ဒေလီ၊ ဧပြီ-၂၆-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယထိန်းချူပ်ထားတဲ့ ကက်ရှ်မီးယားဘက်မှာ ကမ္ဘာလှည့်ခရီးသွားတွေ ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုအပြီးမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေပြီး ဒီကနေ့မှာလည်း နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေအကြား ဒုတိယမြောက်နေ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသ အိန္ဒိယနဲ့ ပါကစ္စတန်ပိုင်းခြားထားတဲ့ မိုင် ၄၆၀ ရှည်တဲ့ နယ်စပ်နယ်စပ်ရှိ ပါကစ္စတန်စစ်စခန်းအချို့က ညသန်းခေါင်လောက်ကစတင်ခဲ့တဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကို အိန္ဒိယစစ်တပ်က တုံ့ပြန်ခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ဆိုပါတယ်။
ပြီးခဲ့တဲ့နေ့ ညသန်းခေါင်လောက်ကလည်း ပါကစ္စတန်တပ်တွေက ပစ်ခတ်မှုတွေတချို့ ပြုလုပ်ခဲ့တယ်လို့ အိန္ဒိယဘက်မှာ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။ ပါကစ္စတန်ဘက်ကတော့ ဒီကိစ္စကို မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ကက်ရှ်မီးယားဒေသမှာ ဧပြီ ၂၂ ရက်က တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး ပါကစ္စတန်နိုင်ငံသားနှစ်ယောက်အပါအဝင် လူသုံးယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖော်ထုတ်ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ပါကစ္စတန်က ငြင်းထားပြီး ဒီကိစ္စပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
တိုက်ခိုက်မှုပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ သံတမန်တွေကို နှင်ထုတ်တာ၊ လေကြောင်းပြေးမှုတွေ ရပ်ဆိုင်းတာ၊ ဗီဇာထုတ်ပေးမှုရပ်တန့်တာ အပြန်အလှန်လုပ်ဆောင်ခဲ့ပြီး ရေခွဲဝေရေး အထင်ကရ ရေခွဲဝေရေး စာချုပ်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
အိနိ္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ရေး ဆယ်စုနှစ်များစွာ အငြင်းပွားခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ရံဖန်ရံခါ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိပါတယ်။ နှစ်နိုင်ငံစလုံးက မျှဝေထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတခုလုံးကို ပို်ငဆိုင်ကြောင်း နှစ်နိုင်ငံစလုံးက အခိုင်အမာဆိုထားကြပြီး ဒီကိစ္စကြောင့် စစ်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
Ref:Reuters
Photo:Reuters