အောက်တိုဘာ ၁၄ – ၂၀၂၄ KKO(VOM) ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်အတွင်းမှာရှိတဲ့ တိမ်မြုပ်နေသော ရှေးဟောင်းကြပ်ပြင် ပျူဂဝံမြို့ဟောင်း ဒေသကို ခရီးသွားနေရာဒေသအသစ်အဖြစ်ဖော်ဆောင်နေပေမယ့်လည်း လက်ရှိမှာ နိုင်ငံရေးနဲ့ နယ်မြေ ဒေသအခြေအနေတွေကြောင့် ပျူဂဝံမြို့ဟောင်းဒေသသို့ခရီး သွားဧည့်သည် ဝင်ရောက်မှုတွေဟာနည်းပါးလာနေတယ်လို့ ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်ထံကနေ သိရပါပါတယ်။ “အခုကတော့ဘုန်းဘုန်းတို့ ဒီပျူဂဝံမြို့ဟောင်းဒေသကို ခရီးသွားတွေလာရောက်လည်ပတ်လေ့လာမှုတွေနည်းသွားပါတယ်။ပြောရရင် ဒီဘက်ဒေသက ရခိုင်ရိုးမဘက်တွေနဲ့တဆက်တည်းဖြစ်နေတယ်။တောကလည်းနက်တယ်။အဲဒီတော့ခရီးသွားတွေကနယ်မြေဒေသအခြေအနေတွေကိုကြည့်ပြီးမလာကြတော့ဘူးပေါ့။ကြောက်လန့်တာလည်းပါမှာပေါ့၊ ဟိုးယခင်အစိုးရတွေလက်ထက်တုန်းကတော့ဘုန်းဘုန်းတို့ဒီပျူဂဝံမြို့ဟောင်းဒေသကိုခရီးသွားနေရာဒေသအသစ်အဖြစ်ဖော်ဆောင်ဖို့ ပြည်တွင်းမှာရှိတဲ့ ခရီးသွားကုမ္ပဏီ ၄ဝ လောက်နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေတော့ရှိပါတယ်။ဒါလည်းအခုတော့ဘုန်းဘုန်းတို့ ခေတ္တခဏရပ်ထားပါတယ်။ အခုနောက်ပိုင်းကျခရီးသွားတွေကသိပ်မလာကြတော့ဘူးလေ၊ပြန်ပွင့်လင်းတဲ့ကာလရောက်လာရင်တော့ဘုန်းဘုန်းတို့ကဒီမြို့ဟောင်းကိုခရီးသွားဒေသနေရာအသစ် အဖြစ်ဖော်ဆောင်သွားဖို့တော့ဆန္ဒရှိပါတယ်။ လက်ရှိကတော့ဘုန်းဘုန်းတို့ပဲပျူဂဝံမြို့ဟောင်းဒေသကိုထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”လို့ ပျူဂဝံမြို့ဟောင်း ဆရာတော်က VOM ကို မိန့်ကြားပေးခဲ့ပါတယ်။ ပျူဂဝံမြို့ဟောင်းဒေသဟာ ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့အနီးမှာတည်ရှိပြီး သမိုင်းတန်ဖိုးအရကြီးမားတဲ့ ပျူခေတ်လက်ရာတွေ ပျူခေတ်သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တယ်လို့ ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်ကမိန့်ပါတယ်။ “ပျူဂဝံမြို့ဟောင်းမှာဆိုရင်လေ့လာလည်ပတ်စရာနေရာတွေက ဆန္ဒပြည့်စေတီရှိမယ်။နတ်ရေတွင်းရှိမယ်၊ရှေးဟောင်းဂူကြီးတွေရယ်၊ဘုရားခြေတော်ရာလို့ယူဆရတဲ့ကျောက်ဖြစ်ရုပ်ကြွင်းပေါ့လေ၊ဘယ်ဘက်ခြေတော်ရာကဒီမှာရှိတယ်။နောက်ဘုန်းဘုန်းတို့တောင်ပေါ်ကျောင်းကနေ(၄)မိုင်ခွဲလောက်သွားရတဲ့နေရာမှာ ယခင်ကျောက်ခေတ်လူသားတွေနေထိုင်ခဲ့တယ်လို့ယူဆရတဲ့ အမှတ်အသားအချို့ရှိတယ်။ကျောက်တုံးတွေမှာ “ဝ”တွေကိုကွင်းပြီးပုံဖော်ထားတဲ့ ရှေးခေတ်လက်ရာတွေရှိတယ်။ဘုန်းဘုန်းတို့ကတော့ “ဝ”ကိုးလုံးလို့ခေါ်တယ်။နောက်မြို့ဟောင်းထဲမှာဆိုရင်နှစ်ကျိတ်ရှစ်ဆူဂူဘုရားတွေရှိမယ်။မြို့ရိုးဟောင်းကြီးတွေရှိပါမယ်။အခုဆိုဘုန်းဘုန်းတို့တောင်ပေါ်ကျောင်းအထိကားလမ်းလည်းပေါက်ပါပြီ”လို့ ပျူဂဝံမြို့ဟောင်းဆရာတော် ဆက်လက် မိန့်ကြားပေးခဲ့ပါတယ်။ ရှေးဟောင်းသုတေသနဆိုင်ရာ မြန်မာနိုင်ငံသားသမိုင်းပညာရှင်တယောက်ဖြစ်တဲ့ ဆရာဘုန်းတင့်ကျော်ကတော့…
Read MoreMonth: October 2024
This Day in History
Voice of Myanmar လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာတင်လူသာကင်းဂျူနီယားသည် ၎င်း၏လှုပ်ရှားဆောင်ရွက်မှုများအတွက် ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
အောက်တိုဘာ ၁၄ – ၂၀၂၄SS (VOM)ဒီတပတ်မှာလည်း ပြည်တွင်းက ပြင်ပ ရွှေဈေးနှုန်းတွေဟာ အကျဘက်ကို တဖြည်းဖြည်းချင်း ဆက်သွားနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ဆက်လက် ကျဆင်းလျက်ရှိပါတယ်။စက်သုံးဆီဈေးတွေကတော့ ဒီတပတ်မှာ အတက်ဘက်ကို ပြန်ရောက်လာပါတယ်။ အလားတူ အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း တချို့သော ကုန်စည်ဈေးနှုန်းတွေက အတက်ဘက်ကို ဆက်သွားနေဆဲ ဖြစ်ပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းဒီတပတ်မှာတော့ ပြင်ပဈေးကွက်အတွင်းက အခေါက်ရွှေ ဈေးနှုန်းတွေဟာ ၆၂ သိန်းကျော်ဝန်းကျင်အထိ ကျဆင်းလာပါတယ်။ အရင်တပတ်ကတော့ ကျပ် ၆၃ – ၆၅ သိန်း ဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်စီနဲ့ အပြောင်းအလဲ ရှိနေခဲ့တာပါ။အခေါက်ရွှေဈေးဟာ မနေ့ အောက်တိုဘာ ၁၂ ရက်၊ ညနေပိုင်းမှာတော့ ကျပ် ခြောက်ဆယ့်နှစ်သိန်းခွဲဝန်းကျင်နဲ့ ဈေးကွက် ပိတ်ခဲ့ပါတယ်။ တပတ်အတွင်း အမြင့်ဆုံးဈေးကတော့ အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့…
Read Moreအမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မယ့်အစီအစဉ် ရုရှားရဲ့ကန့်ကွက်မှု ဂျပန် ပယ်ချ
မော်စကို၊ အောက်တိုဘာ-၁၂-၂၀၂၄မျိုးဆက်(VOM)အမေရိကန်နဲ့ ဂျပန်စစ်တပ်တို့ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မယ် အစီအစဉ်ကို ရုရှားက ကန့်ကွက်ပေမယ့် ဂျပန်က ပယ်ချလိုက်ပါတယ်။စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မော်စကိုရှိ ဂျပန်သံရုံးကို ရုရှားဘက်က ကန့်ကွက်ကြောင်း အသိပေးခဲ့တာဖြစ်ပြီး ဂျပန်ဘက်ကတော့ ရုရှားဟာ ဂျပန်ပိုင်နက်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်တယ်ဆိုကာ စောဒကတက်ထားပါတယ်။Keen Sword လို့အမည်ပေးထားတဲ့ အမေရိကန်-ဂျပန် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိင်ငံတဝန်းမှာ အောက်တိုဘာ ၂၃ ရက်နေ နိုဝင်ဘာ ၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒေသတွင်းနဲ့ မသက်ဆိုင်တဲ့ အမေရိကန်အပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်မှုနဲ့အတူ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်တိုးချဲ့နေတယ်လို့ ရုရှားက ပြောပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားနယ်နိမိတ်အနီးရှိ ဟော့ကိုင်းဒိုးမှာလည်း ပြုလုပ်မှာလည်း ပြုလုပ်မှာဖြစ်ပါတယ်။ ဟော့ကိုင်းဒိုးရှိ ရီဘန်ကျွန်းအနီး ဂျပန်လေပိုင်နက်ကို ရုရှားကင်းလှည့်လေယာဉ်တစင်း ဝင်ရောက်ပျံသန်းမှု ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့အပေါ် ဂျပန်နိုင်ငံက ကန့်ကွက်ခဲ့ပါသေးတယ်။ဂျပန်ပိုင်နက်ဝန်းကျင်မှာ တရုတ်နဲ့ ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း…
Read Moreစားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော် ထမင်းနပ်မမှန် ဖြစ်နေ
အောက်တိုဘာ ၁၂ – ၂၀၂၄ SS (VOM) လက်ရှိ ရခိုင်ပြည််နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး ဆန်ရှားပါးမှုကြောင့် ထမင်းနပ်မမှန် ဖြစ်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ သိမ်းပိုက် ထိန်းချုပ်ထားပေမယ့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်ကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ ဘေးလွတ်ရာနေရာတွေမှာ လက်ရှိအချိန်အထိ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဒေသခံတွေက အလုပ်အကိုင်တွေလည်း မရှိကြဘူး။ ငါးဖမ်းလုပ်ငန်းတွေကလည်း ရပ်ထားရတယ်။ သူများနေရာမှာ စစ်ဘေးရှောင်နေရတာဆိုတော့ ကြာလာတော့ စားရေးသောက်ရေး အဆင်မပြေတော့ဘူး။ အဓိက လိုအပ်နေတာကတော့ ဆန်ပေါ့။ ဆန်က မရှိသလောက် ဖြစ်နေပြီ” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက…
Read Moreအင်းလေးဒေသမှာ ခရမ်းချဉ်သီးဈေး ၁၅ ဆကျော်ထိ ရုတ်တရက်မြင့်တက်လာ
အောက်တိုဘာ ၁၂၊ ၂၀၂၄ZY(VOM)မိုးသည်းထန်ရွာစွာသွန်းပြီး ရေကြီးရေလျှံမှု၊ နေအိမ်တွေ ရေနစ်မြှုပ်မှု၊ စိုက်ခင်းတွေ ရေနစ်မြှုပ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ တလအတွင်း ခရမ်းချဉ်သီးဈေး ၁၅ဆကျော် ရုတ်တရက်ပြန်လည်မြင့်တက်လာတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ပြီး အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု၊ ရေနစ်မြှုပ်မှုဖြစ်ပွားပြီးနောက် ခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း ၂၀၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အခုလို စျေးပြန်တက်လာတာလို့ သိရပါတယ်။“ရေဘေးဖြစ်တော့ ခရမ်းချဉ်သီးတွေက ရောင်းဖို့ကို အသာထားအုံး၊ အိမ်ထဲမှာ ပုပ်ပွနေလို့ ရေထဲလွှင့်ပစ် လိုက်ရတယ်။ ရေဘေးမဖြစ်ခင်ကတည်းက ဈေးက ကျနေတာ၊ ရေဘေးဖြစ်တော့ ပိုဆိုးသွားတာပေါ့။ အခုက ခရမ်းချဉ်သီး ထွက်တာ မရှိတော့ ဈေးကရုတ်တရက်ပြန်တက်လာတာ။ ဒေသတွင်းထွက်တာ မရှိသလောက်ကို နည်းသွားပြီ။ နောက်နှစ်ပြန်စိုက်ဖို့လည်း လွယ်တော့မလွယ်ဘူး၊ ဒီနှစ်မှာ အကုန်ရှုံးထားကြတာလေ”လို့ အင်းလေးဒေသခံ မသွယ်သွယ်အိမ့်က…
Read Moreတောင်ကိုရီးယားဒရုန်းတွေ မြောက်ကိုရီးယားလေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲ
ပြုံးယမ်း၊ အောက်တိုဘာ-၁၂-၂၀၂၄ရတီ(VOM)တောင်ကိုရီးယားဒရုန်းတွေဟာ မြောက်ကိုရီးယား လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ယခုလအတွင်း တောင်ကိုရီးယားဒရုန်းတွေဟာ မြောက်ကိုရီးယားလေပိုင်နက်ထဲကို သုံးကြိမ်တိုင်ဝင်ရောက်ပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာရွက်တွေ ကြဲချခဲ့တာဖြစ်ပြီး ဒရုန်းတွေထပ်မံစေလွှတ်မယ်ဆိုရင် အရေးယူမှုတွေ ချက်ချင်းလုပ်မယ်လိုပ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။အခုလို လုပ်ဆောင်တဲ့ အခြေအနေအားလုံးကို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတော့ ဒရုန်းတွေကို စေလွှတ်ခြင်းမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ခံရရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကဆိုပါတယ်။ ဒရုန်းတွေကို တက်ကြွလှုပ်ရှားသူတွေက စေလွှတ်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေကို ဖျက်သိမ်းလိုက်ပြီး ပြည်ပနိုင်ငံတွေက မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်မှုပြုမယ်ဆိုရင် နျူကလီးယားလက်နက် အသုံးပြုတုံ့ပြန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။Ref:NHKPhoto:AP
Read MoreThis Day in History
Voice of Myanmarအမေရိကန်သမ္မတ သီအိုဒိုရုစဗဲ့သည် ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်တော်ကို အိမ်ဖြူတော်အဖြစ် ၁၉၀၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် တရားဝင်အမည်ပြောင်းလဲခဲ့သည်။
Read Moreတောင်ကြီးမှာ သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းသွက်
အောက်တိုဘာ ၁၂၊ ၂၀၂၄ZY(VOM)ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ နေရပ်ရွေ့ပြောင်းနေထိုင်လာကြသူ(စစ်ဘေးရှောင်)တွေ များပြား လာတာကြောင့် အောက်တိုဘာလ အစပိုင်းကနေ ဒီကနေ့အထိ သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းသွက်နေတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။တောင်ကြီးမြို့တွင်းမှာ အရောင်းအဝယ်မရှိသလောက် အေးစက်နေပေမယ့် ကံကြီးရပ်ကွက် တောင်ဘက်ရှိ ပန်သခွား၊ ညို့မီးစတဲ့ ဒေသတွေက ကျပ်သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းအဝယ် သွက်နေတယ်လို့ ဆိုပါတယ်။“စစ်ဘေးရှောင်လာကြတဲ့အချိန်မှာ တချို့က ပိုက်ဆံတွေကိုင်ပြီး ပြေးလာကြတဲ့သူတွေလည်း များတယ်။ မြို့တွင်းမှာ ငှားနေကြတဲ့သူတွေကော၊ ဝယ်နေကြတဲ့သူတွေကော များလာတဲ့အခါကြတော့ ဈေးတွေက တက်ကုန်ကြတယ်။ ဒီတော့ မြို့ပြင်ဖက်မှာ ခြံကို သိန်း ၃၀၀၊ ၄၀၀နဲ့ဝယ်ပြီး အိမ်ဆောက်မယ်ဆိုရင် သိန်း ၇၀၀၊ ၈၀၀လောက်ပဲကုန်တော့ ပန်သခွား၊ ညို့မီးဖက်က အဝယ်လိုက်နေတယ်။ တောင်ကြီးမှာကလည်း မြို့တောင်ဖက်ကိုပဲ ချဲ့ဖို့ရှိတော့တာဆိုတော့ အဲဒီဖက်ကိုပဲ အဝယ်လိုက်နေကြတာ”လို့ ရွှေမိုးရတီ…
Read Moreရှမ်း/မြောက် ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ မြန်မာ့နိုင်ငံရေး ဝိရောဓိများ
အောက်တိုဘာ ၁၂ – ၂ဝ၂၄ KKO(VOM) MNDAA က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းက သီပေါကို ဆက်လက်တိုက်ခိုက်နေမှုဟာ သူတို့ရဲ့ နယ်မြေချဲ့ထွင်ခြင်းနဲ့ ရှမ်းမြောက်ဒေသရဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ခွင့်ရဖို့ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ နစက က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းခံရတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ယခုနှစ်၊ဇွန်လ ၂၅ ရက်နေ့ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေး အခြေအနေတင်းမာလာခဲ့ပြီးလက်ရှိအချိန်အထိ မြို့ပြင်ဘက်နဲ့ မြို့ထဲ နေရာတချို့မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ “ဟိုတလောတုန်းက တရုတ်က “ဝ”ပြည်ဘက်ကိုပေးပို့ထားတဲ့စာက လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားလာတာရှိတယ်။အဲဒီကိစ္စနဲ့ပတ် သက်ပြီး သီပေါကို MNDAA က ဆက်တိုက်နေတဲ့သဘောရှိတယ်။ ရှမ်းမြောက်ကိစ္စမှာ တရုတ်က နစကဘက်လိုက်တယ်၊ ဘက်လိုက်တယ်ဆိုပြီး ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်…
Read More