ဧပြီ၂၇၊၂၀၂၅
Ms (VOM)
မန္တလေးမြို့မှာလှုပ်ခေတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးရဲ့ ဒဏ်ကြောင့် နှစ်စဉ်တိုင်းကျင်းပနေတဲ့ဂျပန်ဘာသာ (JLPT)စာမေးပွဲစာဖြေဌာနများအဖြစ် အသုံးပြုမယ့်တက္ကသိုလ်နဲ့ ကျောင်းတွေပျက်စီးခဲ့တဲ့အတွက် စာမေးပွဲဖြေဆိုရမယ့် နေရာတွေပြောင်းရွေ့ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့JLPT စာမေးပွဲကျင်းပရေး ကော်မတီ ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းက သိရပါတယ်။
ဂျပန်ဘာသာ (JLPT)စာမေးပွဲ ကို ယခင်နှစ်တွေက ရန်ကုန်နဲ့မန္တလေး မြို့ ၂မြို့မှာ စာဖြေဌာနတွေဖွင့်လှစ်ကျင်းပပေးခဲ့ပေမယ့် ယခုနှစ်မှာတော့ ငလျင်ကြောင့် စာဖြေဌာနပြုလုပ်မယ့် အဆောက်အအုံတွေပျက်စီးခဲ့လို့ရန်ကုန်မှာပဲ စာမေးပွဲဆက်လက်ကျင်းပမှာဖြစ်ရာ မန္တလေးစာဖြေဌာနမှာဖြေဆိုရန်စာရင်းပေးထားသူတွေအနေနဲ့ရန်ကုန်စာဖြေဌာနမှာပြောင်းရွှေ့ဖြေဆိုနိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။
” အဆောက်အအုံ အခက်ခဲကြောင့် မန္တလေးမှာမကျင်းပနိုင်တာက အဲ့ဒီမှာဖြေဖို့ကျွန်တော်တို့လိုလျှောက်တဲ့သူတွေအတွက်ပိုခက်ခဲတာပေါ့။အချိန် နှစ်လကျန် ပါသေးတယ်ဗျာ။ မန္တလေးမှာ အခြားနေရာတွေရှိ ပါတယ်။ တစ်နေရာရာ မှာ ပြုလုပ်စေချင်တယ်။ ရန်ကုန်သွားမဖြေနိုင်လို မန္တလေးကို လျှောက်တာ။ ရန်ကုန်အတွက်လမ်းစရိတ်တွေ ထပ်ကုန်ရမယ်ဆိုတော့ စာမေးပွဲကို ဖြေဖို့ကိုလက်လျော့ရတော့မှာပဲဖြစ်နေတယ်လို့” ဂျပန်ဘာသာစာမေးပွဲဖြေဆိုမယ့်သူတယောက်ကပြောပါတယ်။
လာမယ့်ဇူလိုင်လမှာ ကျင်းပဖို့ရှိတဲ့ ဂျပန်ဘာသာစကား စာမေးပွဲLevel အားလုံး ရန်ကုန်မြို့မှာပြောင်းလဲ ဖြေဆိုသွားရမှာဖြစ်ပြီး ဖြေဆိုရန်အခက်အခဲရှိပါကစာမေးပွဲလျှောက်ထားမှုကိုပယ်ဖျက်(Cancel)ပြီးစာမေးပွဲကြေးကိုပြန်လည်ထုတ်ယူဖို့လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
စာမေးပွဲလျှောက်ထားမှုကို ပယ်ဖျက်လိုတဲ့ စာဖြေသူများအနေဖြင့် Google Form Link >> https://forms.gle/qQP81DXtFtu9prf97ဖော်ပြပါ Google Form မှ တစ်ဆင့် ၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မှ ၂၀၂၅ မေလ ၁၂ ရက်နေ့ (ညနေ ၄ နာရီ) အတွင်း စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
Photo- Cj