ဂျကာတာအစည်းအဝေးက မြန်မာနိုင်ငံအရေးအတွက် အပြုသဘော ဆောင်ပါမည်လား

အောက်တိုဘာ၂ ၊ ၂၀၂၄မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အထူးသံတမန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ထိုင်း၊ ဂျပန်တို့မှ အထူးသံတမန်ကိုယ်စားလှယ်များဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ မြန်မာနိုင်ငံမှ NUG ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များအား ပါဝင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ယင်းသည် အာဆီယံအဖွဲ့၏ မြန်မာ့အရေးကို နည်းဗျူဟာအသစ်ဖြင့် ချဉ်းကပ်ပုံအား အခြားအဖွဲ့များက ဝန်းရံပေးခြင်းဟု ယေဘုယျသဘော မြင်ကြည့်နိုင်သည်။ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို…

Read More
VOM News

FREE
VIEW