ဇန်နဝါရီ ၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ အင်းစိန်မြို့နယ် ၊ ဖော့ကန် ဘူတာနဲ့ ရွာမ ဘူတာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ခွေးစာ အမြဲကျွေးလေ့ ရှိတဲ့ အမျိုးသား တယောက် ရထား တိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ရထားတိုက်ခံရပြီး သေဆုံးသူ အမျိုးသားကအသက် ၄၀ ကျော်အရွယ် ဖြစ်ပြီး မိသားစုနဲ့ အတူ အဆိုပါ ရထားလမ်းဘေးမှာပဲ အဟောင်း ပစ္စည်းဆိုင် ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ “သူက အဲနားမှာ သူ့ရဲ့ အိမ်မွေးခွေးလည်း ကျောင်းတယ် ။ ခွေးစာတွေ လည်းကျွေးတယ် ။တိုက်တဲ့ အချိန်ကလည်း ၁၀ နာရီကျော်ကျော် လောက်ဆိုတော့ မူးနေတာ လည်းမဟုတ်ဘူး…
Read MoreMonth: January 2026
ဘုတလင် တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၃၀ နီးပါး စစ်ဘေးတိမ်းရှောင်
ဇန်နဝါရီ ၁ – ၂၀၂၆ SS (VOM) ရွေးကောက်ပွဲ အပိုင်း (၂) မှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာပေါင်း ၃၀ နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဘုတလင်မြို့ပေါ် တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကူလာတဲ့ အစိုးရတပ်ရဲ့ မြေပြင် စစ်ကြောင်းတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အဲဒီမြို့နယ်ထဲက ကံသစ်ရွာမ၊ ကံသစ်ရွာ (အရှေ့၊ အနောက်)၊ ဇီးတောရွာ (အရှေ့၊ အနောက်)၊ ရွှေတောင်၊ ရွာရှည် (အရှေ့၊ အနောက်)၊ သပြေပင် အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေကြရတယ်လို့ သိရပါတယ်။ “အဖမ်းအဆီးတွေလည်း ရှိနေသလို လေကြောင်းရန်ကလည်း စိုးရိမ်နေရတော့ ရှောင်လို့ရတဲ့ နေရာတွေက…
Read Moreမြဝတီမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်မှုဖြစ်ပွား ၊ ကျူးလွန်သူ ကိုဖမ်းဆီး
ဇန်နဝါရီ ၂၊၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ဖြစ်တာက သုံးရက်လောက် ရှိပြီ သိရတယ်။ အခု အဓမ္မပြု ကျင့်ခံရတဲ့ ကလေးမလေးက နောက်ယောကျ်ားနဲ့ရတာ ။ မိဘတွေက မရှိတော့ဘူး ။ သူ့ကိုထိန်းပေး နေတဲ့ အဒေါ်ပဲရှိတယ်။အဒေါ်ဆိုတာက လည်းဆွေမျိုးမတော်ဘူး ။ အဓမ္မပြုကျင့်တဲ့ အကိုက ဂျလေဘီ ပုံစံပဲ ။ပလုံးကောက်တယ်။သူက ကလေးမလေးကို လာလာခေါ်သွားတာ ။ ကလေးမလေးက ပြောပြမှ သိရတာ။ အဓမ္မသုံးကြိမ် ပြုကျင့်တယ်လို့ ကလေးမ လေးကပြောတယ်။ ကလေးမလေးက ကျောင်းမနေ တော့ဘူး ။ကလေးမလေးက အတက်ရောဂါ လည်းရှိတော့…
Read Moreအောင်သံမြေမိုး
ဆူးငှက် မန္တလေးမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် ပထမဆုံးလွတ်လပ်ရေးနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင် ခဲ့ကြတယ်။ မန္တလေးမြို့က စာရေးဆရာများ အနုပညာရှင်များကလည်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားအတွက် ဓားတန်းရပ်က မြို့မအသင်းတိုက်မှာ စုဝေးပြီး ကြိုတင်ပြင်ဆင်ကြတယ်။ ဒီ့နောက် မန္တလေးမြို့က ဂီတစာဆိုကြီး (၈)ဦးတို့က တစ်ယောက်တစ်ပိုဒ်စီ ပူးပေါင်းပြီး “လွတ်လပ်တဲ့ မြန်မာပြည်” ဆိုတဲ့ သီချင်းကို စုပေါင်းရေးစပ်ခဲ့ကြတယ်။ ဒီပညာရှင်(၈)ဦးက ဆရာထာ၊ ဆရာခင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတာ ဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့ဖြစ်ကြတယ်။ ဒီသီချင်းရဲ့ တေးသွားသံစဉ်နှင့် ဂီတသင်္ကေတနုတ်(စ်)တွေကို မြို့မငြိမ်းက ရေးပေးပြီး မြို့မတူရိယာအဖွဲ့ တီးမှုတ်ခဲ့တယ်။ လွတ်လပ်ရေး အကြိုည(၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ည)မှာပဲ မန္တလေးလက်ဆည်ကန်ရပ် ၀င်းလိုက်ရုပ်ရှင်ရုံရှေ့မှာ မြို့မအဖွဲ့က မြို့လူထုကို “အောင်သံမြေမိုး” အစချီ “လွတ်လပ်တဲ့…
Read More