ်တော့ ပိုဆိုးသွားတာပေါ့။ အခုက ခရမ်းချဉ်သီး ထွက်တာ မရှိတော့ ဈေးကရုတ်တရက်ပြန်တက်လာတာ။ ဒေသတွင်းထွက်တာ မရှိသလောက်ကို နည်းသွားပြီ။ နောက်နှစ်ပြန်စိုက်ဖို့လည်း လွယ်တော့မလွယ်ဘူး၊ ဒီနှစ်မှာ အကုန်ရှုံးထားကြတာလေ”လို့ အင်းလေးဒေသခံ မသွယ်သွယ်အိမ့်က…

Read More

တောင်ကိုရီးယားဒရုန်းတွေ မြောက်ကိုရီးယားလေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲ

ပြုံးယမ်း၊ အောက်တိုဘာ-၁၂-၂၀၂၄ရတီ(VOM)တောင်ကိုရီးယားဒရုန်းတွေဟာ မြောက်ကိုရီးယား လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ယခုလအတွင်း တောင်ကိုရီးယားဒရုန်းတွေဟာ မြောက်ကိုရီးယားလေပိုင်နက်ထဲကို သုံးကြိမ်တိုင်ဝင်ရောက်ပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာရွက်တွေ ကြဲချခဲ့တာဖြစ်ပြီး ဒရုန်းတွေထပ်မံစေလွှတ်မယ်ဆိုရင် အရေးယူမှုတွေ ချက်ချင်းလုပ်မယ်လိုပ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။အခုလို လုပ်ဆောင်တဲ့ အခြေအနေအားလုံးကို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတော့ ဒရုန်းတွေကို စေလွှတ်ခြင်းမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ခံရရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကဆိုပါတယ်။ ဒရုန်းတွေကို တက်ကြွလှုပ်ရှားသူတွေက စေလွှတ်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေကို ဖျက်သိမ်းလိုက်ပြီး ပြည်ပနိုင်ငံတွေက မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်မှုပြုမယ်ဆိုရင် နျူကလီးယားလက်နက် အသုံးပြုတုံ့ပြန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။Ref:NHKPhoto:AP

Read More

This Day in History

Voice of Myanmarအမေရိကန်သမ္မတ သီအိုဒိုရုစဗဲ့သည် ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်တော်ကို အိမ်ဖြူတော်အဖြစ် ၁၉၀၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် တရားဝင်အမည်ပြောင်းလဲခဲ့သည်။

Read More

တောင်ကြီးမှာ သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းသွက်

အောက်တိုဘာ ၁၂၊ ၂၀၂၄ZY(VOM)ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ နေရပ်ရွေ့ပြောင်းနေထိုင်လာကြသူ(စစ်ဘေးရှောင်)တွေ များပြား လာတာကြောင့် အောက်တိုဘာလ အစပိုင်းကနေ ဒီကနေ့အထိ သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းသွက်နေတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။တောင်ကြီးမြို့တွင်းမှာ အရောင်းအဝယ်မရှိသလောက် အေးစက်နေပေမယ့် ကံကြီးရပ်ကွက် တောင်ဘက်ရှိ ပန်သခွား၊ ညို့မီးစတဲ့ ဒေသတွေက ကျပ်သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းအဝယ် သွက်နေတယ်လို့ ဆိုပါတယ်။“စစ်ဘေးရှောင်လာကြတဲ့အချိန်မှာ တချို့က ပိုက်ဆံတွေကိုင်ပြီး ပြေးလာကြတဲ့သူတွေလည်း များတယ်။ မြို့တွင်းမှာ ငှားနေကြတဲ့သူတွေကော၊ ဝယ်နေကြတဲ့သူတွေကော များလာတဲ့အခါကြတော့ ဈေးတွေက တက်ကုန်ကြတယ်။ ဒီတော့ မြို့ပြင်ဖက်မှာ ခြံကို သိန်း ၃၀၀၊ ၄၀၀နဲ့ဝယ်ပြီး အိမ်ဆောက်မယ်ဆိုရင် သိန်း ၇၀၀၊ ၈၀၀လောက်ပဲကုန်တော့ ပန်သခွား၊ ညို့မီးဖက်က အဝယ်လိုက်နေတယ်။ တောင်ကြီးမှာကလည်း မြို့တောင်ဖက်ကိုပဲ ချဲ့ဖို့ရှိတော့တာဆိုတော့ အဲဒီဖက်ကိုပဲ အဝယ်လိုက်နေကြတာ”လို့ ရွှေမိုးရတီ…

Read More

ရှမ်း/မြောက် ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ မြန်မာ့နိုင်ငံရေး ဝိရောဓိများ

အောက်တိုဘာ ၁၂ – ၂ဝ၂၄ KKO(VOM) MNDAA က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းက သီပေါကို ဆက်လက်တိုက်ခိုက်‌နေမှုဟာ သူတို့ရဲ့ နယ်မြေချဲ့ထွင်ခြင်းနဲ့ ရှမ်းမြောက်ဒေသရဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ခွင့်ရဖို့ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ နစက က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းခံရတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ယခုနှစ်၊ဇွန်လ ၂၅ ရက်နေ့ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေး အခြေအနေတင်းမာလာခဲ့ပြီးလက်ရှိအချိန်အထိ မြို့ပြင်ဘက်နဲ့ မြို့ထဲ နေရာတချို့မှာ စစ်ရေးတင်းမာ‌‌နေဆဲဖြစ်ပါတယ်။ “ဟိုတလောတုန်းက တရုတ်က “ဝ”ပြည်ဘက်ကိုပေးပို့ထားတဲ့စာက လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားလာတာရှိတယ်။အဲဒီကိစ္စနဲ့ပတ် သက်ပြီး သီပေါကို MNDAA က ဆက်တိုက်နေတဲ့သဘောရှိတယ်။ ရှမ်းမြောက်ကိစ္စမှာ တရုတ်က နစကဘက်လိုက်တယ်၊ ဘက်လိုက်တယ်ဆိုပြီး ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်…

Read More
VOM News

FREE
VIEW