ဘန်ကောက်၊ ဇန်နဝါရီ-၁၅-၂၀၂၆
ရတီ(VOM)
ထိုင်းနိုင်ငံ ဘန်ကောက်အနီး ခုတ်မောင်းနေတဲ့ ရထားပေါ်ကို ကရိန်းပြိုကျလို့ လူ ၃၂ ယောက်သေပြီး နောက်တနေ့မှာ အဝေးပြေးလမ်းမကြီးတခုပေါ်မှာ ဆောက်လုပ်ရေးကရိန်းတခု ပြိုကျပြန်လို့ လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။
ဘန်ကောက်ဆင်ခြေဖုံးရှိ ဆာမတ်ဆက်ခွန်မှာ အမြန်လမ်းတခု ဆောက်လုပ်ဖို့ ကရိန်းကို အသုံးပြုနေတာဖြစ်ပြီး ကရိန်းဟာ အဝေးပြေးလမ်းမကြီးပေါ်သို့ ပြုတ်ကျပြီး ကားအချို့ကို ပျက်စီးခဲ့ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ ကရိန်းပြိုကျမှုကြောင့် ၃၂ လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမတော်တဆ ဖြစ်ရပ်နှစ်ခုလုံးမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Italian-Thai Development ကုမ္ပဏီတခုတည်းက တာဝန်ယူလုပ်ဆောင်နေတဲ့ စီမံကိန်းတွေဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေဟာ အသက်ဆုံးရှုံးနိုင်တဲ့ ဆောက်လုပ်ရေးမတော်တဆမှုတွေ ထိုင်းနိုင်ငံမှာ ဘယ်လောက်အထိ ဖြစ်ပွားနေတယ်ဆိုတာ ထင်ဟပ်စေပြီး ဘေးကင်းရေးစံနှုန်းတွေနဲ့ စည်းမျဉ်းတွေအားနည်းမှုကလည်း တစိတ်တပိုင်းဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ကတော့ ဗုဒ္ဓဟူးနေ့က မတော်တဆမှုဖြစ်ပွားပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းမှာ ပေါ့လျော့မှုတွေကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံပိုင်ရထားကုမ္ပဏီကလည်း Italian-Thai Development ကုမ္ပဏီကို တရားစွဲဆိုနေတယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ မတ်လက ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့တဲ့ ဘန်ကောက်မြို့က မိုးမျှော်တိုက်တခု တည်ဆောက်မှုကိုလည်း တာဝန်ယူခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
Ref:BBC
Photo:Gettty Images
