နောင်ပိန်ဘက်မှာ မပြင်းထန်ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

စက်တင်ဘာ ၂၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့နယ် နောင်ပိန်ဘက်မှာ လကိရှိ ကြိုကြား တိုက်ပွဲသံ ကြားနေရပေမယ့် ပြင်းထန်မှုမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲ ငြိမ်နေတယ်ဆိုပေမယ့် နောင်ပိန်နားမှာကြိုကြား ကြိုကြား အသံတွေတော့ ကြားနေရတာပေါ့။ ပြင်းပြင်းထန်ထန် မဖြစ်သေးပါဘူး။ စစ်ရေးတင်းမာနေတယ်။ ပြင်းထန်နိုင်ချေရှိတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြောသလောက် တိုက်ပွဲ ပြင်းထန်တာ မဟုတ်ပဲ ပစ်ခတ်တာ နည်းနည်းတော့ ရှိတာကြားရပေမယ့် စစ်ရေး ပြင်ဆင်နေတုန်းပါလို့ သူက ပြောပါတယ်။
ကျောက်မဲမြို့ထဲ လောလောဆယ် အေးဆေးပါဘဲ။ TNLA တွေလည်းမြို့ပြင် ခံစစ်တွေမှာဘဲ နေတာ။ စစ်တပ်က ထိုးမယ်ဆိုနောက် သုံးရက်လောက်မှ သိသာနိုင်မယ်လို့ သူက ရှင်းပြပါတယ်။
“စစ်တပ်က ကျောက်မဲနဲ့ တမိုင်ခန့် ရောက်လာပြီဆိုတဲ့ သတင်းလည်း မှားတယ်။ စစ်တပ်က ထိုးစစ် ထိုးမရသေးဘူးဆိုတာလည်း မှားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါယ်။
တနေရာကိုသိမ်းပြီးရင် နောက်ထပ် ထပ်ထိုးဖို့ ပြင်ဆင်ရသလို လမ်းက ပစ်ကူတွေ၊ စစ်ရေးဗျူဟာတွေ ချရသေးတာတွေ၊ မြို့တွေရှင်းရသေးတာ‌ေတွ‌ေကြာင့် ထင်သလောက် မြန်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
လူမှုကွန်ယက်က မဟုတ်မမှန် ကိုယ့်ဘက် ကိုယ် သာအောင် ရေးနေတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ပိုစိုးရိမ် သောက ရောက်ရတယ်လို့ဆိုပါတယ်။
‌ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ ဝန်းကျင်က ‌ကျောက်မဲမြို့နယ် ‌ေနာင်ပိန် ဘက်မှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့လို့ တိုက်ပွဲ အတွင်း ဒေသခံတွေ အများအပြား ထိခိုက်မှုရှိခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
နလအ တပ်ဖွဲ့ဘက်ကတော့ နယ်သပ်ကုန်သွယ်ရာ လမ်းပေါ်က နောင်ခ်ျုကို ဇူလိုင်လလယ်ခန့်က ပြန်လည် သိမ်းယူခဲ့ပီ့းနောက် ကျောက်မဲဘက်ကို ဦးတည် စစ်တင်နေတာ တွေ့ရပါတယ်။
Photo :Wikipedia

Related posts

Leave a Comment

VOM News

FREE
VIEW