ဒေလီ၊ မေ-၁၀-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြည့်အ၀နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို လိုက်နာနေပေမယ့် အိန္ဒိယစစ်တပ်အနေနဲ့ သတိရှိရှိ နိုးနိုးကြားကြားနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် လိုအပ်တာတွေကို စတင်ပြင်ဆင်နေတယ်လို့ အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အမြဲတမ်းကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ အမေရိကန်က တညတာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ရလဒ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်း ပါဟယ်ဂမ်မှာ ခရီးသွား ၂၆ သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့လက စစ်သွေးကြွတိုက်ခိုက်မှုအပြီး အိန္ဒိယစစ်တပ်ဟာ ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို ဒုံးကျည်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုစတင်ပြီးနောက် နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု ၊ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း…
Read MoreDay: May 11, 2025
သီပေါဘက်မှာ ကိုးကန့် MNDAA တွေ အင်အား ထပ်ဖြည့်လာ
မေ ၁၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဘက်မှာ မေလ ၉ ရက်နေ့ကစ ကိုးကန့် MNDAA တွေ အင်အား ထပ်ဖြည့်လာနေကြောင်း ေဒသခံတွေဆီက သိရပါတယ်။ “ယမန်နေ့ မေလ ၉ ရက်နေ့က ရှမ်းမြောက် သီပေါမြို့နယ်ဘက် ကိုးကန့် MNDAA တပ်ဖွဲ့တွေ စစ်အင်အား ဖြည့်တင်းလာတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ဘက်ကရော SSPP/SSA တပ်ဖွဲ့ ဘက်ကရော အင်အားဖြည့်တင်းနေတာသိရပေမယ့် အင်အား အရေအတွက်တော့ မသိရဘူးလို့ ဆိုပါတယ်။ “ကိုးကန့် ကားတွေကတော့ ဖြတ်တယ်။ စစ်အင်အားဖြည့်လား မဖြည့်လားတော့ မသိဘူး။ ပြန်ရှုပ်လာမယ်လို့ အသံထွက်နေတာ။ မသိပါဘူး။ လောလောဆယ်တော့ အေးဆေးပါပဲ။ SSPP/SSA တွေကတော့ ဟိုး အရင်ကတည်းက…
Read Moreချောင်းဦးနယ်က အလှူပွဲ လေကြောင်းတိုက်ခိုက်ခံရ သုံးယောက် သေဆုံး ၊ ငါးယောက် ဒဏ်ရာရ
မေ ၁၁ ၊ ၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ မေလ ၁၀ရက်က ကျင်းပပြုလုပ်တဲ့ ရှင်ပြုနားသ အလှူပွဲတခုမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးသူတွေ ရှိခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ သုံးပန်လှရွာခံတယောက်က ” အလှူပွဲက အကြီးအကျယ်ပြုလုပ်တဲ့ ပွဲမျိုးမဟုတ်ဘူး ၊ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်တဲ့ အလှူပွဲမျိုးဖြစ်တယ် မနေ့က၊ အလှူမဏ္ဍပ်၀င်မယ့် ရက်ဖြစ်တယ် ၊အဲ့ဒါ မနေ့က ၁၂ နာရီ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရတယ် ၊မောင်ရှင်လောင်း တယောက်အပါအ၀င် အလှူဒါယကာနဲ့ အမျိုးသား သုံးေယာက် ထိခိုက် သေဆုံးတယ် ၊ဒါ့အပြင် အလှူဒါယာကာမနဲ့ သူ့သမီး နားသပါတဲ့ ကောင်မလေးက ဒဏ်ရာရတယ် ” လို့ ပြောပါတယ် ။ အဲ့ဒါကြောင့် ဒီကနေ့မှာကျရောက်မယ့် အလှူပွဲရက်ဟာ ပျက်သွားတယ်လို့ သိရပါတယ် ။…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၁)
ဆူးငှက် “ အရှေ့လားသော် တာနားရွာငယ်၊ အောင်ပင်လယ်တည့်၊ အနောက်လားသော် ရုပ်ပွားရွှေစင် မုနိရှင်တည့်၊ တောင်သို့လားသော် တံတားသာဟန် တောင်သမန်တည့်၊ မြောက်သို့လားသော် နွမ်းပါးယွင်းယို ရွှေနန်းအိုတည့်၊ သိပ္ပံမြေအား ဗဟိုထား၍ ငါကားတုံ့ခေါက် ထောင့်တိုင်းရောက်သည် စိတ်နောက် ကိုယ်ပါခဲ့သည်လေး ရွှေမန်းယခင်ရှေး” တဲ့။ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီက ဥပစာကောလိပ်၊ ယူနီဗာစီတီကောလိပ်၊ မန္တလေးတက္ကသိုလ်တည်းဟူသော သိပ္ပံမြေကို ဗဟိုပြုပြီး မန္တလေးရဲ့ အရပ်၄မျက်နှာကို ဒီလိုရေးဖွဲ့ခဲ့ပါတယ်။ ကျွန်တော်က ငလျင်လှုပ်ပြီး နောက်ရက် မန္တလေးကို ရနိုင်သလောက် လှည့်ပတ်ကြည့်ရှုရင်း ဒီကဗျာကို သတိရနေပါတယ်။ ဟိုအရှေ့အောင်ပင်လယ်မှသည် အနောက် မြစ်ဆိပ်၊ ဟိုတောင်ဘက် တောင်သမန်မှသည် မြောက်ဘက် မန္တလေးတောင်၊ သည်ကြား ရောက်ခဲ့ မြင်ခဲ့ရသမျှ ငလျင်ဒဏ်ကြောင့်ပုံကျ ပြိုလဲ တိမ်းစောင်း ယိမ်းယိုင်နေသည့် အဆောက်အအုံတွေချည်း တွေ့မြင်နေရတယ်။ ဆရာဇော်ဂျီ ဗဟိုပြုခဲ့တဲ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးလည်း…
Read Moreမေ ၁၅ ရက်မှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတပူတင် အဆိုပြု
မော်စကို၊ မေ-၁၁-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးရေးအတွက် ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပြီး နှစ်ဖက်ဆွေးနွေးမှုတွေကို မေ ၁၅ ရက်မှာ နှောင့်နှေးမှုမရှိ စတင်သင့်တယ်လို့ ပြောပါတယ်။ ပဋိပက္ခတွေရဲ့ မူလဇစ်မြစ်ကို ဖယ်ရှားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဖို့ လေးနက်တဲ့ ဆွေးနွေးပွဲတွေကို ရှာဖွေနေတယ်လို့ ကရင်မလင်နန်းတော်ကနေ ပြီးခဲ့တဲ့ညက ပြောတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပူတင်က ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ပြင်သစ်သမ္မတ မက်ခရိုအပါအင် ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းကို သွားရောက်ခဲ့ပြီး ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ရုရှားကို တိုက်တွန်းပြီးနောက် ပူတင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။ ရုရှားအနေနဲ့ ဒါကိုစဉ်းစားမှာဖြစ်ပေမယ့် ရုရှားအပေါ်ဖိအားပေးမှုတွေကတော့ အလုပ်မဖြစ်ဘူးလို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်စကော့ဗ်က ပြောပါတယ်။ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးအသစ်ရရှိနိုင်ဖို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ…
Read Moreချင်းပြည်မှာ အိမ်သုံးဆားတွေ ရှားပါးသလို တချို့ပြတ်လပ်နေ
မေ ၊ ၁၀၊ ၂၀၂၅ KH(VOM ) ချင်းပြည်နယ်ထဲက မြို့ရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာက စလို့ နေအိမ်သုံးဟင်းခပ်ဆားတွေ ပြတ်လပ်နေပြီး ၀ယ်ယူမရဖြစ်နေတာကြောင့် ဆားစျေးတွေ အဆမတန် မြင့်တက်လာနေတယ်လို့ တီးတိန်မြို့ခံ တွေဆီက သိရပါတယ် ။ ” ဟင်းခပ်ဆားတွေ နေရာတိုင်းမှာ လိုလို ပြတ်လပ်နေတယ် ၊၀ယ်ယူလို့ မရဘူး ၊အခု လက်ရှိ ဆားစျေးက မီဇိုရမ်းဘက်က၀င်လာတဲ့ ဆားက တပိသာကို လေးထောင်ကျပ် ၀န်းကျင်မှာ စျေးနူန်းပေါက်တယ် ” လို့ တီးတိန်မြို့ခံ ကုန်စုံဆိုင် လုပ်ငန်းရှင် မငယ်က ပြောပါတယ်။ ချင်းပြည်နယ်မှာ ဆားတွေ အဆတန်မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ ချင်းပြည်နယ်ထဲကို ပခုက္ကူ ၊ ဂန့်ဂေါ ၊ ကလေး ၊ စတဲ့ မြို့တွေအပြင်…
Read More