သင်းပင်းတွေ မကွဲပြဲကြဖို့

ဆူးငှက် လွန်ခဲ့သော ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မန္တလေးမလွန်ရပ်မှာရှိတဲ့ ပရိယတ္တိသာသနဟိတအသင်းကြီးရဲ့ သာသနာ့ဗိမာန်တော်ကြီးမှာ အသင်းတော်ကြီး အနှစ်၁၀၀ပြည့် ပွဲတော်အတွက် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများထံက သြဝါဒခံယူပွဲ ကျင်းပတယ်။ ဝါဆိုဆရာတော်ကြီး၊ မြတောင်ဆရာတော်ကြီး၊ ဗန်းမော်ဆရာတော်ကြီးစတဲ့ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြတယ်။ ဒီပွဲမှာသတင်းစာဆရာ၊ စာရေးဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာလည်း တက်ရောက်ပြီး ဆရာတော်ကြီးများကို လျှောက်ထားတဲ့ အခါ ထူးထူးခြားခြားမှတ်မိတဲ့ အချက်လေးရှိတယ်။ ဒေါ်ဒေါ်က ပရိယတ္တိသာသနဟိတ အသင်းကြီးရှိလို့ ဆဋ္ဌသင်္ဂါယနာတင်နိုင်တာ၊ အထူးသဖြင့် ဒီအသင်းကြီးလို၊ မလွန်ဈေးဆန်လှူအသင်းကြီးလို သက်တမ်း၁၀၀တိုင် ခိုင်ခိုင်မာမာတည်တံ့နေတာ မန္တလေးမြို့အတွက် ဂုဏ်ယူစရာဖြစ်တယ်။ နှစ်၁၀၀တိုင် ငွေရေးကြေးရေးအရှုပ်အထွေး၊ လူမှုရေးအရှုပ်အထွေး။ ရာထူးရာခံအရှုပ်အထွေးမရှိခဲ့ပါဘူးဆိုတဲ့ အချက်ပါ။ ဒေါ်ဒေါ်လျောက်ထားတဲ့ အချက်ကို ဆရာတော်ကြီးများက သဘောကျတယ်။ “ပရိယတ္တိသည် ဗုဒ္ဓမည်၊ စွမ်းရည်သာသနာ”ဆိုပြီးသာဓုခေါ်ကြတယ်။ ဒေါ်ဒေါ်ပြောမှပဲ သတိထားမိတယ်။ ဟုတ်တာပေါ့ မန္တလေးမှာ အနှစ်ရာပြည့်ကျော်၊ ရာပြည့် စတဲ့ အသင်းတွေ…

Read More
VOM News

FREE
VIEW