တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိ

ဇူလိုင် ၂၆ – ၂၀၂၅ SN (VOM) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့တာမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။ ဖြေဆိုသူ ၂၀၇၈၉၈ ယောက် ရှိတဲ့အနက် ၉၉၉၂၄ ယောက် အောင်မြင်ခဲ့တာဖြစ်ပြီး လက်ရှိ ကြေညာတဲ့ အောင်စာရင်းမှာ ငလျင်ကြောင့် ပြန်လည် ဖြေဆိုရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ “အောင်ချက်က ၅၀ ရာခိုင်နှုန်းနီးနီးရှိတယ်။ ဒီနှစ်က အောင်ချက်ကောင်းတယ် ပြောရမယ်။ အောင်စာရင်းကို ဝက်ဘ်ဆိုက်ကနေပဲ ကြည့်လိုက်တာ။ တခြားသူတွေ အတော်များများလည်း အဲဒီလိုပဲ။ ကျောင်းကို…

Read More

PPP ပါတီက လာမယ့်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်

ဇူလိုင် ၂၇ – ၂ဝ၂၅ KKO(VOM) PPP ပါတီက လာမယ့်ရွေးကောက် ပွဲမှာ တပြည်လုံးအတိုင်းအတာအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဌ ဒေါ်သက်သက်ခိုင်က ဒီကနေ့ ဇူလိုင်၂၇ ရက်​နေ့ ရန်ကုန်မြို့ဆီဒိုနားဟိုတယ်မှာပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ “၂ဝ၂၃ ခုနှစ်မှာပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ပါတီအနေနဲ့ ဆိုလို့ရှိရင် UEC ကသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရှိပါတယ် ။ဒါတွေလည်းကျွန်မတို့ပြည့်မီပြီးဖြစ်ပါတယ်။ ပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်မယ့်ပါတီအနေနဲ့ဆိုရင် မဲဆန္ဒနယ်ရဲ့တဝက်မှာယှဉ်ပြိုင်နိုင်ရမယ်။ ဒါကိုလည်းကျွန်မတို့ပါတီအနေနဲ့ မဲဆန္ဒနယ်တဝက်မကယှဉ်ပြိုင်သွားဖို့ရှိပါတယ်”လို့ PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်က သတင်းမီဒီယာတွေကို ပြောပါတယ်။ လက်ရှိမှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အနေနဲ့ ရွေးကောက်ပွဲကော်မရှင် UEC က ပါတီဝင်အဖြစ်သတ်မှတ်ထားတဲ့လူဦးရေ အရေ အတွက် ၉၃၅၀၈ ဦးရှိပြီးဖြစ်သော်လည် နောက်ပိုင်းမှာထပ်ဝင်လာတဲ့ ပါတီဝင်အရေအတွက်နဲ့ဆိုပါက ၁၃ဝ,ဝဝဝ လောက်ရှိနေတယ်လို့ဆိုထားပြီး ပါတီရုံးခန်း ၁၁ဝ ရှိရမယ့်နေရာမှာလည်း ဒါကိုကျော်လွန်ပြီး ပါတီရုံးခန်းပေါင်း ၁၃၇…

Read More

သထုံမြို့က မော်လမြိုင် – ရန်ကုန် ကားလမ်းမှာ ရေကြီးနေ

ဇူလိုင် ၂၆ – ၂၀၂၅ SS (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ရန်ကုန် – မော်လမြိုင်ကားလမ်း ရေကျော်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ရပ်ကွက်၊ ဘုရားကြီးလမ်းနဲ့ မြို့မဈေးရှေ့၊ မော်လမြိုင် – ရန်ကုန် ကားလမ်းမကြီးပေါ်မှာ မိုးရွာသွန်းမှုကြောင့် ၂ ပေခန့် ရေကျော်နေတဲ့အပြင် အောက်ကျင်း ရပ်ကွက်ဘက်မှာလည်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “မနက်ကတော့ ကားလမ်း ရေကျော်နေလို့ လမ်းယာယီ ပိတ်ထားလိုက်ရတယ်။ နောက်တော့ ဒီလမ်းအသုံးပြု သွားလာမယ့်သူ‌တွေ အခက်အခဲ မဖြစ်ရလေအောင်ဆိုပြီး မနက် ၁၀ နာရီလောက်ကျတော့ လမ်းပြန်ဖွင့်ပေးလိုက်တယ်။ ယာဉ်တွေကိုတော့ ဘေးနားကအိမ်တွေကို ရေရိုက်ခတ်မှု မဖြစ်အောင်…

Read More

အကျဥ်း​ထောင်ထဲက​နေ တက္ကသိုလ်ဝင်တန်း အောင်မြင်တာ ရာနှုန်းပြည့်တာအပြင် သုံးဘာသာဂုဏ်ထူးရှင် ခြောက်ယောက်ပါဝင်

ဇူလိုင် ၂၆ – ၂၀၂၅ SN (VOM) ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းထောင်တွေကနေ ဝင်ရောက် ဖြေဆိုခဲ့သူတွေထဲက အကျဉ်းသား ၁၇ ယောက် စာမေးပွဲ အောင်မြင်ပြီး သုံးဘာသာဂုဏ်ထူးရှင် ခြောက်ယောက် ပါဝင်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။ အင်းစိန် ဗဟိုအကျဉ်းထောင်နဲ့ မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) မှ အကျဉ်းသား ၁၇ ယောက် စာမေးပွဲ အောင်မြင်ခဲ့တာမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ စုစုပေါင်း ၁၄ ယောက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် အင်းစိန်ထောင်က ၁၀ ယောက် ဖြေဆိုတာမှာ သုံးဘာသာဂုဏ်ထူးရှင် တယောက်၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးယောက်၊ တဘာသာဂုဏ်ထူးရှင် လေးယောက်နဲ့ ရိုးရိုးအောင်သူ နှစ်ယောက်ရှိပြီး ဖြေဆိုသူအားလုံး အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မန္တလေး ဗဟိုအကျဉ်းထောင်မှလည်း…

Read More

ရေနီမြောင်း ဇာတိမြေ (၄)

ဆူးငှက် ကနဦးကဆိုခဲ့သလို ခရစ်စမတ်နေ့မှစ၍ အအေးပိုလာသော မန္တလေးဆောင်းသည် နှစ်သစ်ကူးရက်မှာလည်း အစွမ်းကုန် ပျော်ပါးမြူးတူး ပြီးနောက် ပြာသိုလပြည့် အဖိတ်နေ့ည အားကုန်သွန်ကြဲအေးတော့သည်။ ပြာသိုလပြည့်မနက်မှာတော့ ကွင်းကြီးတစ်ကွင်း လုံး နှင်းတွေအိနေအောင် ကျနေ၏။ နံနက် ၆ နာရီခွဲမို့ မတ္တရာရထားက ဥသြသံကွဲကွဲဖြင့် အအေးပတ် အသံဝင်ကာ ခုတ်မောင်းသွားသော်လည်း ကွင်းထဲကအိမ်လေးတွေ စောင်ခြုံကာ ငုတ်တုတ်ကွေးကောင်းနေတုန်းပဲ ရှိနေပါသည်။ နှင်းတွေဝေနေဆဲမှာပင် ပြုဖွယ်ကိစ္စမို့ ကလေးတွေ အတွက် အကြော်လေးတွေဝယ်ဖို့ ချမ်းချမ်း စီးစီး လမ်းလျှောက်ထွက်ခဲ့ပါသည်။ ကွင်းထဲကအထွက် လမ်းကလေးအချိုးမှာပင် သပြေခြံကြီးဘေးက ကွက်လပ်ကြီးထဲက သရက်ပင်ကြီးအောက်မှ တစ်ဘက်ရပ် ထောင်ထားသော ခြင်ထောင်တစ်လုံး၊ အိုးခွက်ပန်းကန် တောင်းပလုံးအချို့နှင့်အတူ ထင်းမီးဖို မီးခိုးတအူအူကို တွေ့ ရတော့သည်။ အား … ဒီလောက်ချမ်းတဲ့ကွင်းပြင်ထဲ ဘယ်ဈေးသည်များ ရောက်လာစတည်းချပါလိမ့်။ သည်နားမှာ ဘုရားလည်းမရှိ၊ ဓမ္မာရုံ လည်းမရှိ၊…

Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ဆွေးနွေးဖို့ သဘောတူပြီ

ဝါရှင်တန်၊ ဇူလိုင်-၂၇-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နှစ်ဖက်အကြား ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။ နယ်စပ်ပဋိ့ပက္ခတွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ထရန့်က ဆိုပါတယ်။ ခေါင်းဆောင်နှစ်ယောက်ဟာ ချက်ချင်းတွေ့ဆုံပြီး ဆွေးနွေးဖို့နဲ့ နောက်ဆုံးမှာ ငြိမ်းချမ်းရေးရယူဖို့ သဘောတူခဲ့တယ်လို့ ထရန့်က ပြောပါတယ်။ အဲဒီနှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ဖို့ ကြိုးစားနေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ဘယ်နိုင်ငံနဲ့မှ သဘောတူညီချက် မလုပ်ဘူးလို့လည်း သူက ဆိုပါတယ်။ ငြိမ်းချမ်းရေးရတဲ့အခါ နှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်းထရန့်က ပြောပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်မှာ လူ ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်မှာလည်း လူ ၁၃…

Read More

ဂရိ တောမီးလောင်ကျွမ်းမှု ဥရောပသမဂ္ဂကို အကူအညီတောင်းခံ

အေသင်၊ ဇူလိုင်-၂၇-၂၀၂၅ ရတီ(VOM) ဂရိနိုင်ငံမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေကြောင့် အေသင်မြို့မြောက်ဘက် ၃၀ ကီလိုမီတာအကွာ ဒေသက ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းနေရပြီး တောမီးငြှိမ်းသတ်ရေးအတွက် ဥရောပသမဂ္ဂဆီကနေ အကူအညီတောင်းခံထားပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်းကြားမှာ ဖြစ်ပွားနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမားရာနဲ့ချီပြီး ဖြန့်ကြက်ထားပါတယ်။ တနင်္ဂနွေနေ့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ “မီးသတ်သမားတွေ ဒဏ်ရာရနေပါပြီ။ အသက်အန္တရာယ်ရှိနေတယ်။ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးနေတယ်။ သစ်တောတွေ ပျက်စီးနေတယ်” လို့ ဂရိရဲ့ ရာသီဥတုအရေးပေါ်နှင့် ပြည်သူ့ကာကွယ်ရေးဝန်ကြီး Giannis Kefalogiannis က ပြောပါတယ်။ လေပြင်းနဲ့ အပူချိန်မြင့်တက်မှုတွေကြောင့် မီးလောင်မှုက ပိုဆိုးလာခဲ့ပါတယ်။ ဂရိနိုင်ငံက ဥရောပသမဂ္ဂထံမှ မီးသတ်လေယာဉ် ခြောက်စင်း အကူအညီတောင်းခံထားပါတယ်။ အေသင်မြို့တည်ရှိရာ Attica ဒေသမှာ စနေနေ့က Afidnes မှစတင်တဲ့မီးဟာ Drosopigi၊ Kryoneri နဲ့…

Read More
VOM News

FREE
VIEW