ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်ကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုက ဒေါ်နယ်ထရန့်ကိုပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၆
မျိုးဆက်(VOM)
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက သူမရရှိခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု တံဆိပ်ကို သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံရာမှာ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
“ဒီနေ့ဟာ ကျွန်မတို့ ဗင်နီဇွဲလားလူမျိုးတွေအတွက် သမိုင်းဝင်နေ့တစ်နေ့လို့ ကျွန်မထင်ပါတယ်” လို့ ထရန့်နဲ့ တွေ့ဆုံပြီးနောက် သူမက ပြောပါတယ်။ ဒါဟာ ထရန့်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးကာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ တရားစွဲဆိုပြီးနောက် ရက်သတ္တပတ်စွာအကြာမှာ ဖြစ်ပွားခဲ့တာပါ။
ထရန့်ကတော့ မာချာဒိုကို ကျေးဇူးတင်ကြောင့် ကျေးဇူးတင်ရှိ‌ကြောင်းနဲ့ ဒီလုပ်ရပ်ဟာ အပြန်အလှန်လေးစားမှုရဲ့ အံ့သြဖွယ်ကောင်းတဲ့ အပြုအမူဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတဟာ ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မာချာဒိုကို ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်အဖြစ် ထောက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် မာချာဒိုနဲ့တွေ့ဆုံမှုဟာ ကြီးမားတဲ့ ဂုဏ်ယူစရာဖြစ်ပြီး သူမဟာ အရာအားများစွာကို ဖြတ်သန်းခဲရရတဲ့ အံ့ဩဖွယ်အမျိုးသမီးဖြစ်တယ်လို့ ထရန့်က ဆိုပါတယ်။ လက်ရှိမှာတော့ မာဒူရိုရဲ့ ဒုတိယသမ္မတဟောင်း ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ဗင်နီဇွဲလားကို ဦးဆောင်နေပါတယ်။
မာချာဒိုကတော့ မိမိတို့ဟာ သမ္မတထရန့်ကို အားကိုးနိုင်တယ်လို့ အိမ်ဖြူတော်က ထွက်ခွာလာပြီးနောက် မာချာဒို သတင်းထောက်တွေကို ပြောပါတယ်။
“မိမိဟာ အမေရိကန်ပြည်ထောင်စု သမ္မတကို ငြိမ်းချမ်းရေးနိုဘယ်ဆုတံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။ ဒါဟာ မိမိတို့ရဲ့ လွတ်လပ်မှုအပေါ် သူ့ရဲ့ ထားခြားတဲ့ ကတိကဝတ်အတွက် အသိအမှတ်ပြုတာ” လို့ မာချာဒိုက ပြောပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိလိုကြောင့် သူရဲ့ ဆန္ဒအကြောင်း မကြာခဏ ပြောဆိုလေ့ရှိတဲ့ ထရန့်ဟာ မာချာဒို ချီးမြှင့်ခံရတဲ့ အခါ မကျေမနပ်ဖြစ်ခဲ့သူပါ။ မာချာဒိုက ဆုကို ထရန့်ကိုလွှဲပြောင်းပေးမယ်လို့ ပြောကြားခဲ့ပေမယ့် နိုဘယ်ဆုကို လွှဲပြောင်းပေးလို့မရဘူးလို့ နိုဘယ်ကော်မတီက သတိပေးခဲ့ပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW