ဇန်နဝါရီ ၁၆-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင တရက်ကို ကလေငယ် နှစ်ဦးထက်မနည်း သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ ၂၀၂၄ခုနှစ်အတွင်း ကလေးငယ်တွေ တိုက်ပွဲကြောင့်ကြုံတွေ့ရတဲ့အခြေအနေကို စုစည်းထားတဲ့အစီရင်ခံစာကို Unicef myanmar ကထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်းမြန်မာနိုင်ငံမှာ တိုက်ပွဲ တွေနဲ့ ကျယ်ပြန့်လာတဲ့ပဋိပက္ခတွေကြောင့်ကလေးပေါင်း ၆သန်းခန့်ဟာ ဆိုးရွားတဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများနဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင် ၃.၅ သန်းနီးပါး မှာ၃၃ ရာခိုင်နှုန်းကျော်က ကလေးများဖြစ်သလို ၂၀၂၄ ခုနှစ်အတွင်း အရှိန်အဟုန်မြင့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ရာ တရက်ကိုကလေးနှစ်ယောက်နှုန်းထက်ပိုကာသေဆုံးဒဏ်ရာရမှုရှိနေတာလို့ ယူနီဆက်ဖ် ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်အရပ်သားအများစုနေထိုင်ရာဒေသများမှာ မြေမြှုပ်မိုင်း တွေအသုံးပြုတာ၊လ ေကြောင်းတိုက်ခိုက်မှုများနဲ့အခြားသေဆုံးစေနိုင်တဲ့ လက်နက်များကို တိုးမြှင့်အသုံးပြုလာခြင်းက ကလေးများအတွက် လုံခြုံရာနေရာတွေ နည်းပါးလာစေတယ်လို့ ဆိုပါတယ်။ ” တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ကလေးတွေသေဆုံးရတာတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့စက်တင်ဘာလတွေမှာ…
Read MoreDay: January 16, 2025
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲ အဆုံးသတ်လေပြီ
ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ၁၅ လကြာဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကာတာ စေ့စပ်ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။ ဒီသဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုထားပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်သက်ဝင်မယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ဂါဇာမှာ တိုက်ပွဲတွေ အဆုံးသတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးကာ ဓါးစာခံတွေကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ပေါင်းနိုင်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ သဘောတူညီချက်ရဲ့ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို လုပ်ဆောင်နေဆဲဖြစ်ပေမယ့် သဘောတူညီချက်ရရှိမှုအတွက် ဂျိုးဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ပထမခြောက်ပတ်မစတင်မီ ဟားမတ်စ်တို့ဟာ အမျိုးသမီး၊ ကလေးငယ်နဲ့သက်ကြီးရွယ်အိုအပါအဝင် ဓါးစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးပြီး အစ္စရေးကလည်း အကျဉ်းထောင်တွေမှာ ထိန်းသိန်းထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့…
Read Moreသတိပြုရမယ့် ငလျင်ဘေးအန္တရာယ်
SN (VOM) ငလျင်လှုပ်ခတ်ခြင်းဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက်ရှိ မြေထုတွေ ရုတ်တရက်ကျိုးပြတ် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ လူနေမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ငလျင်ဘေးအန္တရာယ်ကို အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဘူမိဗေဒ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အတိတ်ကာလကလည်း အင်အားပြင်းငလျင်ကြီးတွေ လှုပ်ရှားခဲ့ခြင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်ခြင်းတွေ တွေ့ကြုံ ခံစားခဲ့ရပါတယ်။ မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ မြေပြိုခြင်း၊ ဆူနာမီလှိုင်းကြီးတွေ ရိုက်ခတ်ခြင်း စတဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို နောက်ဆက်တွဲ အန္တရာယ်တွေကြောင့် အပျက်အစီး၊ အသေအပျောက်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အဓိက ငလျင်ရပ်ဝန်း နှစ်ခု ရှိပါတယ်။ ပထမတခုက ပစိဖိတ် ကမ်းရိုးတန်းတလျောက် အနားပတ်ထားတဲ့ ရပ်ဝန်းဖြစ်ပါတယ်။ “ပစိဖိတ်မီးကွင်း” (Pasific Ring of Fire) လို့လည်း ဆိုကြပါတယ်။ နောက်တခုကတော့…
Read More