နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆
Voice Of Myanmar
နေပြည်တော်မှာ သုံးရက်တိုင် ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဆွေးနွေးပွဲ တတိယနေ့ မနက်ပိုင်း ဆွေးနွေးပွဲ စတင်နေပြီ ဖြစ်ပါတယ်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ ကို အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဦးဆောင် ကျင်းပတာဖြစ်ပါတယ်။
လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း။ ကွန်ရက်အလိုက် စီမံချက်အဆိုပြုချက်များတင်ပြခြင်း။ (ကွန်ရက် ၄ ခုမှ လုပ်ငန်းအဆိုပြုချက်၄ ခုအား ကိုယ်စားလှယ်အဖွဲ့ (အများဆုံး သုံးဦး)မှ တစ်ဖွဲ့လျှင် ၁၅ မိနစ်ခန့် တင်ပြရန်။ကွန်ရက်အလိုက် အဆိုပြုချက်များကို ပညာရှင် ၄ ဦးက အကြံပြုဆွေးနွေးခြင်း။ကွန်ရက်အလိုက် အဆိုပြုချက်များကို လူငယ်အချင်းချင်း မဲပေး ဆုံးဖြတ်ရန်။မဲပေးဆုံးဖြတ်သည့်အပေါ် ပညာရှင်အဖွဲ့က သုံးသပ်၍ဆုများ(ပ-ဒု-တဆုများ)သတ်မှတ်ရန်။ ဆိုတဲ့ အစီအစဥ်နဲ့ လူငယ်ထုအတွင်း လျှပ်တပြက် စစ်တမ်း၊ ဆန္ဒ ကောက်ယူခြင်း ဆိုတဲ့ အစီအစဥ်တိုင်း ကျင်းပမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ရှိုင်းအောင် (VOM)
