ဇန်နဝါရီ ၁၈ – ၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်မိတ်အစပ်၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံ၊ ဘောမိရွာအထက် ချောင်းဖျားဘက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်စစ်ရှောင်ရသူတွေအများအပြားရှိလာပြီး စစ်ရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး AA နဲ့နစကတပ်တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို နစကဘက်မှ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် ဘောမိ ၊ ချိုင်လယ်(မကျီးဇင်) ၊တောင်နီမော် ၊မီးလောင်ချိုင်၊ကျွန်းချောင်းဖက်မှ ဒေသခံပြည်သူအများအပြား ရွှေသောင်ယံကို စစ်ဘေးရှောင်လာတဲ့အတွက် ဆန် ၊ဆီ တွေအရေးပေါ်အကူအညီလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။
” ၁၆ ရက်နေ့ညနက်ပိုင်းကစပြီးဘောမိအထက် ချောင်းဖျားဘက်နားကလက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။တညလုံး တိတ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ည ၁ နာရီကစပြီး
စိန်ပြောင်းကြီးသံတွေ၊အမြောက်ကျည်ပေါက်ကွဲသံတွေပါကြားရတယ်။မနေ့က မနက်ကျတပ်က လေယာဥ်တွေနဲ့ဗုံးကြဲတယ်။နေ့ခင်းလောက်ကျတော့အသံတွေငြိမ်သွားတယ်။တိုက်ပွဲကြောင့် သပေါ့ကန်၊ သဲကုန်း၊အုန်းချောင်းနဲ့ရွှေသောင်ယံရပ်ကွက်တွေကိုစစ်ဘေးရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်လာလို့ ဆန်အရေးတကြီး လိုအပ်နေပါတယ်။ ” လို့ ရွှေသောင်ယံဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ ဘောမိအောက်ဘက် ရွှေသောင်ယံကမ်းခြေတလျောက်ရှိ ဝက်သေ ၊တပင်မော် ၊သပေါ့ကန်ဘက်မှာဆိုရင် နစကမှ ကြည်း ၊ရေ ၊လေ တပ်တွေကို ပူးပေါင်း ခံစစ်
အခိုင်အမာ ပြင်ဆင်ထားတယ်လို့သိရပါတယ်။
” တကယ်လို့ ဘောမိထိတိုက်ပွဲရောက်လာရင်ရွှေသောင်ယံဘက်ကိုဆင်းလာနိုင်သလိုအရှေ့ဘက်သာပေါင်းကိုလည်း သွားနိုင်တယ်။ဘောမိအောက်ဘက်မှာတိုက်ပွဲဖြစ်ရင်တော့တိုက်ပွဲတော်တော် ပြင်းထန်နိုင်ပါတယ်။ဒါပေမယ့်ခုထိကတော့ ဘောမိအထက်ချောင်းဖျားမှာပဲဖြစ်နေသေးတယ်။”လို့ ဒေသခံကပြောပါတယ်။
တကယ်လို့ ဘောမိအောက်ဘက်မှာသာ တိုက်ပွဲဖြစ်ပွားလာရင်တော့ သဲကျင်း၊ ပိုးလောင်း ၊ကျွန်းချောင်း၊ ဝက်သေ ၊သပေါ့ကန်၊ သဲကုန်း ၊အုန်းချောင်းတဝိုက်မှာ လက်နက်ကြီးတကမ်းစာသာရှိတာကြောင့် ဒေသခံပြည်သူတွေကစစ်ရှောင်ဖို့ကြိုတင်ပြင်ဆင်ထားကြတယ်လို့သိရပါတယ်။
ရွှေသောင်ယံမြို့ မကျီးဇင်ရွာမှာပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက် နဲ့၁၀ ရက်လောက်က AA နဲ့နစကတက်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်ကစပြီး တိုက်ပွဲတွေရပ်သွားကာ ခုရက်ပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။
AAနဲ့နစက တပ်တွေအကြား ဂွမြို့နယ်အစပ်ရှိကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားရာကနေ ဧရာဝတီ တိုင်း ပုသိမ်မြို့နယ်၊ မကျီးဇင်ရွာအထိ တိုက်ပွဲကူးစက်လာခဲ့တာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ချောင်းဖျားနဲ့ ရွှေသောင်ယံက ခရီးစဥ်မဝေးတော့သလို ရွှေသောင်ယံကနေပြီး ဆက်သွားမယ်ပါက ချောင်းသားကမ်းခြေ၊ငွေဆောင်ကမ်းခြေ ခရီးမဝေးတော့တာကြောင့် ဒေသခံတွေကတိုက်ပွဲကူးစက်လာမှာကိုစိုးရိမ်နေကြပါတယ်။
Photo _ CJ