ယောဒေသမှာ PDF က စစ်မှုထမ်းဖို့ အမိန့်ထုတ်လို့ လူငယ်တချို့ ထွက်ပြေးတိမ်းရှောင်

ဧပြီ ၂၇ ၊၂၀၂၅
SP (VOM)
.
မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသမှာ အခုရက်ပိုင်းအတွင်း PDF အဖွဲ့က သူတို့ တပ်ဖွဲ့မှာ စစ်မှု့ထမ်းကြဖို့ လူသစ်စုဆောင်းတာတွေ အမိန့်ထုတ် ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဂန့်ဂါမြို့နယ် မြောက်ပိုင်းမှာနေတဲ့ ဘော်ပြင်းရွာခံတယောက်က သူတို့ဒေသရဲ့ လက်ရှိအခြေအနေကို ခုလိုပြောပြပါတယ်။
” စစ်မှု့ ထမ်းဖို့ အမိန့်စာထုတ်တာက အခုရက်ပိုင်းမှာ
ဖြစ်တယ် ၊ အဲ့ဒီအမိန့်စာကြောင့် ယောဒေသမှာ လူငယ်တွေအများစု ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ဂန့်ဂေါမြို့နယ်မှာ လက်ရှိနေထိုင်တဲ့သူ ၊ တနယ်လုံးပေါင်း တသိန်းမပြည့်ဘူး ၊ ရွာတွေမှာက ပြည်ပထွက်တဲ့သူက ပြည်ပထွက်ကြတယ် ၊တချို့ကတော့ တခြားမြို့ရွာတွေဆီကို ပြောင်းရွေ့သွားကြတယ် ၊အဲ့ဒီလို ပြောင်းရွေ့သွားကြတဲ့ လူငယ်တွေကို ရှိရင်းစွဲ နေရပ်ကို ပြန်လာခဲ့ဖို့ ဖုန်းဆက်ခေါ်ခိုင်းတယ် ၊ ရွာကို ပြန်မလာခဲ့ရင် ကျောင်းဆရာ ၊ဆရာမ နဲ့ အခြား ၀န်ထမ်းတွေဆို ရတဲ့ လစာရဲ့ တ၀က်ကို တော်လှန်ရေးအတွက် ပေးရတယ် ၊ယောဒေသဖြစ်တဲ့ ဂန့်ဂေါ ထီးလင်း ၊ကျောက်ထု ၊ဆော ကျော ၊စတဲ့နယ်တွေမှာ ၂၀၂၂ က စလို့ လူငယ်တွေ မရှိသလောက်ဖြစ်ကုန်တယ်။ ရွာမှာ သာရေးနာရေးရှိရင် လုပ်မယ့် ကိုင်မယ့် လူငယ်တွေ မရှိဘူး ၊ချင်းတိုင်းရင်းသားတွေဆို တောင်ပေါ်ကို ပြန်ကြတယ် ” လို့ပြောပြပါတယ်။
ကျောမြို့နယ်ခွဲမှာေနတဲ့ ဒေသခံ တယောက်က
” ကျောနယ်မှာ ကပစ စခန်းရှိတယ် ၊ကျောနယ်မှာက အများစုက ၀န်ထမ်းတွေဖြစ်တယ် ၊ကျောတိုက်နယ်ရဲ့ လူဦးရေသုံးပုံ ၊နှစ်ပုံက ၀န်ထမ်းတွေဖြစ်တယ် ၊တခြားမြို့ကြီးတွေမှာ ယောဒေသက ပြောင်းလာတဲ့ ကျောင်းထိုင်ဘုန်းကြီးရဟန်းတွေရှိတယ် လူအများစုက ၊အဲ့ဒီကျောင်းတွေမှာ ၂၀၂၂ ကတည်းက စစ်ဘေးရှောင်ရင်း ပြောင်းရွေ့နေ ထိုင်ကြတယ် ပဲခူးတိုင်းမှာဆို ယောဒေသက စစ်ဘေးရှောင် ရပ်ကွက် သုံးခုရှိတယ် ၊နေပြည်တော်ကောင်စီနယ်မှာဆို ယောဒေသက ပြောင်းလာတဲ့ လူ တသိန်းခွဲလောက်ရှိတယ် ၊ရွာကိုပြန်မလာကြတော့ဘူး ၊ရွာတွေမှာက အလုပ်အကိုင် မဖြစ်သလို စား၀တ်နေရေး ခက်ခဲတယ် ထီးလင်းနယ်မှာဆို စား၀တ်နေရေး ခက်ခဲလို့ ရွာလုံးကျွတ် ပြောင်းသွားကြတာ ရွာပေါင်း ရှစ်ရွာရှိပြီဖြစ်တယ် ၊ဂန့်ဂါမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေဆို ဟင်းခပ်ဆား ပြတ်လပ်နေတာ သုံးနှစ်ကျော်ပြီ လက်ရှိမှာ ဆားတပိသာ နှစ်သောင်းကျော်တယ် ပြီးတော့ ကလေး ဂန့်ဂေါ လမ်းပိတ်ထားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီခဲ့တဲ့ ဖေဖော်၀ါရီလစလို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ရွာတွေမှာ မကြာခဏ လေကြောင်းတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW