မန္တလေးမှာ နှစ်ကြိမ် ခိုးခံရတဲ့ ရှေးဟောင်းဆင်းတု ဒီတကြိမ်လည်း ပြန်လည်ရရှိ

မန္တလေး၊ ဖေဖော်ဝါရီ – ၂၀- ၂၀၂၅
SA(VOM)
မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားမှာရှိတဲ့ ရွှေအိုးရစေတီတော် ပရဝုဏ်အတွင်းက ကျောက်သားဆင်းတုတော်ဟာ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ညက ထပ်မံအခိုးခံခဲ့ရပြီး ၁၉ ရက်နေ့ညပိုင်းမှာ အဲ့ဒီ ရှေးဟောင်းသမိုင်းဝင် ကျောက်သားဆင်း တုတော်ကို ခိုးယူခဲ့တဲ့ တရားခံလေးဦးကို ဖမ်းဆီရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူထံကနေ သိရပါတယ်။
“ဆင်းတုတော်ကို ခိုးယူခဲ့တဲ့သူတွေကို ဖမ်းဆီးမိထားတယ်ဆိုတာ ဆက်သွယ်လာပါတယ်၊ လက်တလောတော့ သီတင်းသုံးရာ ဓမ္မာရုံအတွင်းကို ပြန်မရောက်သေးပါဘူး” လို့ အဲ့ဒီ ဆင်းတုတော်နဲ့ စေတီတော်ကို စောင့်ရှောက်နေတဲ့ ဦးဇော်ဝင်းက VOM ကိုပြောပါတယ်။
အဲ့ဒီဆင်းတုတော်ဟာ ပထမတခေါက် အခိုးမခံရမီအချိန်က အကာအရံမရှိပေမယ့်၊ ၂၀၀၇ ခုနှစ်က ဆင်းတုတော်ကို ပြန်ရချိန်မှာ အကာအရံနဲ့ ပူဇော်ထားခဲ့တာကို ​ေဖဖော်ဝာရီ ၁၈ နေ့ညက ဒုတိယအကြိမ်ခိုးခံရတာဖြစ်ပါတယ်။
အဲ့ဒီ ကျောက်သားဆင်းတုတော်ကို ပထမတကြိမ်ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ခိုးယူသူတွေနဲ့ ဆင်းတုတော်ကို မြဝတီ နယ်စပ်ကနေ မဲဆောက်ဘက်အကူးမှာ ပြန်လည် ဖမ်းဆီရမိခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ မူလသတင်းသုံးရာ နေရာကို နိုင်ငံတော်က ပြန်လည်အပ်နှံခဲ့တဲ့အတွက် ဆင်းတုတော်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဦးဇော်ဝင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW