လှိုင်းဘွဲ့နဲ့ ဘားအံမှာ သံလွင်မြစ်ရေ မြင့်တက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာ စတင်ရွှေ့ပြောင်း

ဇူလိုင် ၂၆ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်က လှိုင်းဘွဲ့မြို့နဲ့ ဘားအံမြို့မှာ သံလွင်မြစ်ရေ မြင့်တက်လာတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို စတင်ရွှေ့ပြောင်းနေရတယ်လို့ ပရဟိတ အသင်းအဖွဲ့တွေဆီက သိရပါတယ်။ မနေ့ ဇူလိုင် ၂၅ ရက်၊ မနက် ၁၀ နာရီဝန်းကျင်ကစပြီး လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာမှာ သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် အဲဒီ ကျေးရွာက ရွှေပြည်တော်ရပ်ကွက်နဲ့ ရွာသစ်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းရှိ နေအိမ်တွေထဲ ရေဝင်ရောက်မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရွှေဂွန်းနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာကို ကူညီ ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။ “‌လောလောဆယ် ရေဘေးသင့် ပြည်သူတွေကို ရွှေဂွန်းအထက် ဘုန်းတော်ကြီးကျောင်းကို ရွှေ့ပြောင်းပေးထားပါတယ်။ အခုအချိန်က ရေတက်ရက်နဲ့ ကြုံနေတော့ ရေအတက်မြန်နေတယ်။ နောက်ရက်တွေမှာလည်း ရေထပ်တက်နိုင်ခြေ…

Read More

မြန်မာနိုင်ငံအတွက် ဥပဒေကြမ်း ၃ ခု အမေရိကန် လွှတ်တော်ကော်မတီများ အတည်ပြု

မြန်မာနိုင်ငံအတွက် ဥပဒေကြမ်း ၃ ခုကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် ဘဏ္ဏာရေး ကော်မတီ က အတည်ပြုလိုက်ကြောင်း သိရသည်။ဥပဒေကြမ်း ၃ ခု မှာ “BRAVE မြန်မာဥပဒေကြမ်း”၊ “မြန်မာ GAP ဥပဒေကြမ်း” နှင့် “မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း” များဖြစ်ပြီး ဇူလိုင်လ ၂၂ ရက် က အတည်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။BRAVE မြန်မာဥပဒေကြမ်းမှာ မြန်မာ အစိုးရအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် အရင်းအမြစ်ကို ဖြတ် တောက်ပြီး လေကြောင်း တိုက်ခိုက်မှု လုပ်နိုင်စွမ်းကိုလည်း ကျဆင်းစေမည် ဖြစ်ကြောင်း အမေရိကန် လွှတ်တော်အမတ် ဘေလ်ဟိုင်ဇင်ဂါ က ပြောကြားထားသည်။“ရီပတ်ပလီကန်နဲ့ဒီမိုကဒီမိုကရက်တစ် ပါတီနှစ်ခုက ပေါင်းပြီးတင်တာ။ အောက်လွှတ်တော်က အတည်ပြုတာမဟုတ်ဘူး၊ ကော်မတီက အတည်ပြုတာပဲ ဖြစ်တယ်။ ဆိုတော့ ဒါက တော်တော် အရေးမကြီးသေးတဲ့အဆင့်ပဲ။…

Read More

ဂါဇာလူဦးရေ သုံးပုံတပုံ အစာရေစာ ပြတ်လပ်ပြီး စားနပ်ရိက္ခာအကျပ်အတည်း ပိုဆိုးလာ

ဂါဇာစီးတီး၊ ဇူလိုင်-၂၆-၂၀၂၅ ရတီ(VOM) ဂါဇာမှာ လူသုံးယောက်ကို တယောက်နှုန်း သို့မဟုတ် လူဦးရေသုံးပုံတပုံဟာ ရက်အတန်ကြာ အစာရေစာ ပြတ်လပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သတိပေးလိုက်ပါတယ်။ ဂါဇာမှာ အမျိုးသမီး နဲ့ ကလေးငယ် ကိုးသောင်းကျော်ဟာ အာဟာရချို့တဲ့မှုကြောင့် အရေးပေါ် ကုသမှုလိုအပ်နေပြီး ဂါဇာမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် အကူအညီပေးရေး အဖွဲ့တွေကလည်း သတိပေးမှုတွေ ရှိနေပါတယ်။ ဇူလိုင် ၂၅ ရက်မှာ လူ ကိုးယောက် ထပ်မံသေဆုံးခဲ့ပြီး စစ်ပွဲစတင်ကတည်းက အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူအရေအတွက် ၁၂၂ ယောက်ထိ ရှိလာတယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ အစ္စရေးကတော့ အကူအညီများ ဝင်ရောက်မှုကို ကန့်သတ်ထားတာမရှိဘူးလို့ ဆိုထားပြီး အာဟာရချို့တဲ့မှုအတွက် ဟားမတ်စ်တို့ကို အပြစ်တင်ထားပါတယ်။ လာမည့်ရက်အနည်းငယ်အတွင်း ဂါဇာကို လေကြောင်းကနေ အကူအညီများချပေးတာကို ခွင့်ပြုနိုင်ကြောင်း…

Read More

မူဆယ်မှာ ဖုန်းနဲ့ငွေ လုတာမရလို့ အမျိုးသမီး တယောက်ခေါင်းကို ဓါးနဲ့အချက်များစွာ ခုတ်သတ်

ဇူလိုင် ၂၆၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဇူလိုင်လ ၂၆ ရက်မေ့ မနက်ပိုင်းက ဘုရားကုန်း‌မှာ အမျိုးသမီး တယောက် ဓားခုတ်ခံရလို့ သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ်မှာ ဖြစ်တာ။ ဖုန်းနဲ့ ငွေလုတာ မပေးလို့ ခုတ်ခံရတာလို့ သိရတာ။ ဓားပြ တိုက်တဲ့ ပုံစံ ဖြစ်သွားတာပေါ့။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မလွယ်တိန်ခမ်း တောင်ပေါ် အလှူခံတဲ့ နေရာမှာ ဒီနေ့ ဇူလ်ုင်လ ၂၆ ရက်နေ့ မနက်က ဖြစ်သွားတာလို့ သိရတယ်လို့ သူက ပြောပါတယ်။ “လွယ်တိန်ခမ်း နောင်ပေါ်မှာ ဖြစ်တာ ဟုတ်တယ်။ ပန်းခြံနား ဘေးက လမ်းရှိတယ်လေ။ သူက အဲဒီဘက်ကနေ ဆင်းလာတာလို့ ပြောတယါ။…

Read More

အရက်မူးပြီး လမ်းလျှောက်လာသူ YBS တိုက်မိပြီး ပွဲချင်းပြီးသေဆုံး

ဇူလိုင် ၂၆ – ၂ဝ၂၅ KKO(VOM) အရက်မူးပြီးလမ်း လမ်းလယ်ခေါင်ကနေ လမ်းလျှောက်လာသူအမျိုး သားတယောက်က YBS 133 ယာဉ်ကိုဝင်တိုက်မိပြီး နောက်ပြန်လဲကျကာ ဦးခေါင်းပွင့်ဒဏ်ရာနဲ့ အခင်း ဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ရတဲ့ဖြစ်စဉ်တခု ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ ဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ ဇူလိုင် ၂၅ ရက်၊ညနေပိုင်းက ရန်ကုန်မြို့၊ယုဇနဥယျာဥ်မြို့တော်၊(၉၄) ရပ်ကွက်၊ကျွန်းရွှေဝါလမ်းမပေါ် မြသီတာပန်းခြံရှေ့မှာဖြစ်ပွားခဲ့တာလို့ နယ်မြေခံလူမှု့ကူညီရေးသမားတွေက ပြောပါတယ်။ “ပတ်ဝန်းကျင်ရဲ့‌ပြောစကားအရဆိုရင်ကားဆရာရဲ့အမှားတော့မဟုတ်ပါဘူး။ကားဆရာက လူကိုထိမှာဆိုးလို့ ဆွဲရှောင်တာလို့တောင်ပြောပါတယ်။လမ်းလျှောက်လာသူက ကားကိုတည့်တည့်ဝင်တိုးသလိုဖြစ်တာပေါ့နော်။ကားက လူကိုရှောင်ရင်းလမ်းဖက်တောင်ရောက်တယ် ပြောတယ်။ဒါကဘေးပတ်ဝန်း ကျင်ကပြောစကားအရသိရတာပေါ့။ကျွန်တော်တို့အဖွဲ့တွေရောက်သွားတော့လူနာ အသက်မရှိတော့ပါဘူး။ဦးခေါင်းထိခိုက်ဒဏ်ရာပေါ့၊နောက်စေ့ပွင့်ဒဏ်ရာနဲ့ပဲ အခင်းဖြစ်နေရာမှာဆုံးပါးသွားပါတယ်”လို့ နယ်မြေခံလူမှု့ကူညီရေးသမားတယောက်က VOM ကို ပြောပါတယ်။ YBS ယာဉ်နဲ့ မတော်တဆဖြစ်မိပြီး သေဆုံးသွားခဲ့သူမှာ အသက် ၅၂ နှစ်ဝန်းကျင်ရှိ ဦး….လုံခြုံရေး ဝန်ထမ်းအမျိုးသားတယောက်ဖြစ်ပြီး အခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူအမျိုးသားရဲ့Dead Body(DB)ကိုလည်း နယ်မြေခံလင်းပရဟိတကားနဲ့ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း လူမှုကူညီရေးသမားတွေက…

Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ကုလလုံခြုံရေးကောင်စီ တံခါးပိတ် စည်းဝေးကြပြန်

ကုလသမဂ္ဂ ၊ ဇူလိုင်-၂၆-၂၀၂၅ မျိုးဆက် (VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်က ချက်ချင်းပစ်ခတ်မှုရပ်စဲရေး တောင်းဆိုနေပြီး ထိုင်းဘက်ကတော့ နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးမှု ပြန်စေဖို့ တွန်းအားပေး နေပါတယ်။ ဒီအရေးပေါ်အစည်းအဝေးကို ကမ္ဘောဒီးယားဘက်က တောင်းဆိုမှုအရ သောကြာနေ့က ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ အခုထိ မသိရသေးပါဘူး။ ပစ်ခတ်တိုက်ခိုက်မှုတွေကို လုံးကို ချက်ချင်းရပ်စဲဖို့နဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ အစည်းအဝေးပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါအပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း နှစ်နိုင်ငံစလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့နဲ့ သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ် လို့ သံအမတ်က ဆိုပါတယ်။ ထိုင်းသံအမတ်ကတော့ ကမ္ဘောဒီးယားဟာ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ လုံခြုံရေးကောင်စီကို ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားကို…

Read More

မြိတ် – ပုလော လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ် ၊ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ၁၀ ယောက် သေဆုံး

ဇူလိုင် ၂၆ – ၂၀၂၅ SS (VOM) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ မနေ့ ဇူလိုင် ၂၅ ရက်၊ ညပိုင်းက ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာမှာ မနေ့ည ၁၀ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာ ရရှိခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုးယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒရုန်းနဲ့ လက်နက်ကြီးက ရှေ့ဆင့်နောက်ဆင့်ဆိုသလို အဲဒီ တနေရာတည်းကိုပဲ ကျတာ။ ဒရုန်းကျလို့ ကယ်ဆယ်ရေး…

Read More

စစ်ရေးတင်းမာနေလို့ ကယား နန်းမယ်ခုံမြို့နဲ့ ရွာ ၅၀ ကျော်က ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်း

ဇူလိုင် ၂၆ – ၂၀၂၅ SN (VOM) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက နန်းမယ်ခုံမြို့ဝန်းကျင်မှာ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်မှာစိုးရိမ်တာကြောင့် နန်မယ်ခုံမြို့နဲ့ ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံတွေဟာ မနေ့ ဇူလိုင် ၂၅ ရက်ကစပြီး အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတလျှောက်ကို နစကတပ်က ထိန်းချုပ်ပြီးနောက် နန်းမယ်ခုံမြို့နယ်အနီးကို ထပ်မံ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက နန်းမယ်ခုံတမြို့လုံးပဲ ပြောရမယ်။ အကုန်လုံး စစ်ရှောင်တာပါ။ ဖြစ်လာမှ ရှောင်တာထက် ကြိုရှောင်ထားတာ အကောင်းဆုံးပဲလေ။ ညကလည်း တညလုံးပဲ လက်နက်ကြီးနဲ့ ပစ်နေတာ အိမ်တွေပါတုန်တယ်။ အခု နစကတပ်တွေက ကယား ညေးခူကို ရသွားပြီ။ ဘုရားနီရွာနားကို…

Read More

ရေနီမြောင်းဇာတိမြေ (၂)

ဆူးငှက် တလောဆီကပင် ရန်ကုန်မှ ကွန်ပျူတာပညာရှင်တစ်ယောက်နှင့် တွေ့ဆုံကြပြီး IT နည်းပညာတွေ၊ အင်တာနက်ကိစ္စတွေ ဆွေးနွေးကြရင်း အိမ်အပြန်အတွက် လက်နှိပ်ဓာတ်မီး မပါလာတာ စိုးရိမ်ကြောင့်ကျနေမိ၏။ သို့သော် ကိစ္စမရှိ။ အိမ်မှာ ဓာတ်ခဲ ထရန်စစ္စတာ ရေဒီယိုလေးတစ်လုံးသာ ရှိလို့ သူတို့ IT ကိစ္စ၊ အင်တာနက်ကိစ္စ အသာထားပြီး ကုပ်ကုပ်လေး လှည့်ပြန်ခဲ့ရသည်။ ဤသို့ဖြင့် ကာလယန္တရားသည် မိမိတို့အပေါ် တဝုန်းဝုန်း ဖြတ်ကျော်သွားကြသည်။ ဖြတ်ကျော်နေကြသည်။ လွန်ခဲ့သော နှစ် ၂ဝ ကျော်က ဟောသည် ရေနီမြောင်းပေါင်ပေါ်မှာ ရည်းစားတစ်ယောက်၏ရှေ့နေရေး ထိုင်ရေးအတွက် စက်ဘီးလေးတစ်စီးစီးကာ ပူပန်ခဲ့ရသည်။ အခုရော မိသားစုအတွက် နိစ္စဓူဝ ပူပန်မောပန်းကာ စက်ဘီးလေး ဂျောက်ဂျောက်ဂျက်ဂျက် စီးနေရဆဲဖြစ်ပါသည်။ တော်သေးသည် မြို့ပြ၏ အခန်းကျဉ်း၊ ပုပ်ဟောင်နောက်ဖေးလမ်းကြား၊ စုပြုံမိသားစု၊ ကျိတ်ကျိတ်တိုး ဘတ်စ်ကား၊ မီးခိုးနံ့၊ ညှော်နံ့ ပေါင်းစုံဖြင့်…

Read More

မန္တ​လေး​ရွှေဆိုင် ဓါးမြမှုပစ်ခတ်မှုမှာ လူ ၂​ယောက်ဒဏ်ရာရ

ဇူလိုင် ၂၄-၂၀၂၅ Voice Of Myanmar မန္တ​​လေး မဟာ​အောင်​မြေမြိုနယ် မန်းမြို့​စျေး​အနီး ၃၉လမ်း ၈၄နဲ့ ၈၅ ကြားက”ရွှေနန်းသုခ” အာမခံ စိန်၊ ရွှေ ရတနာဆိုင်မှာ ဓါးမြတိုက်မှု ဒီ​နေ့ ဇူလိုင် ၂၄ည​နေ ၄နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဥ်မှာ ပစ်ခတ်မှု​တွေဖြစ်တယ်ဆိုလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကို ​မေးကြည့်​တော့ “စိစစ်ဆဲ ၆ ဦးပါ Honda Fit မော်တော်ယာဥ် အဖြူရောင်နဲ့ ကျား ၃ ဦး၊ မ ၁ ဦး ဆင်းလာပြီး ၁ ဦးက သေနတ် ၁ ချက် ပစ်ပြီး ဆိုင်ထဲကလူ​တွေ အားလုံးဝပ်နေလို့ အမိန့်​ပေးတယ်။ ပြီး​တော့ မှန်ကောင်တာ​တွေထဲက ရတနာပစ္စည်းတွေနဲ့ ငွေသား သိန်း ၃၀ ကျပ်ခန့်ကို လုယက်သွားတယ်” လို့ ဆိုပါတယ်။…

Read More
VOM News

FREE
VIEW