သန်လျင်မှာ အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရပြီး မျက်နှာ ဓားနဲ့အလှီးခံရ

ဒီဇင်ဘာ ၃၁ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်၊ မနက်ပိုင်းက အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရပြီး မျက်နှာကို ဓားနဲ့အလှီးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ သန်လျင်၊ အောင်မင်္ဂလာရပ်ကွက်မှာ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး အိမ်ရှေ့မှာ တံမြက်စည်း လှဲနေတဲ့ချိန် ဆွဲကြိုး လုယက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဆွဲကြိုး အလုခံရတဲ့အချိန် အဲဒီအမျိုးသမီးက အော်လိုက်တော့ ဓားနဲ့လှီးသွားတာ။ ဒဏ်ရာက သုံးချက်ရှိတယ်။ မျက်နှာမှာ နှုတ်ခမ်းကြီးကွဲနေတာ တခုရှိတယ်၊ မေးစေ့မှာ တခုရှိတယ်၊ ခေါင်းမှာ တခုရှိတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သန်လျင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို…

Read More

မိတ္ထီလာမြို့နယ်မှာ စစ်မှုထမ်းကြေး တောင်းခံခဲ့တဲ့ ရပ်ကျေး ရာအိမ်မှူး နှစ်ယောက်ကို ထောင် ၁ နှစ် ချမှတ်

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၅ CC ( VOM ) မန္တလေးတိုင်း ၊ မိတ္ထီလာ မြို့နယ် မှာ စစ်မှုထမ်းကြေး ကောက်ခဲ့တဲ့ ဥယာဉ်ကျေးရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး နှစ်ယောက်ကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မိတ္ထီလာမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ်စီ ကျခံဖို့ အမိန့် ချမှတ် လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ရာအိမ်မှူး နှစ်ယောက်မှာ ဦးမြတ်မင်းသူ နဲ့ ဦးဇော်ထူး ဆိုသူတို့ ဖြစ်ကြောင်း ၊ ကျေးရွာအတွင်း နေထိုင်သူတွေ ဆီကနေ စစ်မှုထမ်း တဲ့အထဲ မပါရေး နဲ့ လူစားထိုး စစ်မှုထမ်းသူကို ပေးဖို့အတွက် ဆိုပြီး စစ်မှုထမ်းကြေးအဖြစ် ငွေ ကြေးကောက်ခံ နေတာကို တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေး တွေ့ရှိရတဲ့ အတွက်…

Read More

ကသာ ကနေ တိမ်းရှောင်လာသူတွေတချို့ လမ်းမှာပိတ်မိ ၊ စစ်ကိုင်း – ကချင် နယ်စပ်တကြော အသွားအလာ ပိုခက်ခဲလာဖို့ရှိ

ဒီဇင်ဘာလ ၃၁၊ ၂၀၂၅ Sh V (VOM) ကသာ ကနေ တိမ်းရှောင်လာသူတွေတချို့ လမ်းမှာ ပိတ်မိနေပြီး စစ်ကိုင်း – ကချင် နယ်စပ်တကြော အသွားအလာ ပိုခက်ခဲလာဖို့ရှိနေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မြို့ထဲမှာ ရှိနေသးတဲ့ သူတွေလည်း ရှိတယ်။ ထွက်လာတဲ့ လူတွေလည်း ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ထပ်ထွက်လာတာရှိတယ်။ ၈ မိုင်မှာ ပြန်ပိတ်တာ။ လမ်းမှာ ပြန်ပိတ်မိနေတာ” လို့ ကသာ ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။ ကသာမြို့ထဲမှာတော့ တယ်လီနော ဖုန်းလိုင်းပဲ ရတာ ဖြစ်ပြီး MPT လိုင်း မရတာတော့ ကြာပြီဖြစ်ကာ လမ်းမှာ ပိတ်မိနေတဲ့မိသားစုဝင်တွေကို အဆက်အသွယ်တွေလည်း မရ ဖြစ်နေပြီး တခြား အခြေအနေ ဘာမှတော့…

Read More

ငါန်းဇွန်မှာ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုလိုက် အသတ်ခံရ

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကျေးရွာ စည်းရုံးရေးမှူး နဲ့ သူ့ရဲ့ မိသားစုဝင် နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုက သတ်ဖြတ် သွားတယ်လို့ သိရပါတယ် ။ အသတ်ခံရ သူတွေက USDP ပါတီရဲ့ စည်းရုံးရေးမှူး ဖြစ်သူ ဦးဝင်းသိန်း ၊သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း နဲ့ ယောကျ်ား ဖြစ်သူ ဦးကျော်ထက်အောင် ဆိုသူ တို့ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ၊ ညပိုင်း နေအိမ်မှာ မိသားစုလိုက် အတူရှိနေစဥ် လက်နက်ကိုင် အဖွဲ့က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ”…

Read More

ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းအစိုးရ ပြန်လွှတ်

ဘန်ကောက်၊ ဒီဇင်ဘာ-၃၁-၂၀၂၅ မျိုးဆက်(VOM) စနေနေ့မှာ နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင်လမှာ နယ်စပ်ပဋိပက္ခတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းနိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ စိုးရိမ်မှုတွေကြောင့် ပြန်လွှတ်ပေးရေးကို တရက် ရွှေ့ဆိုင်းခဲ့ပေမယ့်လည်း သဘောတူညီချက် တည်တံ့စေဖို့ တရုတ်နိုင်ငံက သံတမန်ရေးဖိအားပေးမှု အဆက်မပြတ်ပြုလုပ်ပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်မှာ တင်းမာမှုတွေ မြင့်တက်လာပြီး ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအတွင်း နှစ်နိုင်ငံစလုံးမှ လူတသန်းနီးပါး နေရပ်စွန့်ခွာခဲ့ရပါတယ်။ စနေနေ့ သဘောတူညီချက်မှာတော့ နှစ်ဖက်စလုံးက သူတို့ လက်ရှိရှိနေတဲ့ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲတွေကို ရပ်တန့်ဖို့ ၊ အင်အားဖြည့်တင်းမှုတွေ မလုပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို အမြန်ဆုံးပြန်လာခွင့်ပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ အရပ်ဘက်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ကမ္ဘောဒီးယားစစ်သား…

Read More

ဂန့်ဂေါနယ်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ဖြစ်ပွားနေ

ဒီဇင်ဘာ ၃၁ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသတွင်း လက်နက်ကိုင်တပ်တွေက Yawland Opreation စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက ဂန့်ဂေါခရိုင်အတွင်းရှိ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ အစိုးရဘက်ကလေကြောင်း တိုက်ခိုက်တာတွေလည်း ပါလာတာပါပဲ။ အခု အခြေအနေကတော့ လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ထိုးစစ်ဆင်လာသလို အစိုးရတပ်ဘက်ကလည်း နေ့စဉ်နဲ့အမျှ နယ်မြေရှင်းလင်းရေး လုပ်နေတာ ရှိတယ်။ ညတိုင်းလိုလိုလည်း မြို့ထဲ ကင်းပတ်နေတာ၊ ကင်းပုန်းဝပ်တာတွေ လုပ်နေတယ်။ ခံစစ်ပြင်ထားတဲ့ အနေအထားကို တွေ့ရတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။…

Read More

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ နာဂအမျိုးသားပါတီ အနိုင်ရ

ဒီဇင်ဘာ ၃၁ – ၂၀၂၅ SS (VOM) ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်တွေမှာ စစ်ကိုင်းတိုင်းထဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာတော့ နာဂအမျိုးသားပါတီ (NNP) က အနိုင်ရရှိခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောပါတယ်။ အဲဒီဒေသမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ နာဂအမျိုးသားပါတီ (NNP) တို့ ယှဉ်ပြိုင် အရွေးခံခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေမယ့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ လွှတ်တော် သုံးရပ်လုံးမှာ နာဂအမျိုးသားပါတီဘက်က အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က ငါးမြို့နယ်ပြိုင်တာ။ လေးမြို့နယ်က စာရင်း အတိအကျရပြီ။ အားလုံးနိုင်တယ်။ မဲရလဒ်…

Read More

ရန်ကုန်မှာ နယူးရီးယားည ယာဥ်တိုက်မှုကြောင့် လေးယောက်သေပြီး နှစ်ယောက် ဒဏ်ရာပြင်းထန်

ဇန်နဝါရီ ၁ ၊၂၀၂၆ GG (VOM) နယူးရီးယားည နဲ့ နယူးရီးယား အပြီး နှစ်သစ်ကာလ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန် မှာ ယာဥ်တိုက်မှုကြောင့် လေးယောက် သေဆုံးကာ နောက်ထပ် နှစ်ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်အစော ၄ နာရီ ကျော်လောက်မှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူတွေ အနက် နှစ်ယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ် ။ သေဆုံးသူ နှစ်ယောက်က…

Read More

ပျဉ်းမနား မီးလောင်မှု နေအိမ် အလုံး ၆၀ ကျော်ဆုံးရှုံး၊ ပြည်သူ ၃၀၀ ကျော် မီးဘေးသင့်

ဇန်နဝါရီ ၁ – ၂၀၂၆ SS (VOM) နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂)၊ ရန်နိုင်ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု ဖြစ်စဉ်အတွင်း နေအိမ် အလုံး ၆၀ ကျော် ဆုံးရှုံးခဲ့ပြီး ပြည်သူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်း (ပျဥ်းမနား) မှ သိရပါတယ်။ မနေ့ ညနေ ၆ နာရီ ၅၅ မိနစ် ဝန်းကျင်မှ စတင်ကာ အချိန် တနာရီဝန်းကျင်ကြာအောင် Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် ၆၂ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကာ လူဦးရေ ၃၄၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။ “ဝါယာရှော့ကြောင့် မီးလောင်တာပါ။…

Read More

ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

ဇန်နဝါရီ ၁ – ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီးဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လည်ပင်း ဓားဒဏ်ရာတချက် ၊…

Read More
VOM News

FREE
VIEW