လားရှိုးမှာ လမ်းဘေးမှာတင် နှစ်လုံး၊ သုံးလုံး ရောင်းချမှုတွေရှိနေပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါး ပိုမိုတိုးပွားလာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄-၂၀၂၅
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လက်ရှိ နှစ်လုံး၊ သုံးလုံး ရောင်းသူတွေ လမ်းဘေး ဟင်းသီးဟင်းရွက် ရောင်းသလို ရောင်းလာနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုးကတော့ လွတ်လပ်တာလွန်သွားလို့ နှစ်လုံး၊ သုံးလုံး ချဲတွေဝောာင် လမ်းဘေးမှာ စားပွဲတွေနဲ့ တန်းစီပြီး ချရောင်းနေကြတာ။ လမ်းဘေးတွေမှာ စားပွဲတွေ ချထားပြီး ဘာတွေများလဲ လို့ သွားကြည့်လိုက်တော့ နှစ်လုံး၊ သုံးလုံးတွေ ချရောင်းနေတာ။ အဆင့်တွေ မြင့်လို့။ ကွန်ပြူတာတွေနဲ့ တခါထဲ ထုတ်ပေးတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လောင်းကစားနဲ့ ပတ်သက်တာတွေ ၅ သိန်း ဆောင်ရင် တရားဝင် ခွင့်ပြုချက် ပေးထားတယ်လို့ သူက ပြောပါတယ်။
“လားရှိုးမြို့က ကိုးကန့် MNDAA ထိန်းချုပ်ထားလို့ အရမ်းငြိမ်းချမ်းနေတယ်ပေါ့။ ဘယ်လိုတွေတောင် ဖြစ်လာမလဲ မသိဘူး။ လူငယ်တွေကို ဖျက်ဆီးမယ့် ဖုန်းနံပါတ်၊ လိပ်စာကတ်တွေ (ပြည့်တန်ဆာတွေ)က​ လိုက်ဝေနေတယ်။ လောင်းကစားရုံတွေ၊ ဂိမ်းဆိုင်တွေ အရမ်း ပေါလာပြီ။ တရုတ် ဝင်ပြီ ဆိုတာနဲ့ ဒါမျိုးတွေက ပေါလာ ပြီးသားပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုးမှာ လူငယ်တွေ ထောင်ချီရှိတာကြောင့် ဒီလို အဖျက်အဆီး တွေမှာ ပါ မသွားဖို့ ယောက်ျားလေးတွေရော မိန်းကလေးတွေရော ကိုယ့်ကိုယ်ကို ထိန်းသိမ်း ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ကိုးကန့် MNDAA တွေရဲ့ အုပ်ချုပ်မှု နဲ့ တရား ဥပဒေတွေက တရုတ်နိုင်ငံ က အတိုင်းပဲ ယူထားတာလို့ ကိုးကန့် MNDAA စစ်သား တယောက်က ပြောပြပါတယ်။
လားရှိုးမြို့ကိုဝောာ့ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့က ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
Photo:Shy V

Related posts

Leave a Comment

VOM News

FREE
VIEW