ဇူလိုင် ၂၆၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဇူလိုင်လ ၂၆ ရက်မေ့ မနက်ပိုင်းက ဘုရားကုန်းမှာ အမျိုးသမီး တယောက် ဓားခုတ်ခံရလို့ သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မူဆယ်မှာ ဖြစ်တာ။ ဖုန်းနဲ့ ငွေလုတာ မပေးလို့ ခုတ်ခံရတာလို့ သိရတာ။ ဓားပြ တိုက်တဲ့ ပုံစံ ဖြစ်သွားတာပေါ့။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မလွယ်တိန်ခမ်း တောင်ပေါ် အလှူခံတဲ့ နေရာမှာ ဒီနေ့ ဇူလ်ုင်လ ၂၆ ရက်နေ့ မနက်က ဖြစ်သွားတာလို့ သိရတယ်လို့ သူက ပြောပါတယ်။
“လွယ်တိန်ခမ်း နောင်ပေါ်မှာ ဖြစ်တာ ဟုတ်တယ်။ ပန်းခြံနား ဘေးက လမ်းရှိတယ်လေ။ သူက အဲဒီဘက်ကနေ ဆင်းလာတာလို့ ပြောတယါ။ ခုတ်တဲ့သူက ခုတ်ပြီး ပြေးပြီလေ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဓားခုတ်ခံရတဲ့ အမျိုးသမီးက ဦးခေါင်းမှာ အချက်များစွာ ခုတ်ခံရတာ ဖြစ်ပြီး လက်နဲ့ ခံလိုက်တော့ လက်ချောင်းတွေပါ ပြတ်ကုန်ကာ ဆေးရုံရောက်တော့ သေဆုံးသွားပြီလို့ သိရတယ်လို့ သူက ပြောပါတယ်။
မနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း စျေးထဲ ဟိုတယ် ရှေ့နား ပစ်ခတ်မှု ဖြစ်သေးပြီး မူဆယ်မှာ ကြောက်စရာ သတင်းတွေ့ နေ့တိုင်းတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ် ယောက် ဟာ ပစ်ခတ်မှု ဖြစ်ပွားကာ သေဆုံးမှု ရှိခဲ့တာ ဖြစ်ပါတယ်။
မူဆယ်မှာတော့ မူးယစ်ဆေးဝါး ပေါ်င်းစုံ အလွယ်တကူ ရနိုင်သလို ငွေလိမ်ကုမ္ပဏီ ရာချီရှိနေကာ လူတန်းစား ပေါင်းစုံနေထိုင်ရာ မြို့ဖြစ်တာကြောင့် ခိုးမှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု၊ ပြန်ပေူဆွဲမှု၊ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားကာ ကျူးလွန်သူတွေကိုတော့ အရေးယူနိုင်တာ မရှိသလောက် ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
