ဆူးငှက် ကျွန်တော့်တွင် သား၂ယောက်ထွန်းကားခဲ့သည်။ အကြီးက ၁၉၈၅ခုဖွား သူရိန်ထွန်းနှင့် အငယ်က ၁၉၈၉ခုနှစ်ဖွား အောင်ပိုင်စိုး တို့ ဖြစ်သည်။ သို့သော် အိမ်နာမည်အနေနှင့် အကြီးကို ဖိုးသား၊ အငယ်ကို ဖိုးခွားဟုပဲ ခေါ်ကြသည်။ အိမ်သို့ရောက်လာသော ဆွေမျိုးတိုင်းက ဖိုးသားနှင့် ဖိုးခွားကို တွေ့တိုင်း ဟ.. ငါ့ကောင်တွေက လူပျိုဖြစ်တော့မှာဟ၊ မောင်ကျော်ဆန်း သားယောက်ျားလေးတွေ မွေးထားတော့ ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီဟေ့ ဟု ပြောကြသည်။ ထိုသို့ ပြောကြသူတွေ များလာတော့ အစက မသိလိုက် မသိဖာသာပေမယ့် နောက်တော့ ထိုစကားသံကို ကြားရမှာ ကြောက်လာတော့သည်။ သားရှင်ပြု ဘုရား ဘုရား.. ကိုယ့်မှာက နေ့ဖို့ညစာ လောက်ငှရုံပဲ ရှိသေးသည်။ အပို မရှိ။ စုဆောင်း ထားတာ လည်း မရှိ။…
Read MoreDay: February 15, 2025
YBS ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက် ၁၂၀ ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိထား
Ms(VOM) ဖေဖော်ဝါရီ၁၅၊၂၀၂၅ YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ အရေအတွက်၁၂၀ဦးကိုသက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိထားကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကနေသိရပါတယ်။ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁၄ ရက် မှ ၃၁ ရက်နှစ်ပတ်ေကျာ်အချိန်အတွင်း YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ ၁၂၀ ဦး၊ဖုန်း ၂၈၂ လုံး၊အိတ် ၁၁ လုံး၊ ငွေသား ၁၀ သိန်း တို့နဲ့အတူ သက်သေခံ ယာဉ်တစီးတို့ကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ဆိုပါတယ်။ “ခါးပိုက်နှိုက် ကျား ၁၁၄ ဦး နဲ့ မ ၆ ဦး စုစုပေါင်း ၁၂၀ဦး ဖမ်းဆီးရမိခဲ့တာပါ။ YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်သတိပြုဖို့သတိပေးထားသလို CCTV တွေလည်းတပ်ထားတာကို အချောင်သမားတွေ သိစေချင်ပါတယ်။ခါးပိုက်နှိုက်တွေဖမ်းမိ တဲ့YBS ယာဉ်လိုင်း တွေကတော့အစုံပါပဲ။”လို့ YRTCရဲ့တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန် ကပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၁ ရက်က ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်းစျေးသစ်ရှေ့မှာတာဝန်ကျတဲ့ YRTCရဲ့…
Read Moreအမေရိကန်ကို တင်ပို့တဲ့မော်တော်ယာဉ်တွေကိုပါ အခွန်ကောက်ဖို့ ဒေါ်နယ်ထရန့် စီစဉ်နေ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၅-၂၀၂၅ ရတီ(VOM) အမေရိကန်ကို တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဧပြီလကစပြီး အခွန်ကောက်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပစ်မှတ်ထားတဲ့နိုင်ငံတွေနဲ့ အခွန်ကောက်ခံမယ့်နှုန်းထားတွေကို ထရန့်က အသေးစိတ်မပြောပေမယ့် ဧပြီ ၂ လောက်စပြီး အခွန်ကောက်ဖို့ စီစဉ်နေတယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သူကပြောပါတယ်။ ထရန့်စာ တကယ်လို့ ဒီအစီအစဉ်ကိုဆက်လက်လုပ်ဆောင်ပြီး နိုင်ငံတွေအားလုံးအပေါ် အခွန်ကောက်ခံမယ်ဆိုရင် အမေရိကန်ကို မော်တော်ယာဉ်အဓိကတင်ပို့နေတဲ့ ဂျပန်နိုင်ငံအပေါ် များစွာ သက်ရောက်ဖွယ်ရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အမေရိကန်ကို ကားအစီးရေး ၁ ဒသမ ၄၈ သန်းတင်ပို့နို်ငခဲ့ကြောင်း ဂျပန်မော်တော်ယာဉ်ထုတ်လုပ်သူများ အသင်းကဆိုပါတယ်။ တော်တော်ယာဉ်တင်သွင်းမှု မမျှတတဲ့စျေးနှုန်းတွေဟာ အမေရိကန်မော်တော်ယာဉ်လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဒေါ်နယ်ထရန့်က ကြိမ်ဖန်များစွာ ပြော ဆိုထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့နေ့ကလည်း နိုင်ငံတွေအပေါ် အပြန်အလှန်အခွန်စည်းကြပ်မယ့် အစီအစဉ်ကို လက်မှတ်ထိုးခဲ့ပြီး အမေရိကန်ကုပစ္စည်းတွေအပေါ်…
Read Moreရွှေအလေးချိန် ပြောင်းပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ဆက်လက်ပြုလုပ်နေ
ဖေဖော်ဝါရီ ၁၅ – ၂၀၂၅ SS (VOM) အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်စနစ် ပြောင်းလဲလိုက်ပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ရွှေအလေးချိန်စနစ်ကို မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန် သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲ ကျင့်သုံးဖို့ ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာတော့ စနစ်ဟောင်းဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆…
Read Moreရွှေကုက္ကိုရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဝင်ဖမ်းပြီး စစ်ဆေးတွေ့ရှိတဲ့နိုင်ငံခြားသားတွေကို ထိုင်းကိုပို့မယ်
ဖေဖော်ဝါရီ ၁၅ – ၂၀၂၅ GG (VOM) ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ နေရာတွေကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကရင်နယ်ခြားစောင့်တပ် BGF ကဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားထောင်နဲ့ချီစစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုင်းဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ နိုင်ငံခြားတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်မှုများပြီး တွေ့ရှိနိုင်ငံခြားသားတွေထဲမှာ ရိုက်နှက်ခံထားရခြင်းရှိမရှိနဲ့ လူကုန်ကူးခံရပြီးရောက်ရှိလာခြင်းဟုတ်မဟုတ်ကို BGF ကစစ်ဆေးခဲ့ပြီး နေရပ်ပြန်လိုသူတွေကိုစာရင်း ကောက်ယူမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ မနေ့က ဖေဖောဝါရီ၁၄ ရက်နေ့မှာ ရွှေကုက္ကိုလ်ထဲက နေရာတခုတည်းကို ဝင်ရောက်ရှာဖွေးစစ်ဆေးအရ နိုင်ငံခြားသား ၂၀၀၀ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ ” ဒီနေ့ ထိုင်းကိုပြန်လွှဲပေးကြမယ်သိရတယ်။ ထိုင်းဗီဇာနဲ့ဝင်လာတာဖြစ်လို့ထိုင်းကိုပြန်လွှဲပေးတာ။ပြန်ချင်တဲ့သူတွေကို ဘာသာပြန်နဲ့စာရင်းတွေကောက်တာလည်းရှိတယ်ဆိုတော့ လူလွှဲပေးတာဘယ်လိုပုံစံလာမလည်းမသိသေးဘူး။ သူတို့စစ်ဆေးတွေ့ရသမျှ လူတွေကိုအကုန်လုံး ထိုင်းပို့ပေးရင် ထိုင်းကအကုန်လုံးလက်ခံမှာလား ဆိုတာရှိတယ်။နိုင်ငံခြားသားတွေကိုသက်ဆိုင်ရာနိုင်ငံတေံကလက်မခံရင်ထိုင်းမှာပဲ သောင်တင်နေမယ့်အခြေအနေဆိုတော့ စောင့်ကြည့်ရမှာပဲ။ကျားဖြန့်လုပ်နေတဲ့ဂိုဏ်းတွေကို တကယ်ထိရောက်အောင်ပပျောက်အောင်လုပ်ဖို့တော့လိုတယ်။” လို့ ဒေသခံကသုံးသပ်ပြောပါတယ်။ မနေ့က ရွှေကုက္ကိုလ်မြို့ထဲက…
Read Moreရွှေဘိုမှာ ကက်သလစ်ဘုန်းတော်ကြီးတပါး အသတ်ခံရ
ဖေဖော်ဝါရီ ၁၅ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေပိုင်းက ကက်သလစ်ဘုန်းတော်ကြီးတပါး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဘာသာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အသတ်ခံရတဲ့ ကက်သလစ်ဘုန်းတော်ကြီးဟာ မန္တလေးဂိုဏ်းချုပ်သာသနာမှ ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin) သက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီး ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ မနေ့ညနေ ၆ နာရီဝန်းကျင်က အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ဘယ်သူတွေသတ်တာလဲ၊ ဘယ်အဖွဲ့အစည်းက သတ်တာလဲ၊ ဘာ့ကြောင့် ဆိုတာလဲတော့ မသိသေးဘူး။ ဒီအချိန်မှာကတော့ အမျိုးမျိုး ပြောနေကြတာပါပဲ။ လက်ရှိကတော့ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါပဲ။ အသုံးပြုတဲ့ လက်နက်ကတော့…
Read Moreသင်္ဃန်းကျွန်းမြို့နယ် မီးလောင်မှု အမျိုးသားတယောက် ပိတ်မိသေဆုံး
ဖေဖော်ဝါရီ ၁၅ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် အခန်းအတွင်း ပိတ်မိ သေဆုံးခဲ့တယ်လို့ အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က သုမင်္ဂလာလမ်းထဲက နှစ်ထပ် လုံးချင်းအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်ဝန်းကျင်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “လောင်တာကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တယ်လို့တော့ သိရတယ်။ သေသွားတဲ့သူကတော့ အခန်းထဲမှာ အိပ်နေတယ်။ ကျန်းမာရေး မကောင်းဘူး။ လောင်တာက ရှေ့အခန်းကနေ စလောင်တယ်။ အိမ်က နှစ်ထပ်အိမ်၊ လုံးချင်း။ ရှေ့မှာ လောင်နေတဲ့အချိန်မှာ သူက သူ့အခန်းကနေ တံခါးဖွင့်ပြီး ထွက်တဲ့အချိန်မှာ အပြင်မှာ လောင်နေတဲ့အခါကျတော့ သူက…
Read Moreရွေဘိုနယ် ခရစ်ယာန် ဘုန်းကြီး သတ်ဖြတ်ခံရမှု လူ ၂၀ ကျော် ဖမ်းဆီးစစ်ဆေးနေ
ဖေဖော်၀ါရီ ၊ ၁၅ ၊၂၀၂၅ ကျော်ဟိန်း( VOM) စစ်ကိုင်းတိုင်း ၊ ရွေဘိုမြို့နယ်နဲ့ ၀က်လက်မြို့နယ် အစပ်က ကံကြီးတော ကျေးရွာမှာ ဓမ္မတာ၀န်တွေကို ထမ်းဆောင်နေတဲ့ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး တပါး မနေ့ကညမှာ သတ်ဖြတ်ခံရတဲ့ကိစ္စ လူ၂၀ ကျော် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဘုန်းတော်ကြီး အသတ်ခံရတဲ့ ဖြစ်စဥ်မှာ လတ်တလော သံသယရှိသူ လူ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေ တယ် ” လို့ပြောပါတယ်။ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သူတယောက်ပြောတာကတော့ “ကက်သလစ် ဘုန်းတော်ကြီးကို သတ်တဲ့ တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ယောက်ကို ရွှေဘိုခရိုင်တပ်ရင်း ၅ က ဖမ်းဆီးထားတယ်လို့ ကြားသိရတယ်” လို့ဆိုတဲ့အတွက် ဘယ်သူပြောတာ မှန်မလဲဆိုတာ…
Read More