ဇန်နဝါရီ ၂ – ၂၀၂၅
SN (VOM)
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ရဲဝန်ထမ်းတယောက်က ဇနီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ပစ်ခတ်မှုဖြစ်ခဲ့တာ မှန်ပါတယ်။ ကိုယ်တွေလည်း ဒီမနက်ကမှ သိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာပြဿနာကြောင့်ရယ်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ သာဝတ္ထိက ဆရာမရဲ့ အမေအိမ်မှာ အခင်းဖြစ်တာ။ ပစ်ခတ်မှုဖြစ်တော့ သေသွားတဲ့ ဆရာမရဲ့ညီမလေးကိုတောင် သေနတ်ရှပ်ထိသွားတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ ရဲဝန်ထမ်းဟာ အေလာမှာ တာဝန်ကျနေသူဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကျောင်းဆရာမတယောက် ဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်ကလည်း နေပြည်တော်မှာ ဆရာဝန် ဒုဗိုလ်မှူးကြီးတယောက်က ဇနီးဖြစ်သူကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...