၀န်းသိုနယ်မှာ စစ်တပ်နဲ့ဆက်သွယ်လို့ဆိုကာ ဒေသခံ ခုနှစ်ယောက်ကို ေဒသတွင်းလက်နက်ကိုင်အဖွဲ့တခုက သတ်ဖြတ်



ဧပြီ ၂၇၊၂၀၂၅
WT(VOM)

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၀န်းသိုမြို့နယ် အာမခံကျေးရွာမှာ ဧပြီ ၂၆ မနေ့မနက်ပိုင်းက ဒေသခံ ခုနှစ်ယောက်ကို စစ်တပ်နဲ့ ဆက်သွယ်လို့ဆိုကာ ၀န်းသို PDF အဖွဲ့က ကျေးရွာအတွင်း၀င်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ၀န်းသိုမြို့ခံတွေဆီက သိရပါတယ်။



” မနေ့က မနက်အစောပိုင်းက ၀န်းသို PDF အဖွဲ့က ရွာထဲကို ၀င်ရောက်သတ်သွားတာဖြစ်တယ် ၊အသတ်ခံရသူ ခုနှစ်ယောက်က စစ်တပ်နဲ့ ဆက်သွယ်လို့ပြောပြီး သတ်တာဖြစ်တယ် သေဆုံးသူတွေကတော့၊ မြို့သစ် (၁) ရပ်ကွက်မှာနေတဲ့ ကိုလင်း သူ့မိန်းမ မနန္ဒာလှိုင် ၊ကလေးတယောက် အပါအ၀င် မိသားစု သုံးယောက်ဖြစ်တယ် နောက်ပြီး ၊စက်၀န်းမှာနေတဲ့ မအေးသူနဲ့ သူ့ကလေး နှစ်ယာက် ၊နောက်ပြီး မ၀င်းရီ မချစ်စုတို့ဖြစ်တယ် ၊ကောင်လေးတွေကိုတော့ ငယ်ပါနေရာတွေကို ထုပြီးသတ်သွားတာဖြစ်တယ် အသတ်ခံရသူ စုစုပေါင်း ခုနှစ်ယောက်ဖြစ်တယ်၊ ” လို့ ဒေသခံတယောက်က ပြောပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်းသိုPDFကထုတ်ပြန်တာမတွေ့ရသေးသလို VOM အနေနဲ့လည်း ဆက်သွယ်ဖို့ခက်ခဲလို့ သီးခြားအတည်ပြုချက်တော့ မရရှိပါဘူး။



ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ၀န်းသိုနယ်မှာ လေကြောင်းတိုက် ခိုက်ခံမှုတွေ ဖြစ်ပွားခဲ့လို့ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါသေးတယ်။



၀န်းသိုမြို့နယ်မှာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အပြန်အလှန်စွပ်စွဲခံရပြီး အကြမ်းဖက် သတ်ဖြတ်ခံရသူ လူတရာကျော်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို သတ်ဖြတ်ခံရသူေတွထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေလည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW