ညောင်ဦးဒေသ ဂျိုးကန်နဲ့ကျောက်ပြင်ကန်မှာတိုက်ပွဲဖြစ်လို့ ဒေသခံထောင်နဲ့ချီ အရေးပေါ်စစ်ရှောင်နေကြ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ် ၊ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားမှာ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီး အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားကို ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းမှာ နစကမှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာဒေသခံတွေ အများအပြားအရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးပတ်ဝန်းကျင်ရှိ ဇီးစားမြင် ၊ယာတောကြီး၊အနောက်အုံရွာက ဒေသခံပြည်သူအချို့လည်း စစ်ဘေးရှောင်မှုရှိနေတယ်လို့သိရပါတယ်။ ” ဂျိုးကန်မှာမနေ့က စစ်သားတွေဝင်ပြီးမကြာဘူး ညကတည်းကစပြီးတိုက်ပွဲဖြစ်တာပဲ။ အဲဒီရွာကလူတွေလည်းနီးစပ်ရာအကုန်ပြေးကုန်ပြီ။အခုမနက် ဟတ်စကီးနဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ဘယ်နေရာကျတယ်ဆိုတာအတိကျမသိသေးပေမယ့် ကျောက်ပြင်ကန်ကလည်း တော်တော်များများစစ်ရှောင်ကြပြီ။ကျောက်ပြင်ကန်ရွာဆိုအိမ်ခြေ ၁၀၀၀ နီးပါးလောက်တော့ရှိတယ်။ဂျိုးကန်ကတော့၁၀၀ ကျော်ရှိမယ်။အဲဒီရွာတကျောထဲကရွာတွေလည်း ရှောင်ကြပြီ။လေကြောင်းပါလာတော့ အကုန်ကြောက်ပြီး ရှောင်ကြတာ။ ” လို့ ဂျိုးကန်အနီးနေထိုင်တဲ့ ကျေး ရွာဒေသခံကပြောပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်နဲ့ ကျောက်ပြင်ကန်ရွာက ညောင်ဦး -ကျော…

Read More

ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ SS (VOM) ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု စံနှုန်းဖြစ်တဲ့ ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး တပြေးညီ ပြောင်းလဲကျင့်သုံးဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ISO 17025 ရရှိနိုင်အောင်အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “ဒီဂရမ်နဲ့ သွားတဲ့စနစ်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်း ISO 17025 ရရှိအောင် အသင်းအနေနဲ့ ဆောင်ရွက်နေပါတယ်။ ရွှေနဲ့ ငွေ စံချိန်စံညွှန်း ဓာတ်ခွဲခန်းဆိုပြီး ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့…

Read More

ပေါက်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ နှစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ CC (VOM) ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာမှာ စစ်လက်ကျန်ဗုံးသီးတလုံးပေါက်ကွဲပြီး နှစ်ယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မနေ့ကညနေ ၃နာရီလောက်မှာ ဗုံးသီးပေါက်ကွဲမှုဖြစ်သွားတာ။ဖြစ်တာက အခုဒဏ်ရာရတဲ့အထဲကကောင်လေးက ဗုံးသီးကိုကောက်တွေ့လို့ယူလာပြီး ရွာရောက်တော့ သူတို့သူငယ်ချင်းတွေစုပြီး ဗုံးသီးကိုထုကြည့်ကြရာကနေ ပေါက်ကွဲပြီးခုလိုတွေဖြစ်ကုန်တာ။နှစ်ယောက်ကတော့နေရာမှာတင်ပွဲချင်းပြီးပဲ။ကလေးတွေလည်းမဟုတ် ဘဲ ခုလိုဗုံးသီးကိုထုကြည့်တာအရမ်းမိုက်မဲတယ်။မဖြစ်သင့်တာတွေဖြစ်ကုန်ရပြီ။” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးတွေက အသက် ၂၀ အရွယ်အမျိုးသားနဲ့ ၁၈ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၁၅ နှစ်အရွယ်အမျိုးသားနှစ်ယောက်၊၁၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ မောင်တောမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး တယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ…

Read More

ကျားဖြန့်ဂိုဏ်းတွေကို တယောက်မကျန်ဖမ်းဖို့ဆိုကာ BGFက နှိမ်နင်းရေး အထူးတပ်ဖွဲ့ဖွဲ့

ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ CC (VOM) ကရင်ပြည်နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ကူးသူတွေကို နှိမ်နှင်းဖို့ဆိုပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ BGF ခေါင်းဆောင် တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ဗိုလ်မုတ်သုန်နဲ့ဗိုလ်တင်ဝင်းတို့ကို ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ သတင်းထွက်အပြီးမှာ BGF ဘက်က ကျားဖြန့်နှိမ်နင်းဖို့အထူးအဖွဲ့ ကိုဖွဲ့စည်းကြောင်းအသိပေးလာတာဖြစ်ပါတယ်။ ဒါအပြင် ဗိုလ်မှူးကြီးစောချစ်သူကလည်း မကြာခင်မှာ လူမှောင်ခို ကျားဖြန့်ဂိုဏ်းကို နှိမ်နင်းပြီး တယောက်မကျန်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံကိုပြန်ပို့ပေးမှာဖြစ်ကြောင်း မီဒီယာအချို့ကိုပြောဆိုထားတာတွေ့ရပါတယ်။ “ လူမှောင်ခို ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့ ဖွဲ့ပြီးတော့ ဖမ်းမှာ။ လုံးဝ တယောက်မကျန် ဖမ်းပြီးတော့ ကျနော်တို့ ပြန်ပို့မှာ။ ကျွန်တော် လည်း ဘာမှ အကျိုးစီးပွားမခံစားရဘူး။ သူတို့ လာပြီး…

Read More

တောင်ကိုရီးယားမှာ ရှစ်နှစ်အရွယ် မူလတန်းကျောင်းသူကို ဆရာမက ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွား

ဆိုးလ်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းဆရာမတယောက် အသက်ရှစ်နှစ်အရွယ် မူလတန်ကျောင်းသူကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တာကြောင့် တနို်ငငံလုံး အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ အသက် ၄၀ အရွယ်ဆရာမဟာ ဒေဂျောင်မြို့မှာ ကျောင်းသူကို ဓါးနဲ့ထိုးခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓါးထိုးခံခဲ့ရတဲ့ ကျောင်းသူကလေးငယ်ကို စာသင်ကျောင်း ဒုတိယထပ်မှာ တွေ့ရှိပြီးနောက် ဆေးရုံပို့ရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆရာမဟာလည်း ဓါးရှရာဒဏ်ရာတချို့နဲ့အနားမှာတွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ သေချာလုပ်ဖို့နဲ့ ဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်ရေး ကာကွယ်တားဆီးမှု အစီအမံတွေလုပ်ဖို့ တောင်ကိုရီးယားယာယီသမ္မတ ချိုဆန်မော့ခ်က ညွှန်ကြားထားပါတယ်။ ဆရာမဖြစ်သူဟာ စိတ်ကျရောဂါကြောင့် ခွင့်ခြောက်လယူဖို့ ဒီဇင်ဘာ ၉ ရက်က တောင်းခံခဲ့ပေမယ့် ဆရာဝန်က အကဲဖြတ်ပြီးနောက် သူ့ကို ခွင့်ရက် ၂၀ သာယူဖို့ ထောက်ခံချက်ပေးခဲ့ပြီး အဲဒီနောက်မှာ ကျောင်းပြန်တက်ခဲ့တယ်လို့ ဒေဂျောင် ပညာရေးမှူးရုံးက…

Read More

VOA နဲ့ RFE သတင်းဌာနတွေ ပိတ်ပစ်ဖို့ အီလွန်မတ်ခ် တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ Voice of America နဲ့ Radio Free Europe သတင်းဌာနတို့ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်ခ်က တောင်းဆိုလိုက်ပါတယ်။ ဥရောပဟာ လက်ရှိမှာ လွတ်လပ်နေပြီဖြစ်တဲ့အတွက် သူတို့ထုတ်လွှင့်တာတွေကို ဘယ်သူမှ နားမထောင်တော့ကြောင်းနဲ့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ထမ်းငွေ တနှစ်ကိုဒေါ်လာ ၁ ဘီလီယံကို မီးရှို့နေတယ်လို့ အီလွန်မတ်ခ်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ Voice of America သတင်းဌာနဟာ ဝါရှင်တန်ဒီစီမှာရုံးစိုက်ပြီး ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို ဘာသာစကား ၄၇ မျိုးနဲ့ ထုတ်လွှင့်နေပါတယ်။ Radio Free Europe ဟာလည်း ပုဂ္ဂလိက အကျိုးအမြတ်မယူတဲ့ မီဒီယာအဖွဲ့အစည်းဖြစ်ပြီး အမေရိကန်က ထောက်ပံ့ပေးထားပါတယ်။ အွန်လိုင်းနဲ့ ရေဒီယိုထုတ်လွှင့်တင်ဆက်မှုတွေလုပ်ဆောင်နေပြီး…

Read More

ကရင်နယ်ခြားစောင့်တပ် စောချစ်သူနဲ့ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅ မျိုးဆက်(VOM) ထိုင်း-မြန်မာ နယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင်တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်း၀ရမ်းထုတ်ဖို့ စီစဉ်နေပါတယ်။ ထိုင်းအထူးစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေဟာ လူကုန်ကူးမှုဆိုင်ရာ အထောက်အထားတွေကို အစိုးရရှေ့နေထဲ တင်ပြပြီး ဖမ်း၀ရမ်းထုတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းတရားရေးဌာနကရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် Matichon သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီလို လူကုန်ကူးမှု သက်သေအထောက်အထားတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရပြီး ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတယောက်ကို ကယ်ထုတ်ပြီးနောက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်ဟာ မြ၀တီ ရွှေကုက္ကိုလ်ရှိ လောင်းကစားနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ချုပ်ကိုင်ထားပါတယ်။ ဖမ်း၀ရမ်းထုတ်ခံရမယ့်သူတွေထဲမှာတော့ ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူအပြင် အခြားခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ စောမုတ်သုန်နဲ့ စောတင်ဝင်းတို့လည်း ပါဝင်ကြောင်း Matichon သတင်းဌာနက ဖော်ပြထားပါတယ်။ မကြာသေးမီကလည်း နယ်စပ်ရှိ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းမှုအဖြစ် မြန်မာနယ်စပ်ဒေသတွေကို လျှပ်စစ်၊…

Read More

ကလေးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ တိမ်းရှောင်

ဖေဖော်ဝါရီ ၁၁ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ငါးရွာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွဆီက သိရပါတယ်။ ကလေးမြို့နယ်အတွင်းရှိ ရန်ကြီးအောင်၊ ဆည်တော၊ တင်သား၊ ရှားဖိုနဲ့ ကျော်ရွာတို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် အဲဒီ ကျေးရွာတွေက ဒေသခံတွေအပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ မှန်တော၊ ဒိုးနွယ်၊ ကျောက်ဖူး၊ ကုက္ကိုလ်၊ အရှေ့စီး၊ ကြန်သာ စတဲ့ ကျေးရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးတာ၊ နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်။ လူအရေအတွက်ကိုတော့ လောလောဆယ် အခြေအနေမငြိမ်သေးတော့ အတည်ပြုလို့မရသေးဘူး။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရွာလုံးကျွတ်…

Read More

မန်းရာပြည့် အလွန် ၆၅နှစ်

  ဆူးငှက် မြန်မာသက္ကရာဇ် အလိုအရ ၁၂၂၁ ခု၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှ ၇ ရက်နေ့အကူးတွင် မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး အလုံးစုံအသုံးခံ ပြီးစီးအောင်မြင်သည်ဟု ဆို၍ ကုန်လွန်ခဲ့သော ၁၃၂၁ ခု(ခရစ်နှစ် ၁၉၅၉ ခု)ခုနှစ် မန္တလေးအနှစ် ၁၀၀ ပြည့်ခဲ့သည်။ “မန်းရာပြည့်”ဟု အလွန်တိကျ ကျစ်လျစ်သော နာမည်ဖြင့် ပွဲကြီးဝှဲချီးကျင်းပခဲ့သည်။ မန်းရာပြည့်၏ အရှိန်အဝါက မည်မျှကြီးမားခဲ့လေသည်မသိ…။ ထိုနှစ်က မန္တလေးမှာ မွေးသော ကလေးမှန်သမျှ မောင်ရာပြည့်၊ မရာပြည့်ဟု မှည့်ကြတာများသည်။ “ရာပြည့်”ဟူသော နာမည်ပါရှိသူ အားလုံး ယခုအချိန် ရှိကြလျှင် ၆၅နှစ် ရှိကြပြီ။ လူမဆိုထားဘိ ထိုနှစ်က ဆောက်သော တိုက်တာ အဆောက်အဦများကိုပင် ရာပြည့်ဂေဟာ၊ ရာပြည့်ရိပ်သာ၊ ရာပြည့်တိုက်ဟု အမည်ပေးခဲ့ကြ၏။ မန်းရာပြည့်ပွဲတော်ကြီး ဝှဲချီး ကျင်းပခဲ့သော မန္တလေးတောင်ခြေက…

Read More

နှမ်းဘတ်ချဉ်၊ ဘုံဆိုင်၊ ရွှေပတ်ရမ်နှင့် စားပွဲရုံ

  ဆူးငှက် ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်း မှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီး ထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ်…

Read More
VOM News

FREE
VIEW