ဧပြီ ၂၇ – ၂၀၂၅ SN (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ ဧပြီ ၂၇ ရက်၊ မနက်ပိုင်းက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ နေပြည်တော် – ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၄၁/၄) နဲ့ (၄၁/၃) ကြားမှာ Toyota Townace Light Truck (အဖြူရောင်) ကားတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာလိုက်ပါလာသူ အမျိုးသား လေးယောက်၊ အမျိုးသမီး ရှစ်ယောက်၊ ကလေး (မိန်းကလေး) နှစ်ယောက်၊ စုစုပေါင်း ၁၄ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းက အပင်ကို ဝင်တိုက်ပြီး…
Read MoreDay: April 27, 2025
လားရှိုးမှာ နစကဘက်က ဝန်ထမ်း တချို့စတင် ဝင်ရောက်လာ
ဧပြီ ၁၉၊ ၂၀၂၅ Shy V( VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းကစ နစကဘက်က ဝန်ထမ်း တချို့စတင် ဝင်ရောက်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကား အစီး ၂၀၊ ၃၀ လောက် ဝင်လာတာ တွေ့တယ်။ ရှေ့ပြေးကား ကတော့ စစ်ဝတ်စုံနဲ့။ ကျန်တဲ့ ကားတွေကတော့ အရပ်ကားတွေ။ ဝန်ထမ်းတွေပဲလား၊ စစ်သားတွေပါလား၊ ဘယ်သူတွေလဲ ဆိုတာ မသိပါဘူး” လို့ ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။ မြို့ထဲမှာတော့ ကိုးကန့် MNDAA ရဲတွေနဲ့ စစ်သားတွေ တချို့ သွားလာနေကြတာတွေ့ရတယ်လို့ သူက ပြောပါတယ်။ လဝက အပါအဝင် အရပ်ဘက် ဆိုင်ရာ ရုံးဝန်ထမ်းတွေ အရင်ဝင်ရောက်လာမယ်လို့လည်း ကြားသိထားရတယ်လို့ ဆိုပါတယ်။…
Read Moreမြန်မာပြည်သူ ၆ ဒဿမ ၃ သန်း အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ UNICEF သတိပေး
နယူးယောက်၊ ဧပြီ-၂၀-၂၀၂၅ ရတီ(VOM) မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် သီတင်းသုံးပတ်အကြာမှာ လူဦးရေ ၆ ဒဿမ ၃ သန်းဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ အပူလွန်ကဲခြင်း၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိမှု အကန့်အသတ်နဲ့ အခြားသောအခြေအနေတွေမှာ နေထိုင်နေကြရတာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာတွေနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့ သတိပေးထားပါတယ်။ ဒါအပြင် အသက်ငါးနှစ်အောက်ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဟာ အာဟာရချို့တဲ့မှုနဲ့ ဆက်လက်ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂနဲ့ အခြားသော အဖွဲ့တွေဟာ ငလျင်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက်ပံ့ပိုးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းကို အဓိကထိခိုက်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်းမြေငလျင်ကြောင့်…
Read Moreပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်သွားပြီလို့ ဗာတီကန် ကြေညာ
ဗာတီကန်၊ ဧပြီ-၂၁-၂၀၂၅ မျိုးဆက်(VOM) ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဗာတီကန်က ဒီကနေ့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဗာတီကန် Casa Santa Marta ရှိ သူနေထိုင်ရာ နေရာမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဘ၀တခုလုံးဟာ ဘုရားသခင်နဲ့ အသင်းတော်ရဲ့ အမှုတော်အတွက် အပ်နှံခဲ့တယ်လို့ ဗာတီကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အီစတာပွဲတော်ကာလ ထောင်ပေါင်းများစွာသော ဝတ်ပြုသူတွေကို ဆုတောင်းပေးဖို့ လူမြင်ကွင်းကို ထွက်ပေးလာပြီးနောက် တရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ပန်းနာရင်ကြပ်ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်က ရောမမြို့ရှိ ဆေးရုံမှာ ကာလအတန်ကြာ ကုသမှုခံယူခဲ့ရပြီးနောက် မကြာသေးခင်မှာ ဆေးရုံက ဆင်းလာတာပါ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၂၃…
Read Moreလားရှိုးပြန်ရဖို့ တရုတ်ရဲ့ကြားဝင်စေ့စပ်တဲ့ လုပ်ဆောင်ချက်တွေအပေါ် ဒေသခံတွေရဲ့ သဘောထားအမြင်
ဧပြီ ၂၃၊ ၂၀၂၄ Shy V ( VOM ) တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူး ဆိုပေမယ့် အခုလက်ေတွ့ အခြေနေနဲ့ ကွာခြား နေပါတယ်လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ “တရုတ်က အရှေ့မြောက် လမ်းကြောင်းတစ်ခုလုံးကို နစက တပ်ဖွဲ့ကို ပြန်ရစေချင်တယ်။ ဒါမှ ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို သူတို့ကောင်းကောင်း အသုံးချလို့ရမယ်။ တရုတ်က အမျိုးသားသင့်မြတ်ရေး ဆိုပြီး အင်တာဗျူးမှာပြောထားတယ်။ ကျနော်တော့မထင်ဘူးဗျ။ မြန်မာပြည်သူတွေကို သဘောကောင်းချင်ယောင်ဆောင်ပြီး သူ့အကျိုးစီးပွားကို မြန်မာပြည်ထဲထိ ထဲထဲဝင်ဝင် လာလုပ်တယ်လိုမြင်ပါတယ်ဗျ။” လို့ သူက ရှင်းပြပါတယ်။ ကူမင်းမှာ ဆွေးနွေးတဲ့အချိန် ကိုးကန့်ကို ဖိအားအမျိုးမျိုးပေးခဲ့ပြီး နစက တပ်ဖွဲ့ကို လေယာဉ်နဲ့ ဗုံးကြဲတာမလုပ်ဖို့ ၊လားရှိုးကို ပြန်အပ်ဖို့ ကိုးကန့်ကို ပြောပေးမယ်ဆိုပြီး အဲလိုကြားထဲကနေ ညှိပေးတာမျိုး…
Read Moreနိုင်ငံခြားသား အလည်အပတ်ဗီဇာ ပြန်လည် ခွင့်ပြု
ဧပြီ ၂၂ – ၂၀၂၅ SS (VOM) နိုင်ငံခြားသားတွေအတွက် အွန်လိုင်းမှတဆင့် အလည်အပတ် ဗီဇာ လျှောက်ထားမှုကို မနေ့ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ ပြန်လည် ခွင့်ပြုပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့၊ အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲ အခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအတွက် အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ဧပြီ ၃ ရက်နေ့မှ စတင်ကာ ယာယီ ရပ်တန့်ထားခဲ့တာဖြစ်ပြီး ၁၉ ရက် အကြာမှာတော့ ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံခြားသားတွေအတွက် အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ပြန်ဖွင့်ပေးတာပါ။ eVisa လို့လည်း ခေါ်တာပေါ့။ ငလျင်ကြောင့်…
Read Moreကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဒေသပြင်ပက လာရောက်သူတွေကို ဝင်ခွင့်တင်းကြပ်
ဧပြီ ၂၃၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဧပြီလ ၁၈ ရက်နေ့ကစ ဒေသ ပြင်ပက လာရောက်သူတွေကို ဝင်ခွင့် တင်းကြပ်ထားကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “နေထိုင်ခွင့် စာအုပ်လုပ်ရတယ်။ ဒေသခံတွေကလွဲလို့ နေထိုင်ခွင့် စာအုပ်မလုပ်ရင် နေလို့မရဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဒေသခံ သူဌေး၊ လုပ်ငန်းရှင် အာမခံ နဲ့ နေထိုင်ခွင့် စာအုပ် လုပ်ရတယ်လို့ သူက ပြောပါတယ်။ “ဗမာ လူမျိုးပဲ မဟုတ်ပါဘူး။ ဘာလူမျိုးမဆို နေထိုင်ခွင့်ကဒ် မရှိရင်နေလို့မရပါဘူး။ ၁၈ ရက်နေ့ ကနေ အခုချိန်ထိပဲ။ အလည်အပတ်လည်း မရပါဘူး။” လို့ ယာဉ်မောင်း တယောက်ကပြောပါတယ်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဘက် သွားရင်လည်း…
Read Moreငလျင်သင့်ဒေသတွေမှာ ကျန်းမာရေးအန္တရာယ် ပိုမိုမြင့်မားနေ
ဂျီနီဗာ၊ ဧပြီ-၂၃-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် အိုးအိမ်စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ရသူတွေမှာ တီဘီ၊ အိတ်ချ်အိုင်ဗွီနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေအပါအဝင် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဆက်တိုက်မြင့်တက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်မလှုပ်ခင်ကတည်းက လူပေါင်း ၃ ဒဿမ ၅ သန်းကျော် နေရပ်စွန့်ခွာနေရပြီး ငလျင်ကြောင့် ပိုမိုတိုးပွားလာနေကာ အမိုးအကာတွေ၊ မိလ္လာနစ်ညံ့ဖျင်းမှု၊ အဆောက်အအုံတွေ ပျက်စီးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကန့်အသတ်ရှိနေတာက ရောဂါဖြစ်ပွားမှုအန္တရာယ်ကို ထိခိုက်လွယ်အခြေအနေတခုမှာ ပိုမိုတွန်းပို့နေတယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံဟာ တီဘီရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ခန့်မှန်းလူဦးရေ ၁၆၇၀၀၀ ကျော် ရောဂါဖြစ်ပွားခဲ့ပြီး ၂၂၀၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ဒီထဲမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်နေသူတွေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ငလျင်ပြီးနောက် တုံ့ပြန်မှုအဖြစ် သုံးသပ်မှုတွေပြုလုပ်ပြီးနောက် အချို့နေရာတွေမှာ တီဘီရောဂါ…
Read Moreမြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီး
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဟု Tiktok အကောင့်မှ တစ်ဆင့် မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင် လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့်လိုက်ပါ ဆောင်ရွက်ခဲ့ သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း အသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့် မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ…
Read Moreရွှေလီရောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာလုပ်သားတွေကို နေထိုင်ရာအခန်းထိ ဖမ်းဆီးနေ
ဧပြီ ၂၅၊ ၂၀၂၅ Shy V (VOM) မြန်မာ – တရုတ်နယ်စပ်၊ ရွှေလီရောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာ လုပ်သားတွေကို လတ်တလော နေထိုင်ရာ အခန်းတွေထိ ဖမ်းဆီးနေကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။ “နေတဲ့အိမ် လိုင်းခန်းတွေ၊ စားသောက်ဆိုင်တွေက အလုပ်သမားတွေပါ ပါသွားတာ။ အပေါ်ဈေးက လိုင်းခန်းတွေ၊ နေတဲ့ အိမ် အခန်းတွေရှိတယ်လေ။ အဲဒါတွေရော တခန်းဝင်၊ တခန်းထွက်နဲ့ စစ်တာ အဲလိုမျိုး။ တရားမဝင်ခိုးဝင်၊ တပတ်ကတ် အကုန် ခေါ်သွားတာ။” လို့ မြန်မာ ဈေးသည် တယောက်က ပြောပါတယ်။ ရွှေလီစက်မှုဇုံ၊ တောင်ပေါ်စျေးဘက်က မြန်မာ လုပ်သား တရားမဝင်တွေရော၊ တပတ်ကတ်တွေရော အယောက် ၅၀ ကျော်လောက်ပါသွားကြတယ်လို့ သူက ပြောပါတယ်။ ကိုဗစ်ကာလ လော့ဒေါင်း တုန်းကတည်းနေ နေတဲ့…
Read More