ဧပြီ ၂၇ ၊၂၀၂၅ SP (VOM) . မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသမှာ အခုရက်ပိုင်းအတွင်း PDF အဖွဲ့က သူတို့ တပ်ဖွဲ့မှာ စစ်မှု့ထမ်းကြဖို့ လူသစ်စုဆောင်းတာတွေ အမိန့်ထုတ် ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဂန့်ဂါမြို့နယ် မြောက်ပိုင်းမှာနေတဲ့ ဘော်ပြင်းရွာခံတယောက်က သူတို့ဒေသရဲ့ လက်ရှိအခြေအနေကို ခုလိုပြောပြပါတယ်။ ” စစ်မှု့ ထမ်းဖို့ အမိန့်စာထုတ်တာက အခုရက်ပိုင်းမှာ ဖြစ်တယ် ၊ အဲ့ဒီအမိန့်စာကြောင့် ယောဒေသမှာ လူငယ်တွေအများစု ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ဂန့်ဂေါမြို့နယ်မှာ လက်ရှိနေထိုင်တဲ့သူ ၊ တနယ်လုံးပေါင်း တသိန်းမပြည့်ဘူး ၊ ရွာတွေမှာက ပြည်ပထွက်တဲ့သူက ပြည်ပထွက်ကြတယ် ၊တချို့ကတော့ တခြားမြို့ရွာတွေဆီကို ပြောင်းရွေ့သွားကြတယ် ၊အဲ့ဒီလို ပြောင်းရွေ့သွားကြတဲ့ လူငယ်တွေကို ရှိရင်းစွဲ နေရပ်ကို ပြန်လာခဲ့ဖို့ ဖုန်းဆက်ခေါ်ခိုင်းတယ် ၊ ရွာကို ပြန်မလာခဲ့ရင် ကျောင်းဆရာ ၊ဆရာမ…
Read MoreMonth: April 2025
၀န်းသိုနယ်မှာ စစ်တပ်နဲ့ဆက်သွယ်လို့ဆိုကာ ဒေသခံ ခုနှစ်ယောက်ကို ေဒသတွင်းလက်နက်ကိုင်အဖွဲ့တခုက သတ်ဖြတ်
ဧပြီ ၂၇၊၂၀၂၅WT(VOM)စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၀န်းသိုမြို့နယ် အာမခံကျေးရွာမှာ ဧပြီ ၂၆ မနေ့မနက်ပိုင်းက ဒေသခံ ခုနှစ်ယောက်ကို စစ်တပ်နဲ့ ဆက်သွယ်လို့ဆိုကာ ၀န်းသို PDF အဖွဲ့က ကျေးရွာအတွင်း၀င်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ၀န်းသိုမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်အစောပိုင်းက ၀န်းသို PDF အဖွဲ့က ရွာထဲကို ၀င်ရောက်သတ်သွားတာဖြစ်တယ် ၊အသတ်ခံရသူ ခုနှစ်ယောက်က စစ်တပ်နဲ့ ဆက်သွယ်လို့ပြောပြီး သတ်တာဖြစ်တယ် သေဆုံးသူတွေကတော့၊ မြို့သစ် (၁) ရပ်ကွက်မှာနေတဲ့ ကိုလင်း သူ့မိန်းမ မနန္ဒာလှိုင် ၊ကလေးတယောက် အပါအ၀င် မိသားစု သုံးယောက်ဖြစ်တယ် နောက်ပြီး ၊စက်၀န်းမှာနေတဲ့ မအေးသူနဲ့ သူ့ကလေး နှစ်ယာက် ၊နောက်ပြီး မ၀င်းရီ မချစ်စုတို့ဖြစ်တယ် ၊ကောင်လေးတွေကိုတော့ ငယ်ပါနေရာတွေကို ထုပြီးသတ်သွားတာဖြစ်တယ် အသတ်ခံရသူ စုစုပေါင်း ခုနှစ်ယောက်ဖြစ်တယ်၊ ” လို့ ဒေသခံတယောက်က…
Read Moreနှစ် ၉၀ ပြည့် အင်းဝတံတား
မြန်မာနိုင်ငံ၏ တောင်မြောက် အလျားလိုက်ကို ဧရာဝတီမြစ်သည် အရှည်လျားဆုံး ဖြတ်သန်းထား၏။ ယင်းသို့ ဖြတ်သန်းရာတွင် အလယ်ရိုးမ၊ မင်းဝံတောင်ကြောတွင် ဘူမိဗေဒသဘောအရ အရှေ့အနောက် တစ်ဆစ်ချိုး စီးဆင်းခဲ့သည်။ ထို့ ကြောင့် မြန်မာနိုင်ငံ၏ တောင်နှင့်မြောက်ကို ဒိုးလျှိုးပေါက် ဆက်သွယ်ရေးတွင် စစ်ကိုင်းမြို့အနီးရှိ တောင်မြောက်မှ အရှေ့နောက်သို့ စီးဆင်းနေသော ဧရာဝတီမြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိက အချက်အချာ ကျသော သဘာ၀ တံခါးမကြီးနေရာ ဖြစ်ပါ၏။ တရုတ်ပြည်နယ်စပ် မူဆယ်၊ လားရှိုးမှ သီပေါ၊ ကျောက်မဲကို ဖြတ်ကာ မန္တလေးမှ တဆင့် အနောက်ဘက် အိန္ဒိယပြည် မိုးရေးနယ်စပ်သို့ လည်းကောင်း၊ ရန်ကုန် တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) ရန်ကုန်၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမှ…
Read More