ဒီဇင်ဘာ ၃၁ ၊ ၂၀၂၅
CC ( VOM )
မန္တလေးတိုင်း ၊ မိတ္ထီလာ မြို့နယ် မှာ စစ်မှုထမ်းကြေး ကောက်ခဲ့တဲ့ ဥယာဉ်ကျေးရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး နှစ်ယောက်ကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မိတ္ထီလာမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ်စီ ကျခံဖို့ အမိန့် ချမှတ် လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ရာအိမ်မှူး နှစ်ယောက်မှာ ဦးမြတ်မင်းသူ နဲ့ ဦးဇော်ထူး ဆိုသူတို့ ဖြစ်ကြောင်း ၊ ကျေးရွာအတွင်း နေထိုင်သူတွေ ဆီကနေ စစ်မှုထမ်း တဲ့အထဲ မပါရေး နဲ့ လူစားထိုး စစ်မှုထမ်းသူကို ပေးဖို့အတွက် ဆိုပြီး စစ်မှုထမ်းကြေးအဖြစ် ငွေ ကြေးကောက်ခံ နေတာကို တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေး တွေ့ရှိရတဲ့ အတွက် ဖမ်းဆီးပြီး တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ် လိုက်တာ ဖြစ်တယ်လို့ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ ဆီကသိရပါတယ်။
စစ်မှု ထမ်းကြေး ကောက်တဲ့ ရာအိမ်မှူး နှစ်ယောက်ကိုတော့ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒမ ၂၆ အရ ထောင်ဒဏ် ချမှတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” အဲဒီရွာမှာ ငွေကောက်နေတာ စုံစမ်း စစ်ဆေးချက်တွေအရ သက်သေတွေလည်း ရှိတော့ အမှုမှန်ပေါ်ပေါက်ပြီး မြို့နယ် ထွေအုပ်က အမှုဖွင့်လိုက်တာ ။သူတို့ကို အမှုဖွင့်ပြီး အာမခံပေးထားတာ ။
အခု မြို့နယ်တရားသူကြီးက အမိန့် ချလိုက်တာပါ ။ ” လို့ ဖြစ်စဥ်သိတဲ့ လုံခြုံရေးတပ်ဖွဲ့ နဲ့ နီးစပ်သူ ကပြောပါတယ်။
မိတ္ထီလာ မြို့နယ်ထဲမှာ နောက်ထပ်လည်း စစ်မှုထမ်းတဲ့အထဲ မပါဖို့ လုပ်ပေးမယ်ဆိုပြီး ငွေကျပ် သိန်း ၄၀ တောင်းခံ ခဲ့တဲ့ အမှုတခု တရားရင်ဆိုင်နေရတာ ရှိပြီး မကြာခင်မှာ အမိန့်ချမယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ် ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာလည်း စစ်မှုထမ်းစာရင်းမှာ မပါဖို့အတွက် လူစားထိုး ပေးမယ်ဆိုပြီး ငွေကြေးတောင်းခံ ရယူခဲ့တဲ့ မြို့နယ်ရဲမှူး ၊ အုပ်ချုပ်ရေးမှူး နဲ့ စာရေး စုစုပေါင်း သုံးယောက်ကို ဖမ်းဆီး အရေးယူခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာ တာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ထားပါတယ်။
မိတ္ထီလာလာ မြို့နယ် အပါမဝင် အခြားမြို့နယ်တွေ ထဲမှာလည်း စစ်မှုထမ်းစာရင်း မပါဖို့အတွက် ဆိုပြီး ငွေကြေး တောင်းခံမှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် တိုင်ကြားမှု မရှိသလောက် နည်းနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
အာဏာပိုင်တွေကတော့ ပြည်သူ့ စစ်မှုထမ်းဆင့် ခေါ်ရေးဆိုင်ရာ ကိစ္စရပ် နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ မသမာမှု နှင့်ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာ ဆက်သွယ်သတင်း ပို့နိုင် ကြောင်း နဲ့ သတင်းပို့ တိုင်ကြားဖို့ အတွက် တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့.ဖုန်းနံပါတ် တွေကို ထုတ်ပြန် အသိပေးထားပါတယ်။
မမှန်မကန်သတင်းပို့ခြင်း နဲ့ တိုင်ကြားခြင်း ပြုလုပ်ခဲ့ရင်တော့ ဖော်ထုတ်ပြီး တည်ဆဲဥပဒေ နဲ့ အညီ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း တဆက်တည်း အသိပေးထားပါတယ်။
စုံစမ်းမေးမြန်းရန် နဲ့ သတင်းပို့တိုင်ကြား ဖို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ဆက်သွယ်နိုင်တဲ့ ဖုန်းနဲပါတ် တွေကတော့
(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး (နေပြည်တော်)
(၁) ၀၆၇-၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၉၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅၀၁
(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ)
(၁) ၀၆၇-၄၅၅၀၄၈၈၊ ၀၆၇-၄၅၅၀၄၉၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၀၂
(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကချင်ပြည်နယ်)
(၁) ၀၉-၃၄၉၀၃၅၅၃၄၊ ၀၉-၃၄၉၀၃၈၃၇၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS) ပေးပို့ရန် ၀၉-၃၄၉၀၃၈၃၇၆
(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကယားပြည်နယ်)
(၁) ၀၉-၃၄၉၀၁၅၈၄၇၊ ၀၉-၃၄၉၀၁၄၄၈၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၁၀၀၆၆၃၈
(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကရင်ပြည်နယ်)
(၁) ၀၅၈-၂၀၂၄၅၃၀၊ ၀၅၈-၂၀၂၃၅၃၁
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၆၉၁၁၁၁၉၁၀
(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ချင်းပြည်နယ်)
(၁) ၀၇၀-၂၀၂၂၃၆၈၊ ၀၇၀-၂၀၂၂၅၉၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၈၉၀၉၃၇၅၇၄
(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)
(၁) ၀၇၁-၂၀၃၂၀၉၁၊ ၀၇၁-၂၀၃၂၀၉၂
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၇
(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)
(၁) ၀၅၉-၂၀၂၄၀၃၇၊ ၀၅၉-၂၀၂၄၀၃၈
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၈
(ဈ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)
(၁) ၀၅၂-၂၂၀၁၉၃၉၊ ၀၅၂-၂၂၀၁၉၄၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅ဝ၉
(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)
(၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃-၂၀၂၈၈၇၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁ဝ
(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)
(၁) ၀၂-၄၀၂၁၂၄၅၊ ၀၂-၄၀၂၁၂၄၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၁
(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)
(၁) ၀၅၇-၂၀၂၇၉၃၅၊ ၀၅၇-၂၀၂၇၉၃၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၂
(ဍ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)
(၁) ၀၉-၂၅၅၀၀၂၅၁၇၊ ၀၉- ၂၅၅၀၀၂၅၁၈
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၃
(ဎ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)
(၁) ၀၁-၈၃၀၀၀၁၆၊ ၀၁-၈၃၀၀၀၁၇
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၄
(ဏ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)
(၁) ၀၈၁-၂၁၂၄၅၄၀၊ ု-၂၁၂၄၉၉၅
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၅
(တ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)
(၁) ၀၄၂-၂၀၂၅၉၉၃၊ ၀၄၂-၂၀၂၅၉၉၄
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၆
