မိုင်းပေါက်မှာ တောင်ကျရေကြီးလို့ လေးဦးသေဆုံး

ဇူလိုင်၂၃-၂၀၂၅
နွယ်နီ/VOM
UWSA “ဝ” တပ်ဖွဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့မိုင်းပေါက်မြို့မှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် ရဲအရာရှိတဦးအပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ “ဝ” တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၂ ရက်နေ့မှာ တောင်ကျရေတွေ မြို့ထဲစီးဝင်လာချိန် ကားအတွင်း ပိတ်မိနေတဲ့ သူတွေကို ကယ်ဆယ်ဖို့ သွားတဲ့ အသက် ၂၇ နှစ်အရွယ် ရဲအရာရှိတဦးလည်း တောင်ကျရေကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၃ ရက်နေ့အထိ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးထားပြီး၊ အဲဒီထဲက ရုပ်အလောင်းနှစ်လောင်း ရရှိထားတယ်လို့ “ဝ” တပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ဝ” တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုညီရမ်းကတော့ ရေကြီးတဲ့နေရာမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ပြောပါတယ်။
“ရေကတော့ ကျပါပြီ။ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မိုင်းပေါက်နဲ့ ပန်ဆန်းဒေသတွေမှာ အခုလိုပဲ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့လို့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။
အခုရက်ပိုင်း မိုးကြီးနိုင်တာကြောင့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့ အခြေအနေအဖြစ်နဲ့ ပတ်သက်ပြီး ဂရုပြုနေထိုင်ကြဖို့အတွက် “ဝ” ဒေသတာဝန်ရှိသူတွေက ညွှန်ကြားထားတယ်လို့ “ဝ” ဒေသအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံ ​ဒေသခံတဦး
ပုံစာ – ရေနစ်မြုပ်ခဲ့သည် မိုင်းပေါက်မြို့အား ဇူလ်ိုင် ၂၂ရက်နေ့ကတွေ့ရစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW