ဇူလိုင်၂၃-၂၀၂၅ နွယ်နီ/VOM UWSA “ဝ” တပ်ဖွဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့မိုင်းပေါက်မြို့မှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် ရဲအရာရှိတဦးအပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ “ဝ” တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့မှာ တောင်ကျရေတွေ မြို့ထဲစီးဝင်လာချိန် ကားအတွင်း ပိတ်မိနေတဲ့ သူတွေကို ကယ်ဆယ်ဖို့ သွားတဲ့ အသက် ၂၇ နှစ်အရွယ် ရဲအရာရှိတဦးလည်း တောင်ကျရေကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၃ ရက်နေ့အထိ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးထားပြီး၊ အဲဒီထဲက ရုပ်အလောင်းနှစ်လောင်း ရရှိထားတယ်လို့ “ဝ” တပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “ဝ” တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုညီရမ်းကတော့ ရေကြီးတဲ့နေရာမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ပြောပါတယ်။ “ရေကတော့ ကျပါပြီ။ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်”…
Read MoreDay: July 24, 2025
PDF တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို နစကတပ် ပြန်လည်ထိန်းချုပ်
ဇူလိုင် ၂၃ ၊၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့ကို နစကတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သပိတ်ကျင်း မြို့တွင်းကိုဝင်ရောက်ကာ ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။ အရင်ရက်တွေကတည်းက သပိတ်ကျင်းမြို့နယ်ဘက်မှာ PDF နဲ့ နစက တပ်တွေအကြားတိုက်ပွဲ ပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ကြောင်း ၊ နစကဘက်မှ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဇူလိုင် ၂၂ ရက်နေ့မှာတော့ နစကမှ မြို့တွင်းကိုဝင်ရောက်ပြီး ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။ နစကတပ်တွေဟာ သပိတ်ကျင်းမြို့ထဲက ဆေးရုံ ၊ဘဏ်တွေ ၊ မြို့မရဲစခန်း ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင် ဥပဒေရုံး ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ခန်းမ အစရှိတဲ့ မြို့တွင်း နေရာတွေကို ထိန်းချုပ်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း နစကဘက်မှ ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ ” မနေ့ညကတည်းက သပိတ်ကျင်းမြို့ကို…
Read Moreရေနီမြောင်းဇာတိမြေ(၁)
ဆူးငှက် မန္တလေးဆောင်းသည် တစ်ကြော့ပြန်အစွမ်းပြနိုင်ဖို့ လွန်ခဲ့သည့် ရက်အနည်းငယ်က ညပိုင်း အအေးဓာတ် အနည်းငယ်လျော့ သွားတတ်သည်။ သို့သော် သိပ်မကြာ။ ခရစ်စမတ်ညချမ်းသည် နှစ်ကူးညအထိ အအေးဓာတ်က တဖြည်းဖြည်းပိုလာတော့၏။ နှစ်သစ်ကူး မည့် ဒီဇင်ဘာလ (၃၁) ရက်ညမှာတော့ သိသိသာသာ အေးလာပြန်သည်။ သို့သော် သန်းခေါင်တိတိအချိန် ၁၂ နာရီထိုးသံကို စောင့်မျှော် ပျော်ပါး မြူးတူးကြသူ တွေမို့ အအေးဒဏ်ကို သတိမရတစ်ချက် ရတစ်ချက် .. တကယ်တော့ ဒီဇင်ဘာ (၃၁) နှစ်သစ်ကူးညကို ကမ္ဘာ့အဆင့်မီစွာ ပျော်ရွှင်မြူးတူး ဆင်နွှဲကြခြင်းဓလေ့ကား ခေတ်စားလာတာ လေးငါးခြောက်နှစ် ရှိရောပေါ့။ ထိုညတွင် ဟိုတယ်များ၊ စားသောက်ဆိုင်ခန်းမများ၊ ဘီယာဂါးဒင်းများ၊ ကာရာအိုကေခန်းများအထိ နှစ်သစ်ကူးအထူးအစီအစဉ်များကို ဝှဲချီးကျင်းပကြ၏။ နှစ်သစ်ကူးညချမ်းကား လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးနှင့်သက်ဆိုင်စွာ ဆင်နွှဲပျော်ပါးကြခြင်းဖြစ်သည်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားအရွယ် လွန်ခဲ့သော နှစ်…
Read Moreမြဝတီမှာ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်
ဇူလိုင် ၂၄ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဆက်တိုက်မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်လွန်လာတာကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်တွေ ရေနစ်မြုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကညမိုးဆက်တိုက်ရွာသွန်းတဲ့အခြေအနေကြောင့် သောင်ရင်းမြစ်ရေ တိုးလာကာ မြစ်ကမ်းဘေးက အနိမ့်ပိုင်းရပ်ကွက်တွေအပြင်မြို့တွင်းမှာပါ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ ” ရေက ခုမနက်ပိုင်းတင်ကို ထပ်တိုးနေတာ။အနိမ့်ပိုင်းကအိမ်တွေဆို နှစ်ထပ်အိမ်တွေမှာအောက်ထပ်တွေမြုပ်ကုန်ပြီ။တချို့တထပ်အိမ်တွေဆိုခေါင်မိုးထိကုန်တယ်။မနှစ်က ၂၀၂၄ ရေကြီးမှုစံချိန်ကိုရောက်နေပြီ။ရေထပ်မတက်ဖို့ပဲဆုတောင်းတယ်။အခုတော့ မိုးမရွာဘူး။ ” လို့ မြဝတီဒေသခံကပြောပါတယ်။ လက်ရှိ အဓိက ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေတာက သဲပုံဂိတ် ၊ အမှတ်၂ ရပ်ကွက် ၊ အမှတ် ၅ ၊ အမှတ် ၁ ဖြစ်ပြီး ကျန်တဲ့ ချစ်ကြည့ရေးတံတား အမှတ် ၁ ထိပ်လမ်း စတဲ့ မြို့တွင်းအနိမ့်ပိုင်းနေရာအားလုံးမှာ ရေဝင်ရောက်မှုရှိနေပြီဖြစ်တယ်လို့သိရပါတယ်။…
Read Moreပင်စင်စားနဲ့ စမတ်ကတ်ဒုက္ခ
SN (VOM) အသက် ၇၈ နှစ်အရွယ် ဒေါ်မြင့်ရီ တယောက် ဒီကနေ့မှာတော့ လဝကရုံး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန) ကို သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သမီးဖြစ်သူကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အိတ်တလုံးထဲကို ထည့်ပေးနေတာပါ။ “မှတ်ပုံတင် အရေးကြီးတယ်နော်။ မေ့နေဦးမယ်။ စမတ်ကတ်လုပ်ရင် မှတ်ပုံတင် မပါလို့မရဘူး” လို့ ဒေါ်မြင့်ရီရဲ့ သားဖြစ်သူက အနားကနေ သတိပေးနေပါတယ်။ ကျောက်ကပ်နဲ့ ဆီးချိုဝေဒနာသည် တယောက်ဖြစ်တဲ့ ဒေါ်မြင့်ရီအတွက် ကျန်းမာရေး ခဏတာ အပေါင်းလက္ခဏာ ပြလာတဲ့အချိန်မှာ လဝကရုံးကိုသွားဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။ အိမ်အပြင်မှာတော့ မိုးက တိတ်လိုက်၊ ရွာလိုက်နဲ့ ဖြစ်နေပါတယ်။ “မိုးအခြေအနေကလည်း ဘယ်လိုမှန်းမသိဘူး။ မိုးထဲရေထဲ အမေ့ကို မသွားစေချင်ပေမယ့် အမေ့ကျန်းမာရေးကလည်း တနေ့ ရွှေ၊ တနေ့ ငွေ ဆိုတော့ ကျန်းမာရေး…
Read Moreထိုင်းက နယ်စပ်တွေပိတ်လိုက်ပြီး ကမ္ဘောဒီးယားဘက်ကို F-16 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ
ဘန်ကောက်၊ ဇူလိုင်-၂၄-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေအကြား ယခုမနက်အစောပိုင်းက နယ်စပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံရဲ့ F-16 တိုက်လေယာဉ်တွေက ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုပြောဆိုလိုက်ပါတယ်။ နယ်စပ်မှာ ရက်သတ္တပတ်အတော်ကြာ တင်းမာနေတဲ့ အခြေအနေတွေကနေ အခုလို ပဋိပက္ခတွေ ဆက်လက် ဖြစ်လာခဲ့တာပါ။ ဒီကနေ့ ပစ်ခတ်မှုတွေအတွင်း အနည်းဆုံး အရပ်သား နှစ် ယောက် သေဆုံးသွားပြီလို့ သိရပါတယ်။ ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့ F-16 တိုက်လေယာဉ် ခြောက်စင်းထဲက တစင်းဟာ ကမ္ဘောဒီးယားဘက်ကို ပစ်ခတ်ပြီး စစ်ရေးပစ်မှတ်တစ်ခုကို ဖျက်ဆီးလိုက်တယ်လို့ ပြောပါတယ်။ ဒီပဋိပက္ခကို ဘယ်ဘက်က စတင်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ထိုင်းစစ်တပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Richa Suksuwanon ကတော့ စီမံချက်အတိုင်း စစ်ရေးပစ်မှတ်တွေကို…
Read Moreရန်ကုန်မြစ်ထဲမှာ သဗ္ဗာန်တစီးမှောက်လို့ သုံးယောက်ပျောက်နေ
ဇူလိုင် ၂၄ ၊ ၂၀၂၅ GG (VOM) ရန်ကုန်မြစ်အတွင်းမှာ ဒီနေ့ဇူလိုင် ၂၄ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ခရီးသည်တင်ဆောင်လာတဲ့ သဗ္ဗာန်တစီးတိမ်းမှောက်ပြီး လူ သုံးယောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ ဒလမြို့နယ် ၊ သမ္မတကမ်းခြေ သမ္ဗန်ဆိပ်ကနေ ဗိုလ်တထောင်ဆိပ်ကမ်းကို မောင်းနှင်လာတဲ့ သဗ္ဗာန်ဖြစ်ပြီး ရန်ကုန်မြစ်လယ်အရောက်မှာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် သဗ္ဗာန်တိမ်းမှောက် ခဲ့တာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ သဗ္ဗာန်ပေါ်မှာ မောင်းသူနဲ့ ခရီးသည် ၁၀ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊လက်ရှိပျောက်ဆုံးနေသူထဲ သဗ္ဗာန်မောင်းသူလည်းပါဝင်တယ်လို့သိရပါတယ်။ ” ရန်ကုန်မြစ်လယ်အရောက်မှာ လေဆင်နှာမောင်းတိုက်တာနဲ့တိုးပြီး သဗ္ဗာန်မှောက်သွားတာလို့သိရတယ်။အခုက သဗ္ဗာန်မောင်းသူလည်းပျောက်နေတယ်။နောက်ထပ်ခရီးသည်နှစ်ယောက်လည်းရှာမတွေ့သေးဘူး။ ရှာဖွေမှုတွေလုပ်နေတုန်းပဲ။” လို့ လူမှုကူညီရေးအသင်း ဝင်တယောက်ကပြောပါတယ်။ ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေတဲ့ သဗ္ဗာန်အများစုမှာ အသက်ကယ်အကျီင်္ ဆောင်ထားမှုမရှိသလောက်အလွန်နည်းတာကြောင့် မတော်တဆ သဗ္ဗာန်တိမ်းမှောက်တဲ့အခါ လူသေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်း တွေ ဖြစ်ပွားနေရတာဖြစ်တယ်လို့သိရပါတယ်။ ” သဗ္ဗာန်တော်တော်များများမှ အသက်ကယ်အကျီင်္ မရှိဘူး။မထားကြဘူး။ ဒီတော့ တခုခုဆို…
Read Moreလူ ၅၀ လိုက်ပါသွားတဲ့ ရုရှားခရီးသည်တင်လေယာဉ် ပျောက်ဆုံး
မော်စကို၊ ဇူလိုင်-၂၄-၂၀၂၅ ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ လူ ၅၀ လိုက်ပါသွားတဲ့ An-24 ခရီးသည်တင်လေယာဉ်တစင်းဟာ ရုရှားအရှေ့ဖျားပိုင်းမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Angara လေကြောင်းလိုင်းရဲ့ ဒီလေယာဉ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အမ်မာ ဒေသက Tynda မြို့ကို ချဉ်းကပ်နေစဉ် ရေဒါကနေ ပျောက်သွားတယ်လို့ ပြောပါတယ်။ လေးယာဉ်ပေါ်မှာ ကလေး ငါးယောက်အပါအဝင် ခရီးသည် ၄၃ ယောက်နဲ့ လေယာဉ်အမှုထမ်း ခြောက်ယောက် ပါဝင်နေတယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ကနဦးအချက်အလက်တွေအရ ပြောပါတယ်။ လေယာဉ်ကိုရှာဖွေဖို့ လိုအပ်တဲ့ အဖွဲ့တွေနဲ့ နည်းလမ်းတွေကို အသုံးပြုနေပါပြီ လို့ သူက တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။ အရေးပေါ်ဝန်ကြီးဌာနကတော့ လေယာဉ်ပေါ်မှာ လူ ၄၀ နီးပါးရှိတယ်လို့ ဆိုထားပြီး…
Read Moreမွန်ပြည်နယ်မှာ လေဆင်နှာမောင်းတိုက်လို့ အိမ်ခြေရာနဲ့ချီ ပျက်စီး
ဇူလိုင်လ ၂၄၊ ၂၀၂၅ GG (VOM) လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ပေါင်မြို့နယ်၊ကျိုက်ထို နဲ့ သထုံမြို့နယ်တွေမှာ နေအိမ်အဆောက်အဦးရာနဲ့ချီပြီး ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီမှသိရပါတယ်။ ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့ ၇ နာရီခွဲလောက် မှာ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပေါင်မြို့နယ်မှာဆိုရင် ရန်ကုန် – မော်လမြိုင်ကားလမ်းဘေး ပေါင်းရပ်ကွက်၊ ဝင်းခလုံးရပ်ကွက်၊ ထားဝယ်စုနဲ့ မိုးနိုင်း ရပ်ကွက်တွေကနေအိမ် ၁၀၀ လောက်ထိခိုက်ပျက်စီး ခဲ့တာဖြစ်ပါတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို လူထိခိုက်ဒဏ်ရာရတာတွေလည်းရှိကြောင်း ၊ သစ်ပင်နဲ့ ဓာတ်တိုင်တွေ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ် လဲကျပိတ်ဆို့မှုဖြစ်ပွားခဲ့တဲ့အတွက်လည်း ကားလမ်း ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” အိမ်တွေကတော့တော်တော်ကို ပျက်စီးတာများတယ်။သစ်သားအိမ်လေးတွေကတော်တော်ပျက်စီးတယ်။နှစ်ထပ်အိမ်တွေ ၊တထပ်အိမ်တွေအကုန်ပါတယ်။လမ်းမကြီးဘေးတလျောက်ကပိုထိတယ်။အပင်တွေလည်းများတယ်။အိမ်တွေကတော့ သူတို့အစီအစဥ်နဲ့သူတို့လုပ်နေကြတယ်။လမ်းပိုင်းရှင်းလင်းရေးကတော့အခုပြီးသွားပါပြီ။ မနက် ၇ နာရီခွဲလောက်တိုက်တဲ့ လေဆင်နှာမောင်းကြောင့် အကုန်ထိခိုက်တာ။ကျွန်တော်တို့သက်တမ်းတလျှောက်ခုလို လေပြင်းတာ ဒါကဒုတိယအကြိမ်ပါ။အရင် နှစ် ၂၀ ကျော်လော်က…
Read Moreစစ်တွေမြို့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကာလရှည်ကြာပြတ်လပ်နေ
ဇူလိုင်၂၄ – ၂ဝ၂၅ KKO(VOM) စစ်တွေမြို့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကာလရှည်ကြာစွာပြတ်လပ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ လက်ရှိမှာအခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်အတွင်းမှာ AA လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်တို့အကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ပွားခဲ့ပြီး ယနေ့အထိရခိုင်ပြည်နယ်တဝှမ်းမှာတိုက်ပွဲတွေ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ “မြို့နေပြည်သူလူထုအကုန်လုံးဒုက္ခရောက်နေကြတယ်။စားဝတ်နေရေးအတော်လေးအခက်အခဲဖြစ်တယ်။အလုပ်အကိုင်တွေလည်းဘာမှအဆင်မပြေဘူးလေ။တချို့ဆိုဆန်ပြုတ်သောက်ရတယ်၊တချို့မိသားစုတွေဆိုဆန်ဝါတွေတောင်စားနေရတဲ့အခြေအနေဖြစ်တယ်” လို့ စစ်တွေမြို့နေ ဒေသခံတယောက်က VOM ကို ပြောပါတယ်။ စစ်တွေမြို့ပေါ်က အချို့သောနေရာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုတော့ NGO အဖွဲ့တွေကထောက် ပံ့တာတော့ရှိပေမယ့် လုံ လောက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။ “ဒါကလည်းမလုံလောက်ဘူးပေါ့။စစ်တွေမြို့ရဲ့ အခုလက်ရှိအခြေအနေက ရိက္ခာပြတ်လပ်တယ်၊ဆေးဝါးပြတ်တယ်။ပြည်သူလူထုက ကြားထဲက ဒုက္ခ ရောက်နေကြရတယ်။ဒါက အတော်လေးရင်နာဖို့ကောင်းပါတယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။ ဒါအပြင် စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် မကြာသေးမီကာလအပိုင်းအခြားအတွင်းက စစ်မြို့ပေါ်က မိသားစုတစုဟာ…
Read More