ဇန်နဝါရီ ၁၂ – ၂၀၂၅ GG (VOM) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာမှာ မနေ့ကစပြီး ဒီနေ့ဇန်နဝါရီ ၁၂ ရက်မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ ရပ်သွားပြီး တိုက်ပွဲဖြစ်ပွားမှုမရှ်ဘဲ ပစ်ခတ်သံတွေငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မကျီးဇင်မှာမနေ့ကရော ဒီနေ့ရောတိုက်ပွဲဖြစ်တာမရှိပါဘူး။ မကျီးဇင်မှာ လက်နက်ကြီးသံမကြားရတော့ဘူး။အပစ်ခတ်ရပ်နေတယ်။တဖက်အဖွဲ့တွေလည်းပြန်ဆုတ်သွားပြီလို့မြေပြင်ရှိတဲ့သူတွေဆီက သိရတယ်။ ” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမကျီးဇင်ရွာဘက်မှာ ပစ်ခတ်မှုငြိမ်နေပေမယ့် အရင်ရက်တွေတုန်းက မကျီးဇင်ရွာမှာ AAနဲ့နစကတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အခြေအနေ ကြောင့် မကျီးဇင်ရွာ ဒေသခံတွေ အရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးရှိ ဘောမိ၊မီးလောင်ချိုင်မှပြည်သူတွေလည်း ကြိုတင်ပြီးစစ်ဘေးရှောင်ကြရ တယ်လို့သိရပါတယ်။ မကျီးဇင်ဘက်မှာ နယ်မြေအေးချမ်းမှုမရှိဘဲ စစ်ရှောင်လာသူတွေရှိပေမယ့် ရွှေသောင်ယံအပါအဝင် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ဝက်သေ ၊သဖော့ကန်၊ သဲကျင်း ၊ပိုးလောင်း ၊ကျွန်းချောင်း၊မာ့သာ၊ မီးလောင်ချိုင်၊တောင်နီမော် ၊ဘောမိတလျောက် မှာတော့ အခြေအနေအေးဆေးငြိမ်သက်ပြီးပုံမှန်အတိုင်းသွားလာမှုရှိနေတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” မကျီးဇင်…
Read MoreDay: January 12, 2025
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ မြောက်ကိုရီးယား စစ်သားနှစ်ယောက်ကို ဆေးဝါးကုသမှုတွေပေးပြီးနောက် ကိဗ်ယက်ရှိ ယူကရိန်းထောက်လှမ်းရေးက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကို ဖမ်းမိရာမှာ ပါဝင်တဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးရဲ့ပါ့ဝင်ပတ်သက်နေတဲ့ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့အတွက် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားတွေကို ရုရှားက ကွပ်မျက်ပစ်လေ့ရှိပြီး သူတို့ကို လက်ရဖမ်းမိဖို့ မလွယ်ဘူးလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒဏ်ရာရမြောက်ကိုရီးယားစစ်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းတွေအတိုင်း နိုင်ငံတကာဥပဒေစည်းမျဉ်တွေအတိုင်း ထိန်းသိမ်းထားတယ်လို့ ယူကရိန်းထောက်လှမ်းရေးက ပြောပါတယ်။သူတို့ဟာ အင်္ဂလိပ်၊ ယူကရိန်း၊ ရုရှားစကားမပြောတတ်တာကြောင့် တောင်ကိုရီးယားထောက်လှမ်းရေးနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဘာတွေဖြစ်နေလည်းဆိုတာ ကမ္ဘာကြီးကသဖို့လိုအပ်တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဖမ်းမိတဲ့စစ်သားတွေရဲ့ ပုံကိုလည်း ဇီလန်စကီးက သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပြီး သူတို့တွေဟာ…
Read Moreကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။စစ်တွေ၊ မြစ်ကြီးနား၊ ကော့သောင်း၊ ကလေး၊ ခန္တီး စတဲ့ ဒေသတွေမှာ ဒေသတွင်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေကြောင့် ကုန်းလမ်းခရီး သွားလာရ ခက်ခဲနေတဲ့အတွက် လေကြောင်းကသာ အဓိကထား သွားလာနေရတဲ့အတွက် အခု ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ လေယာဉ်လက်ခ ဈေးနှုန်းတွေဟာ ထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။“လေယာဉ်လက်မှတ် ဈေးနှုန်းတွေက ခုနောက်ပိုင်း တောက်လျှောက်ကို တက်နေတယ်ပြောရမယ်။ ဖြေးဖြေးတက်တာနဲ့ မြန်မြန်တက်တာပဲရှိတာ။ ဈေးနှုန်းအပြောင်းအလဲလည်း အရမ်းမြန်တယ်။ ရန်ကုန် – စစ်တွေ လေယာဉ်လက်မှတ်ခဆို အရင်နှစ်က ကျပ် တသိန်းခြောက်သောင်းပေါ့။ အဲဒီကနေမှ အဆင့်ဆင့် ဈေးတက်လာတာ။ လွန်ခဲ့တဲ့…
Read More