လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဒုတိယနေ့ ဆွေးနွေးပွဲ စတင်

နေပြည်တော်၊ ဇန်နဝါရီ – ၁၄- ၂၀၂၆
Voice Of Myanmar
နေပြည်တော်မှာ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ ဒုတိယနေ့ မနက်ပိုင်းမှာတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို ပညာရှင် ၁၁ ဦးက ရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ပညာရှင် ၁၁ ဦးက တယောက်ကို ၁၀ မိနစ်ဆီ ဆွေးနွေး ရှင်းလင်းသွားမှာဖြစ်ပါတယ်။
ဒေါက်တာစန်စန်းအေး (လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)က ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာအကြံဉာဏ်များ ဖော်ထုတ်ခြင်း၊ ရယူခြင်း။ ဦးကောင်းကျော်လင်း က ပဋိပက္ခများလျှော့ချရပ်တန့်နိုင်စေရေးအတွက်လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေး ဖော်ထုတ်ခြင်း။
ဒေါက်တာနန်းလှိုင်(မြင်းခြံတက္ကသိုလ်) က လူငယ်နှင့် ခေတ်မီတိုးတက်သော နိုင်ငံရေးအမြင်၊ မျိုးချစ်စိတ်ကိုအခြေခံသော ပြည်ထောင်စုစိတ်ဓာတ်။ ဒေါ်စိုးစိုးမြာ(အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန)ယနေ့ခေတ် လူငယ်များ၏ စိတ်ပါဝင်စားမှုနှင့်ကိုက်ညီသော လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု၊အားကစားဆိုင်ရာ ဦးစားပေးအစီအစဉ်များအားငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ချိတ်ဆက်ခြင်း။ ဒေါက်တာသုတအောင် ကအလုပ်အကိုင်အခွင့်အလမ်းနှင့် ငြိမ်းချမ်းရေး၊နိုင်ငံတည်ဆောက်ရေး၊ ဒေသအလိုက်စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း။ ဒေါက်တာကျော်ကံကောင်း (ကျန်းမာရေးဝန်ကြီးဌာန)လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း။ ဒေါက်တာစွမ်းဆောင်ဦး (MYEA)လူငယ်နှင့် စွန့်ဦးတီထွင်မှုနှင့် နည်းပညာ အခွင့်အလမ်းများ၊ လူငယ်စီးပွား ရေး လုပ်ငန်းများစတင်ရန် ပံ့ပိုးရမည့်ကိစ္စများ။ ဦးခန့်စည်သူ (MDEA)လူမှုကွန်ရက်၊ Social Media နှင့် လူငယ်ကွန်ရက်အခွင့်အလမ်း။ ဒေါ်ချောခင်ခင် (MWEA) သတင်းအချက် အလက်နည်းပညာ သက်ရောက်မူများ(IT)၊ ဉာဏ်ရည်တုနည်းပညာ(AI) မှန်ကန်အကျိုးရှိရှိ အသုံးပြုနိုင်ရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးအသုံးပြုမှု။ ဒေါက်တာတင်ဘုန်းကျော် (အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) ဉာဏ်ရည်တုနည်းပညာ(AI) စနစ်ထူထောင်ရေး။ ဦးပြည့်ဘုန်းကျော်ကျော်(MDEA)ဆိုက်ဘာ (Cyber)၊ Online Security ၊ လူမှုကွန်ရက်(Social Media) နှင့် ကွန်ရက်အဖွဲ့များ။ ဆိုတဲ့ ခေါင်းစဥ်တွေနဲ့ ရှင်းလင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ အလွှာအသီးသီးက ဖိတ်ကြားထားသူတွေနဲ့ လူငယ်ကိုယ်စားလှယ်တွေ အပါအဝင် ၄၇၆ ဦး တို့ ပါဝင်မှာဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ရှိုင်းအောင်

Related posts

Leave a Comment

VOM News

FREE
VIEW