ရုပ်ရှင် ၊ဂီတ၊ သရုပ်ဆောင်၊ ဒါရိုက်တာ ရွှေခြံသန်းမြင့်ကွယ်လွန်

ဇန်နဝါရီ ၂၀ – ၂၀၂၅
GG (VOM)
ရုပ်ရှင် ၊ဂီတ၊သရုပ်ဆောင်ဒါရိုက်တာ ရွှေခြံသန်းမြင့် ဒီနေ့ဇန်နဝါရီ၂၀ ရက်နေ့မနက် ၅ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။
ရွှေခြံသန်းမြင့်က တော်လှန်ရေးဇာတ်ကားတွေမှာ သူကြီးအဖြစ်အများဆုံးသရုပ်ဆောင်ခဲ့ပြီး ဘုန်းကြီးဇာတ်ရုပ်ကိုလည်းသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
” မနက်ပိုင်းကလူကြီးရောဂါနဲ့ပဲ ဆုံးသွားပြီလို့သိရပါတယ်။သန်ဘက်ခါသဂြိုလ်မယ်။ကိုဗစ်တွေဒီမှာ စဖြစ်ကတည်းက ရူပ်ရှင်တွေလည်းသိပ်မရိုက်ကြတော့ဘူးလေ။ အဘခြံလည်းအဲဒီထဲက ဇာတ်ကားတွေ သိပ်မရိုက်တော့ဘူး။ရန်ကုန်လောက်ပဲသူရိုက်တယ်။အနုပညာလောကအတွက်တော့ ဆုံးရှုံးမှုပါ။ဒါပေမယ့်လည်းသေခြင်းတရားက ဘယ်သူမှရှောင်လို့မရတာ။ကျွန်တော်တို့လည်း ရှောင်လွှဲမရဘူးလေ။” လို့ အနုပညာရှင်တယောက်က ပြောပါတယ်။
ရွှေခြံသန်းမြင့်က သေဆုံးချိန်မှာအသက် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်။ နာရေးစျာပနအခမ်းအနားကိုတော့ ဇန်နဝါရီ၂၂ ရက်နေ့ ကျီစုသုဿန်မှာမီးသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ရွှေခြံသန်းမြင့်ဟာ အိမ်ထောင်ကျပြီးနောက် အသက်၄၂ နှစ်ရောက်မှ အနုပညာလောကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အနုပညာလောကကိုစတင်ဝင်ရောက်ချိန်မှာ အသံကက်ဆက်ဇာတ်လမ်းတွေမှာ အသံသွင်းခဲ့ပြီးမှ သရုပ်ဆောင်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရွှေခြံသန်းမြင့်ဟာ အသံကက်ဆက်ဇာတ်လမ်းပေါင်း၁၂၀၀ ကျော် အသံသွင်းခဲ့ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း ၇၀၀ ကျော်ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။
Photo – ရွှေခြံသန်းမြင့်

Related posts

Leave a Comment

VOM News

FREE
VIEW