တီဟီရန်၊ ဇူလိုင်-၉-၂၀၂၄ မျိုးဆက်(VOM) ရုရှားနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေအပေါ် အီရန်ရဲ့ထောက်ခံမှုဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ မပြောင်းလဲဘူးလို့ အီရန်ရွေးကောက်ခံသမ္မတ မာဆွတ်ပီဇက်ရှ်ကီယန် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်ကို အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ တောင်းဆိုတိုက်တွန်းလေ့ရှိတဲ့ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ ပီဇက်ရှ်ကီယန်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အီရန်နိုင်ငံပိုင် သတင်းဌာနရဲ့အဆိုအရ ပီဇက်ရှ်ကီယန်ဟာ ရုရှားသမ္မတပူတင်နဲ့ မနေ့က တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပြီး ဂုဏ်ပြုသဝဏ်လွှာအတွက် ကျေးဇူးတင်ကြောင်းနဲ့ အီရန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ဆန္ဒရှိကြောင်း အီရန်ရွေးကောက်ခံသမ္မတက ပြောပါတယ်။ အီရန်ဟာ နျူကလီးယားအစီအစဉ်အပါအဝင် အခြားသောကိစ္စရပ်တွေမှာ အနောက်နိုင်ငံတွေနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ရှေးရိုးစွဲသမ္မတ ရိုင်ဆီလက်ထက်မှာတော့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ သဘောထားကွဲလွဲနေတဲ့ ရုရှားနဲ့ ဆက်ဆံရေးပိုမို နီးကပ်ခဲ့ပါတယ်။ သူအနေနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို ဆက်လက်ကူညီဖို့ ရည်ရွယ်ချက်ရှိနေပါတယ်။ သမ္မတသစ်အနေနဲ့ သမ္မတဟောင်းရဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေးမူဝါဒတွေကို ဆက်လက်ကျင့်သုံးဖို့နဲ့ အနောက်နိုင်ငံတွေနဲ့…
Read MoreYear: 2024
တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်
ဇူလိုင် ၉ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံက အစိုးရရုံးပိတ်ရက်နေ့တွေထဲမှာ တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်လိုက်တယ်လို့ နစက က မနေ့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။ တရုတ်နှစ်သစ်ကူးနေ့ကို အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးရေး ပိုခိုင်မာချင်တဲ့အတွက် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုသတ်မှတ်ဖို့အတွက် နစက ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာရှန်ဟိုင်းတို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဆွေးနွေးတိုင်ပင်ခဲ့ကြတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။ “အခုလို တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာပေးချိန်နဲ့ နစကရဲ့ တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို တရုတ်နယ်စပ်အခြေစိုက် ကိုးကန့်တပ် (MNDAA) က တိုက်ပွဲဖြစ်နေချိန်နဲ့လည်း…
Read Moreဂျပန်နိုင်ငံ နေရာအနှံ့အပြားမှာ အပူလှိုင်းဖြတ်နေပြီး တိုကျိုမှာ လူခြောက်ယောက်သေ
တိုကျို၊ ဇူလိုင်-၉-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံ နေရာအနှံ့အပြားမှာ အပူလှိုင်းဖြတ်နေပြီး တိုကျိုမှာ ရှားပါတဲ့ မိုးရာသီအပူလှိုင်းကြောင့် လူခြောက်ယောက်သေဆုံးခဲ့ပြီး အာဏာပိုင်တွေက အပူဒဏ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ယခုသီတင်းပတ်ကုန်ပိုင်းမှာ ရှီဇူအိုကာဒေသဟာ ယခုနှစ်အတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ မိုးလယ်ကာလမှဖြစ်ပွားတဲ့ ဒီအပူလှိုင်းဟာ ရှားရှားပါးပါဖြစ်ပြီး တောင်ပစိဖိတ်ဒေသရဲ့ အခြေအနေကြောင့်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုကျိုနဲ့ တောင်ပိုင်း ဝါကာယာမာဒေသမှာ မနေ့က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း နိုင်ငံရဲ့ဒေသအတော်များများမှာ အပူဒဏ်ကာကွယ်ရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ပြင်ပသွားလာတာတွေရှောင်ကျဉ်ဖို့နဲ့ လေအေးပေးစက်တွေ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ မြို့တော်တိုကျိုမှာ စနေနေ့မွန်းလွဲပိုင်းက အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ပူပြင်းခဲ့ပြီး အပူချိန်ကြောင့် လူသုံးယောက်သေဆုံးခဲ့ကာ တနင်္လာနေ့မှာတော့ နောက်ထပ် သုံးယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဂျပန်နိုင်ငံမှာ…
Read Moreလားရှိုးမြို့ကနေ စစ်ရှောင် သွားတဲ့ ကားတွေ ထောင်ချီ မြို့အထွက်လမ်းမှာ ပိတ်မိနေ
ဇူလိုင် ၈၊ ၂၀၂၄ လားရှိုးမြို့ကနေ စစ်ရှောင် ထွက်သွားဖို့ တန်းစီနေတဲ့ ကားတွေ လက်ရှိ ထောင်ချီ မြို့အထွက်မှာ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနက် အစောကြီး ကတည်းက တန်းစီနေတာ အခုမှ နားမခေါ် ကားကွင်းနားပဲ ရောက်သေးတယ်။ တလှိမ့်ချင်း လှိမ်နေရတာ။ ဒီညတောင် မယ်ဟန်ကနေ ထွက်ရပါ့ မလား မသိဘူး။” လို့ တနစီနေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။ တိုက်ပွဲက လားရှိုး မြို့စွန်ဘက်မှာပဲ ပြင်းထန်နေတာ ဖြစ်ပေမယ့် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နားမခံန်ုင်သလို အိပ်ရေးပျက် ကျန်းမာရေးကါ ထိခိုက်လာတာကြောင့် မြို့ကနေ ရှောင်ထွက် လာခဲ့တယ်လို့ သူက ပြောပါတယ်။ မြို့ထဲမှာလည်း လက်နက်ကြီး ကျည်တွေကျပြီး ပြည်သူတွေ ထိခိုက်မှု၊ နေအိမ်တွေ ပျက်စီးမှု နေ့တိုင်း ဖြစ်နေပြီး ထိခိုက်မှု…
Read Moreမင်္ဂလာဆောင်ကကျွေးတဲ့ ဒံပေါက်နဲ့သရက်သီးချဥ်စားပြီး လူ၁၃ယောက်အစာအဆိပ်သင့်
ဇူလိုင် ၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်က ကျောက်ရေတွင်းရွာမှာ ဒီနေ့ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ကလေးအပါအဝင် လူ ၁၃ ယောက်အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ကျောက်ရေတွင်းရွာ မင်္ဂလာဆောင်မှာ ဧည့်ခံကျွေးမွေးတဲ့ ကြက်သားဒံပေါက် နဲ့သရက်သီးချဥ်ကို စားပြီးနောက် မူးဝေ အော့အန်ကာအစာအဆိပ်သင့်ခဲ့တာဖြစ်လို့ ဘီးလင်းဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ၁၃ ယောက်အစာအဆိပ်သင့်တာမှာ.ကလေးတွေလည်းပါတယ်။ လူအများထဲမှာမှသူတို့ပဲ ဖြစ်တာဆိုတော့ ဘယ်လိုဓာတ်မတည့်လို့ဖြစ်သလဲသေချာမသိဘူး။အကုန်လုံးတော့ဆေးရုံရောက်နေပြီ။ဒံပေါက်နဲ့သရက်ချဥ်ကတော့ လူတိုင်းဝယ်စားနေကြအစားအစာပါပဲ။” ဘီးလင်းမြို့အခြေစိုက် လူမှုကူညီရေး အဖွဲ့ဝင်တယောက်ကပြောပါတယ်။ အစာအဆိပ်သင့်သူတွေ ထဲမှာ အခြေအနေစိုးရိမ်ရတဲ့လက္ခဏာမျိုးတော့မရှိကြောင်း ၊ဝေဒနါသက်သာလို့ ဆေးရုံကဆင်းရမယ့်သူတွေလည်းရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မေလတုန်းကလည်း ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဘဲဥငံပြာရည်ချက်နဲ့ထမင်းဗူးကိုစားပြီး ကလေးအပါအဝင် လူ ၄၅ ယောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့လို့ဆေးရုံတက်ကုသမှုခံခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း ပဲ ခူးမြို့နယ်ထဿ ပရဟိတ…
Read Moreဘင်္ဂလားဒေ့ရှ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမြင့်မှုတွေကြောင့် လူနှစ်သန်းကျော် ရေဘေးသင့်
ဒါကာ၊ ဇူလိုင်-၈-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ရှစ်ယောက်ထိ မြင့်တက်လာပြီး မြစ်တွေရေကြီးမှုကြောင့်လည်း လူနှစ်သန်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဘေးလွတ်ရာရှောင်တိမ်းရင်း ရေနစ်သေဆုံးသူတွေနဲ့ ဓါတ်လိုက်သေသူတွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးစခန်းရာချီဖွင့်လှစ်ထားပြီး နိုင်ငံမြောက်ပိုင်း ရေဘေးဆိုးရွားစွာသင့်ခဲ့တဲ့နေရာတွေကို စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးတွေ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် လူနှစ်သန်းထိခိုက်ခဲ့ပါတယ်။ နိုင်ငံရဲ့ ခရိုင် ၆၄ ခုမှာ ၁၇ ခုက ရေဘေးသင့်ခဲ့ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေး စီမံခန့်ခွဲမှုဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ ကူရီဂရမ် ခရိုင်မှာတော့ နယ်မြို့ကိုးမြို့အနက် ရှစ်မြို့ ရေမြုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသမှာရှိတဲ့ နေအိမ် ၈၀ ရာခိုင်နှုန်း ရေနစ်မြုပ်ခဲ့တယ်လို့ သူကပြောပါတယ်။ လူဦးရေ သန်း ၁၇၀…
Read Moreအလည်အပတ်ဗီဇာ PV နဲ့ပြည်ပထွက် အလုပ်လုပ်တာကို ထိန်းချုပ်ဖို့ စီစဉ်နေ
ဇူလိုင် ၈ – ၂၀၂၄ GG (VOM) အလည်အပတ် နိုင်ငံကူးလက်မှတ် Passport for Job ( PV) နဲ့ ပြည်ပနိုင်ငံတွေကိုသွားရောက်ပြီးအလုပ်လုပ်တာတွေကို ထိန်းချုပ်ဖို့စီစဥ်သွားမယ့်အကြောင်း အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်တယ်လို့သိရပါတယ်။ ” တချို့က PJ မလုပ်တော့ဘူး။ပတ်စပို့မှာလည်းအခက်အခဲရှိတော့ PV နဲ့ပဲသွားကြတယ်။Visit သွားရင်ကျချက်ခြင်းထွက်သွားနိုင်တဲ့အခြေအနေရှိတယ်။စင်ကာပူတို့ ဂျပန်တို့အဓိကပေါ့။တချို့လည်းထိုင်း၊မလေးရှားသွားကြတယ်။အပြင်ထွက်တာချင်းအတူတူ Visit နဲ့သွားတာကပိုများသွားတော့ အဲဒါကိုထိန်းချုပ်မယ်လို့ပြောတာဖြစ်ပါတယ်။ ” လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF )က တာဝန်ရှိသူတယောက်က ပြောပါတယ်။ PV ကိုင်ပြီး အလုပ်လုပ်တာတွေ ကိုထိန်းချုပ်ဖို့နဲ့ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့မှာပြု လုပ်ခဲ့တဲ့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကပြောခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် အသက် ၂၃ မှ ၃၁ အရွယ်အမျိုးသားတွေကို အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားတာကြောင့်…
Read Moreတောင်ကိုရီးယားမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားတွေရဲ့ သုံးရက်ကြာသပိတ် စတင်
ဆိုးလ်၊ ဇူလိုင်-၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ် လုပ်ငန်းစုက လုပ်သားတွေဟာ လုပ်ခလစာနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင့်အခြေအနေဖြစ်ရေးနဲ့ ပတ်သက်ပြီး သုံးရက်ကြာ သပိတ်ကို ဒီနေ့ ဇူလိုင် ၈ ရက်မှာ စတင်လိုက်ပါတယ်။ ဆမ်ဆောင်းအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် နောက်ထပ် ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ သမဂ္ဂဝင်အလုပ်သမားတွေအတွက် နှစ်စဉ်ခွင့်ပိုပေးတာနဲ့ ဆုကြေးပေးတာမျိုး ပြောင်းလဲလိုနေပါတယ်။ ဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားသမဂ္ဂဟာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး တောင်ကိုရီးယားရှိ ဆမ်ဆောင်းလုပ်ငန်းစုအင်အားရဲ့ လေးပုံတပုံနီးပါးရှိပါတယ်။ ဒါပေမယ့်လည်း သပိတ်မှောက်မှုမှာ ပါဝင်မှုနည်းပါးတာနဲ့ စက်ရုံတွေမှာ အလိုအလျာက်ထုတ်လုပ်တဲ့စနစ်တွေကြောင့် အလုပ်သမားတွေရဲ့ သပိတ်ဟာ ကမ္ဘာ့အကြီးဆုံး ချစ်ပ်တွေထုတ်လုပ်တဲ့ ဆမ်ဆောင်းလုပ်ငန်းစုအတွက် များစွာ သက်ရောက်နိုင်ခြေမရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း နှစ်စဉ်နားရက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ဝန်ထမ်းအများအပြား နုတ်ထွက်ခဲ့ပြီး ဒီကိစ္စကြောင့်…
Read Moreအင်ဒိုးနီးရှား ဆူလာဝေစီကျွန်းမှာ တရားမဝင်ရွှေတွင်းပြိုကျမှု ၁၂ ယောက်သေပြီး ၁၈ ယောက်ပျောက်နေ
ဂျကာတာ၊ ဇူလိုင်-၈-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တရားမဝင်ရွှေတွင်းတခု ပြိုကျလို့ လူ ၁၂ ယောက်သေဆုံးပြီး ၁၈ ယောက်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမြေပြိုမှုဟာ ဂေါ်ရွန်တာရိုပြည်နယ် ဆူဝါဝါခရိုင်မှာ မနေ့ကမနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားမဝင်ရွှေတွင်းအနီး နေထိုင်သူတွေနဲ့ဒေသခံတွေ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အသက်ရှင်သူငါးယောက်ကိုတော့ ကယ်တင်ပြီး ဆေးရုံပို့ထားကာ ပျောက်ဆုံးနေသူ ၁၈ ယောက်ကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အမျိုးသားကယ်ဆယ်ရေးအဖွဲ့ ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးသမား ၁၆၄ ယောက်ကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိဖို့အတွက် ကီလိုမီတာ ၂၀ လမ်းလျှောက်ရမယ်ဆို တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုကြောင့် လူနေအိမ်အများအပြားနဲ့တံတားတစင်းလည်း ပျက်စီးခဲ့ပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်မှာလည်း…
Read Moreကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေမြင့်တက်မှု နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေ
ဇူလိုင် ၈ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုဟာ နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် (၁၀၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ “နှစ် ၃၀ အတွင်း အဆိုးဆုံး။ ကျွန်တော်တို့ အိမ်ခေါင်ပေါ် တက်နေရတယ်။ ဘာအကူညီမှမလွယ်သေးဘူး။ ရေဆက်တက်ရင် အခြေအနေပိုဆိုးမယ်” လို့ ကလေးဝမြို့မှ ဒေသခံတယောက်က ပြောပါတယ်။ မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့…
Read More