စကားပြောကောင်းပြီး လူတွေကို ညတိုင်းဗုံးကြဲသူ လို့ ပူတင်ကို ဒေါ်နယ်ထရန့် ဝေဖန်

ဝါရှင်တန်၊ ဇူလိုင်-၁၄-၂၀၂၅
မျိုးဆက်(VOM)
ရုရှားသမ္မတ ပူတင်ဟာ စကားပြောကောင်းပြီး ညတိုင်း ဗုံးကြဲနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝေဖန်ပြောဆိုလိုက်ပြီး ဒါဟာ ပူတင်အပေါ် ထရန့်ရဲ့ စိတ်ပျက်လာမှု အရိပ်လက္ခဏာဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
“ ပူတင်က စကားပြောကောင်းတယ်။ ဒါပေမယ့် ညနေပိုင်းရောက်ရင် လူတိုင်းကို ဗုံးကြဲနေတယ် ” လို့ ထရန့်က ဆိုပါတယ်။ အမေရိကန်အနေနဲ့ ယူကရိန်းအတွက် အလွန်ခေတ်မီတဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးပို့သွားမယ်လို့လည်း သူက ပြောပါတယ်။
ပေးပို့မယ့် စစ်လက်နက်တွေထဲမှာ ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေပါဝင်မယ်လို့ ထရန့်က အတည်ပြုပါတယ်။ ယူကရိန်းအတွက် အလွန်အမင်းလိုအပ်နေတဲ့ တိုက်ခိုက်ရေး လက်နက်မျိူးတွေကို အမေရိကန်က ပေးအပ်လိမ့်မယ်လို့ သတင်းတွေကလည်း ဆိုပါတယ်။
ပက်ထရီးယော့ ဒုံးကျည်တွေ ပေးပို့မှုဟာ စစ်ပွဲအဖြေကို ချက်ချင်းပြောင်းလဲနိုင်မှာ မဟုတ်ပေမယ့် အလွန်စွမ်းဆောင်ရည်ကောင်းမွန်းပြီး စျေးနှုန်းကလည်း ကြီးမြင့်ကာ ဒုံးကျည်တစင်းကို ဒေါ်လာ သုံးသန်း တန်ဖိုးရှိပါတယ်။ ဒီဒုံးကျည်စနစ်ဟာ ရုရှားရဲ့ Kinzhal လိုမျိုး ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို ကာကွယ်နိုင်တဲ့ ဒုံးကျည်စနစ်အနည်းငယ်ထဲက တခုဖြစ်ပါတယ်။
ရုရှားဟာ လတ်တလောမှာ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်နေပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့တွေ ပြန်လည်ရရှိနေပြီလို့ သမ္မတ ဇီလန်စကီးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ဖော်ပြောကြားထားပါတယ်။
ဒီအတောအတွင်း ယူကရိန်းဆိုင်ရာ အမေရိကန်သံတမန် ကီလ်လော့ဟာ ယူကရိန်းမြို့တော် ကိဗ်ယက်ကို ရထားတဲ့ ရောက်ရှိနေပြီး သမ္မတ ဇီလန်စကီးက သွားရောက်ကြိုဆိုခဲ့ပြီး အမေရိကန်နဲ့ ယူကရိန်းတို့အကြား ဆက်ဆံရေး ပြန်လည်တိုးတက်လာတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:BBC
Photo:News Break

Related posts

Leave a Comment

VOM News

FREE
VIEW