နုန်းမြေတွေကြောင့် အင်းလေးဒေသ နေရာအချို့မှာ စက်လှေတွေသွားလာမရလို့ ဒေသခံတွေ အခက်ကြုံ

ZY(VOM) ဇန်နဝါရီ ၁၇၊ ၂၀၂၅ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေကြီးပြီး ကျန်ခဲ့တဲ့ နုန်းမြေတွေကြောင့် အင်းလေးကန်ရှိ ကျေးရွာအချို့မှာ စက်လှေတွေသွားလာမရလို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ 4 ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလ၊ တတိယပါတ်အတွင်းမှာ ရေကြီးမှုအခြေအနေ အဆိုးရွားဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေတွေ စီးဝင်လာမှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရပြီး လက်ရှိမှာ ရေပြန်ကျသွားပေမယ့် ရေကြီးမှုနဲ့ အတူပါလာတဲ့ နှုန်းမြေတွေကြောင့် ရွာမကျေးရွာနဲ့ အင်းတိန်ကျေးရွာတို့မှာ စက်လှေတွေ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။ “ရွာမကျေးရွာနဲ့ အင်းတိန်ကျေးရွာတို့ဆိုတာ ဒေသတွင်းသွားလာဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး…

Read More

ယူကရိန်းကို ထောက်ပံ့မယ့် နှစ် ၁၀၀ မိတ်ဖက်သဘောတူစာချုပ် ဗြိတိန်နဲ့လက်မှတ်ထိုး

ကိဗ်ယက်၊ ဇန်နဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) ဗြိတိန်နဲ့ ယူကရိန်းတို့ဟာ ကာလရှည်ကြာ ဆက်ဆံရေးမြှင့်တင်မှုအဖြစ် နှစ် ၁၀၀ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာနဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ကိဗ်ယက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါဟာ ဗြိတိန်ဝန်ကြီးချုပ်စတာမာရဲ့ ပထမဆုံး ယူကရိန်းခရီးစဉ်ဖြစ်ပြီး သဘောတူညီချက်တွေထဲမှာ နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေပါဝင်ပြီး ဘောတစ်ပင်လယ်နဲ့ ပင်လယ်နက်တို့မှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ရှိနေပါတယ်။ ဝန်ကြီးချုပ် စတာမာနဲ့ သမ္မတဇီလန်စကီးတို့ဟာ ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးအောင်မြင်ပါက ယူကရိန်းမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွေချထားနိုင်ရေး ဖြစ်နို်ငခြေကိုလည်း ဆွေးနွေးခဲ့ပြီး ဒီလိုဖြန့်ကြက်မှုကို ဥရောပနိုင်ငံအချို့ကလည်း အဆိုပြုထားပါတယ်။ မိတ်ဖက်သဘောတူညီချက်အရ ဗြိတိန်ဟာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးနေမှာဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်တခုလည်း ယူကရိန်းကို ပေးအပ်မယ်လို့ ဝန်ကြီးချုပ် စတာမာက ဆိုပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ နေတိုးအဖွဲ့မှာ ယူကရိန်းပါဝင်ရေးကို ဆန့်ကျင်မှုတွေရှိနေတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ ဒီနိုင်ငံတွေဟာ အမေရိကန်၊ ဟန်ဂေရီ၊…

Read More

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားတွေ နှိမ်နှင်းရေး အာဆီယံကို တရုတ်တိုက်တွန်း

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းလောင်းကစားတွေကို နှိမ်နှင်းရေးအတွက် ထိရောက်တဲ့အစီအမံတွေလုပ်ဖို့ အာဆီယံနိုင်ငံတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တိုက်တွန်းလိုက်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေကြီးထွားလာနေပြီး လိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပြီးနောက် ဒါဟာ တရုတ်နဲ့ အခြားနိုင်ငံသားတွေကိုပါ ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။ နိုင်ငံပေါင်းစုံက ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်ဖန်တီးရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ကိုလည်း တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ ဒေသတွင်း သံတမန်တွေနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ တရုတ်နိုင်ငံရဲ့ကမ်းလှမ်းချက်ဟာ အရှေ့တောင်အာရှမှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူမှောင်ခိုကူးမှုတွေ ကြီးထွားလာတဲ့အပေါ် တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ မြန်မာ၊ ထိုင်းအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အရေးတကြီး အကြံပြုချက်သစ်တရပ်ကိုလည်း တရုတ်နိုင်ငံက အကြံပြုခဲ့ပါတယ်။…

Read More

ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်ကားတွေကို ကညနက စာရင်းကောက်ယူနေ

ဇန်နဝါရီ ၁၇- ၂ဝ၂၅ KKO(VOM) ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်နံပါတ်နဲ့ ကားတွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က စတင်ပြီး စာရင်းတွေကောက်ယူနေတယ်လို့ ကားလောကအသိုင်း အဝိုင်းကနေ VOM က စုံစမ်းသိရှိရပါတယ်။ “နယ်လိုင်စင်ကားတွေကို သူတို့ စပြီးစာရင်းကောက်နေတယ်လို့ ပြောတယ်။ရန်ကုန်မှာက ဧရာဝတီလိုင်စင်တို့ ပဲခူးလိုင်စင်ကားတွေပဲများတယ်။ဘာလို့စာရင်းကောက်လဲတော့မသိသေးဘူး။နယ်နှင်ဖို့လား၊အသွားအလာကန့် သတ်လိုက်ဖို့လား၊နယ်ကကားတွေရန်ကုန်မှာမောင်းလို့မရတာလား၊ရန်ကုန်ကားတွေနယ်ဆင်းလို့မရတာလား၊ဘယ်လိုလုပ်အုံးမလဲတော့မသိဘူး။စာရင်းတွေတော့စကောက်နေပြီပြောတယ်။ရန်ကုန်မှာကနယ်လိုင်စင်ကားတွေများတယ်၊ရန်ကုန်လိုင်စင်ကလည်းဟိုတုန်းထဲကပိတ်ထားတာကြာပြီလေ”လို့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်း တယောက်က ပြောပြပါတယ်။ ယခုလို စာရင်းတွေကောက်ယူနေပေမယ့် ရန်ကုန်မှာရှိနေတဲ့ နယ်လိုင်စင်ကားတွေကိုနယ်နှင်ဖို့ဆိုတဲ့ အကြောင်းအရာကဖြစ်နိုခြေနည်းပါးပြီး အခုစာရင်းကောက်ယူမှုဟာ တခြားသောအကြောင်းအရာတခုကြောင့် ဖြစ်နိုင်တယ်လို့လည်း ကညန အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က အခုလို ဆက်ပြီးပြောပြပါတယ်။ “နယ်လိုင်စင်ကားတွေကို ရန်ကုန်ကနေ နှင်ဖို့ ဆိုတာကမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက လိုင်စင်နံပါတ်နဲ့ တရားဝင်လိုင်စင်ကားဆိုရင်တနိုင်ငံလုံးမည်သည့်နေရာမဆိုမောင်းနှင်ခွင့်ရှိတယ်ဆိုတာကပါပြီးသားလေ။ အခုကြားနေရတဲ့ နယ်လိုင်စင်ကားတွေကိုစာရင်းကောက်တယ်ဆိုတဲ့ ကိစ္စက နယ်နှင်ဖို့တော့ မဖြစ်နိုင်ဘူး။ဖြစ်နိုင်ချေရှိတာက တမျိုးတဖုံနဲ့ နယ်လိုင်စင်ကားတွေကို ကြပ်ဖို့ပဲရှိတယ်လို့ထင်ပါတယ်။ အခြားသတ်မှတ်ချက်တွေ လည်းသူတို့ကထုတ်ရင်လည်းထုတ်မှာပေါ့။နယ်လိုင်စင်ဆို ရန်ကုန်မှာမောင်းရင်ဘီးခွန်ဆောင်ခိုင်းတာတို့ ဘာတို့ ဒီလိုမျိုးတွေတော့ရှိလာနိုင်တယ်။နောက်ညအိပ်ခွန်လိုဟာမျိုးပေါ့။ဒါမျိုးတွေတော့ဖြစ်လာနိုင်ခြေရှိတယ်။ရန်ကုန်ကားတွေလည်းနယ်သွားရင်ဘီးခွန်တွေဆောင်ရတာပဲလေ”လို့ သူကထပ်လောင်း…

Read More

ဒေါပုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတယောက် ဓါးဒဏ်ရာတွေနဲ့ သေဆုံး

ဇန်နဝါရီ ၁၆ – ၂ဝ၂၄ KKO(VOM) ရန်ကုန်မြို့၊ဒေါပုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတယောက် ဓါးနဲ့အချက်‌ပေါင်းများစွာ ထိုးနှက်ခံရပြီး အသတ်ခံရမှုဇန်နဝါရီလ ၁၅ ရက်၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးပရဟိတအသင်းတခုရဲ့ သတင်းထုတ်ပြန်ထားမှုတွေအရ သိရပါတယ်။ ဖြစ်စဉ်မှာ အဲဒီနေ့ ည ၉ နာရီ မိနစ် ၅ဝအချိန်ခန့်က ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ ၆ လမ်းထိပ်၊ ပေ ၈၀ လမ်းပေါ် က အငှားတက္ကစီယာဥ်တစီးပေါ်မှာ ယာဥ်မောင်းတယောက်ကို ဓါးဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ နယ်မြေခံလူမှုကူညီရေးသမားတွေက ပြောပါတယ်။ သတင်းအရ အခင်းဖြစ်ရာသို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူ နယ်မြေခံပရဟိတအသင်းတွေက သွားရောက်ကူညီဆောင်ရွက်ရာမှာ အဲဒီ အငှားတက္ကစီယာဥ်မောင်းဟာ ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာဓါးဒဏ်ရာများစွာနဲ့ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာကိုတွေ့ရှိရတယ်လို့လည်း နယ်မြေခံလူမှုကူညီရေးအသင်းတခုဖြစ်တဲ့ သစ္စာမဏ္ဍိုင်အသင်းက သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ “မနက်က ဒီသတင်းကို…

Read More

ဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ အယောက် ၃၀ ကျော်တွေ့ရှိ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နား

ဇန်နဝါရီ ၁၆ – ၂၀၂၅ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုဖြစ်စဉ်မှာ သေဆုံးသူ အယောက် ၃၀ ကျော် တွေ့ရှိပြီး ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နွံကန်ပြိုကျမှုဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းကစလို့ ဇန်နဝါရီ ၁၅ ရက်၊ ညနေပိုင်းအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မရပ်မနား လုပ်ဆောင်ခဲ့တာမှာ ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ကျွန်တော်တို့ နေ့ရောညရော ကယ်‌ဆယ်ရေးတွေ ဆက်တိုက် လုပ်ခဲ့တာမှာ ရုပ်အလောင်းပေါင်းက ၃၁ လောင်း ရတယ်။ အများပြည်သူက သေဆုံးသူ ရာဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းပေမယ့် တကယ်တမ်းက…

Read More

မရမ်းကုန်းမှာ တိုက်ခန်းအတွင်း အမျိုးသားတယောက် ဓားဒဏ်ရာငါးချက်နဲ့ အသတ်ခံထားရ

ဇန်နဝါရီ ၁၆ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ သမိုင်းမြို့သစ်(၄) လမ်းထဲက တိုက်ခန်းအတွင်းမှာ အမျိုးသားတယောက် ဓားဒဏ်ရာတွေနဲ့အသတ်ခံထားရတယ်လို့ သိရပါတယ်။ တိုက်ခန်းအတွင်းဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို မနေ့ကဇန်နဝါရီ ၁၅ ရက်ညပိုင်းမှာမှသိရှိရပြီး အလောင်းကို တာဝန်ရှိသူတွေကစစ်ဆေးပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ၆ လွှာကအခန်းမှာဖြစ်သွားတာ။သူက တယောက်တည်းနေတာပ ဲတွေ့တယ်လို့သိရတယ်။ ကျန်တဲ့မိသားစုဘာညာ မသိရသေးဘူး ။သေတာကတော့ ညနေပိုင်းလောက်မှာဖြစ်သွားတာ။ သတ်တာဘယ်သူဆိုတာတော့မသိဘူး။ဒဏ်ရာက ငါးချက်လောက်ရှိတယ်။ လည်ပင်းနဲ့ရင်ဘတ်မှာပါ။ဓားဒဏ်ရာတွေပဲတွေ့တယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့နယ်လူမှုကူညီရေး သမားကပြောပါတယ်။ အသတ်ခံရသူကတော့ အသက်၅၉ နှစ်အရွယ်ဦးခင်မောင်သိန်းဆိုသူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ…

Read More

အိန္ဒိယ နာမည်ကျော်သရုပ်ဆောင် နေအိမ်မှာဓါးထိုးခံရတာ ခွဲစိတ်ကုသပြီးနောက် အခြေအနေကောင်းမွန်

ဒေလီ၊ ဇန်နဝါရီ-၁၆-၂၀၂၅ ရတီ (VOM) နာမည်ကျော် ဘောလိ၀ုဒ်သရုပ်ဆောင် ဆာဖ်အလီခန်းကို လူတယောက်က နေအိမ်ကို ဖောက်ထွင်းဝင်ရောက်လာသူတယောက်ရဲ့ ဓါးနဲ့ထိုးတာခံခဲ့ရပြီး လက်ရှိမှာတော့ မင်းသားဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်သွားပြီလို့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ ခန်းဟာ မိသားစုနဲ့အတူနေထိုင်တဲ့ မွမ်ဘိုင်းရှိနေအိမ်မှာ ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ညသန်းခေါင်ကျော်လောက်မှာ သူနေအိမ်ထဲကို ဝင်ရောက်လာသူနဲ့ ဆာဖ်အလီခန်းတို့ဟာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားပြီးနောက် ဓါးဒဏ်ရာရခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် သူ့ရဲ့ ကျောရိုးမှာ ဓါးဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်လက်မှာ ဒဏ်ရာနှစ်ချက်နဲ့ လည်ပင်းမှာနောက်ထပ်ဒဏ်ရာတခုတို့ကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး အခြေအနေတည်ငြိမ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ခန်းဟာ ဘောလိ၀ုဒ် အကျော်အမော်မင်းသမီး ကရီနာကာပူးနဲ့ လက်ထပ်ထားပြီးသူတို့မှာ ကလေးနှစ်ယောက်မွေးဖွားထားပါတယ်။ တိုက်ခိုက်မှုအသေးစိတ်ကို မသိရသေးပေမယ့် အမည်မသိသူဟာ မင်းသားနေအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရုပ်ရှင်လောကစတင်ဝင်ရောက်ခဲ့တဲ့ ခန်းဟာ…

Read More

ရှမ်း/တောင်က ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော် ရိက္ခာမလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရ

ZY(VOM) ဇန်နဝါရီ ၁၆၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော်ဟာ လက်ရှိအချိန်မှာ ရိက္ခာမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။ ၂၀၂၄ခု၊ ဇန်နဝါရီ ၂၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် စံဖူး / လုံးဟီး ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှစတင်ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေရတာဟာ တနှစ်ပြည့်မြောက်တော့မမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ရှမ်း/တောင်မှာက တောဘက်ရှောင်တဲ့သူ အင်မတန်များတယ်။ တောဘက်ရှောင်တဲ့သူ တွေက ရေပြဿနာရော၊ စားနပ်ရိက္ခာပြဿနာပါ ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေကို ပြန်စားရတယ်။ တောဘက်က သစ်သီးဝလံတွေကို ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ နေတာကတော့ ဘယ်လိုနေနေ၊ ဝတ်တာက ဘယ်လိုဝတ်ဝတ် ရိက္ခာမရှိရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က VOMကို ပြောပါတယ်။ ၂၀၂၄ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊…

Read More

ဂျပန်မှာ လူသိန်းချီသေနိုင်တဲ့ အကြီးစားငလျင်ကြီး လှုပ်ခတ်ဖို့ရှိနေ

တိုကျို၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ လာမယ့်နှစ် ၃၀ အတွင်း အကြီးစားငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းထိ တိုးလာကြောင်း ဂျပန်အစိုးရရဲ့ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က သတိပေးလိုက်ပါတယ်။ အဲဒီ အင်အားပြင်း မြေငလျင်ကြီးဟာ ရစ်ချ်တာစကေး အဆင့် ၈ ကနေ ၉ ထိရှိနိုင်တာကြောင့် ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်နိုင်ပြီး ငလျင်ကြောင့် လူသိန်းချီသေဆုံးနိုင်ကာ ဒေါ်လာဘီလီယံများစွာ ပျက်ဆီးဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေဟာ ယခင်က ၇၄ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းရှိမယ်လို့ မြေငလျင်သုတေသန ကော်မတီက ယခင်ခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခှိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။ ဂျပန်နို်ငငံ၏ ပစိဖိတ်ကမ်းရိုးတန်းနဲ့အပြိုင် ကီလိုမီတာ ၈၀၀ အကွာမှာရှိနေတဲ့ နန်ကိုင်းကျောက်လွှာနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အဲဒီကျောက်လွှာကြောင့် ရစ်ချ်တာစကေး…

Read More
VOM News

FREE
VIEW