လားရှိုးမြို့ကနေ စစ်ရှောင် သွားတဲ့ ကား‌တွေ ထောင်ချီ မြို့အထွက်လမ်းမှာ ပိတ်မိနေ

ဇူလိုင် ၈၊ ၂၀၂၄

လားရှိုးမြို့ကနေ စစ်ရှောင် ထွက်သွားဖို့ တန်းစီနေတဲ့ ကား‌တွေ လက်ရှိ ထောင်ချီ မြို့အထွက်မှာ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနက် အစောကြီး ကတည်းက တန်းစီနေတာ အခုမှ နားမခေါ် ကားကွင်းနားပဲ ရောက်သေးတယ်။ တလှိမ့်ချင်း လှိမ်နေရတာ။ ဒီညတောင် မယ်ဟန်ကနေ ထွက်ရပါ့ မလား မသိဘူး။” လို့ တနစီနေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။

တိုက်ပွဲက လားရှိုး မြို့စွန်ဘက်မှာပဲ ပြင်းထန်နေတာ ဖြစ်ပေမယ့်  လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နားမခံန်ုင်သလို အိပ်ရေးပျက် ကျန်းမာရေးကါ ထိခိုက်လာတာကြောင့် မြို့ကနေ ရှောင်ထွက် လာခဲ့တယ်လို့ သူက ပြောပါတယ်။

မြို့ထဲမှာလည်း လက်နက်ကြီး ကျည်တွေကျပြီး ပြည်သူတွေ ထိခိုက်မှု၊ နေအိမ်တွေ ပျက်စီးမှု နေ့တိုင်း ဖြစ်နေပြီး ထိခိုက်မှု ကြုံနေသူတွေ တချို့လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် အကူအညီရဖို့ ခက်ခဲနေကြရတယ်လို့ ဆိုပါတယ်။

“မြို့ထဲ ‌ကျည်လွတ်တဲ့ နေရာ ရှောင်ရင်တော့ မဖြစ်မ‌ေနဆိုရင်‌ေတာ့ ရတော့ရတယ်။ ဒါပေမယ် လူ အရမ်းများလွန်း၊ ကြပ်လွန်းတယ်။ စီမံခန့်ခွဲတဲ့ သူတွေလည်း အခက်ဖြစ်ကြတယ်။ ကြာလာရင် စားဖို့ သောက်ဖို့ပါ ခက်ခဲ လာမှာ” လို့ သူက ပြောပါတယ်။

မြို့တွင်းရပ်ကွက်ထဲ နေအိမ် တချို့မှာလည်း နစက တပ်ဖွဲ့တွေ နေရာယူထားလို့ တဖက်က အဖွဲ့ လက်နက်ကြီး လှမ်းပစ်ရင် ထိခိုက်မှု ဖြစ်လာအှာလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

လက်ရှိအထိ လားရှိုး ရပ်ကွက် ၅ ရဲ့ အပေါ် ၅၀၇ တပ်စခန်းဘက် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ယမန်နေ့ည ၇ နာရီခန့်မှာ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် နေရာယူနိုင်ခဲ့ပေမယ့် နစက   ပြင်းပြင်းထန်ထန် ပြန်လည် ပစ်ခဲ့တာကြောင့် လက်ရှိမှာတော့ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဆုတ်ခွာထားပြီး နစက တပ်ဖွဲ့တွေ ပြန်လည် နေရာယူထားကြောင်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် လက်နက်ကြီးကျည်တွေ ရပ်ကွက် ၅ နဲ့ တချို့ရပ်ကွက်ထဲလည်း ကျရောက်ကေါက်ကွဲပြီး နေအိမ်တွေ မီးလောင်တာ ရှိသလို ထိခိုက်ပျက်စီးတဲ့အိမ်တွေ၊ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေ အပြင် သေဆုံးသူတွေပါ ရှိပေမယ့် ဖုန်း အဆက်အသွယ် အခက်အခဲနဲ့ သွားလာဖို့ ခက်ခဲတာကြောင့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်း မှာလည်း လားရှိုးကနေ မန္တလေးဘက် အထွက် နောင်မွန်မှာ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်ခြေ ရှိတာကြောင့် မြို့ထဲက ထွက်ခွာနိုင်ဖို့ ဒေသခံပြည်သူတွေက နေ့တိုင်း မြို့ အထွက်မှာ ဘေးကင်းရာရောက်ဖို့ စီတန်းစောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုးမြို့ အနီး ပတ်ပတ်လည် မှာ MNDAA နဲ့ ပူးပေါင်းမဟာမိန် တပ်ဖွဲ့တွေက မျက်မျက်နှာ ၄ ခုခန့် ဖွင့်ပြီး လားရှိုးမြို့ကို ဦးတည် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံ
#voiceofmyanmar#VOM#လားရှိုးမြို့ကနေ စစ်ရှောင် ထွက်သွားဖို့ တန်းစီနေတဲ့ ကား‌တွေ ထောင်ချီ မြို့အထွက်လမ်းမှာ ပိတ်မိနေ#

Related posts

Leave a Comment

VOM News

FREE
VIEW