တန်ဖိုးသင့်ပြီး အရသာရှိတဲ့ မြန်မာထမင်းဟင်း စားချင်ရင် ဦးစောထွန်းဆီကြွပါ
မြန်မာထမင်းကို သန့်ရှင်းသပ်ရပ် အရသာရှိရှိ သုံးဆောင်ချင်ကြတဲ့ စားသုံးသူတွေအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မုန့်တီစုရပ်၊ ၈၅ လမ်း ၃၇ လမ်းနဲ့ ၃၈ လမ်းကြား မှာရှိတဲ့ ဦးစောထွန်း ထမင်းဆိုင်နဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
ဦးစောထွန်း မြန်မာထမင်းဆိုင်မှာ လူမျိုးဘာသာမရွေး စားသုံးနိုင်ပြီး ဟင်းပွဲ တပွဲမှာတာနဲ့ အမယ်စုံပါတဲ့ အရံဟင်းတွေ နဲ့ ငပိရည် အတို့အမြှုပ်တို့ကိုပါ အခပေးစရာမလိုဘဲ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိတဲ့ ဦးစောထွန်း မြန်မာထမင်း ဆိုင်ဟာဆိုရင် မန္တလေးမြို့မှာ ဆိုင်ခွဲပေါင်း ၅ ဆိုင်အထိ ရှိပါတယ်။
မူလ စိန်ပန်းရပ်၊ သဗြူးရပ်ကွက် ၃၉ လမ်း ၈၉ လမ်းနဲ့ ၉၀ လမ်းမှာရှိတဲ့ ဦးစောထွန်း ထမင်းဆိုင်ကနေ ခုလိုဆိုင်ခွဲတွေဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လာစားကြည့်ပြီး မကောင်းရင် ကျသင့်ငွေမရှင်းပါနဲ့ ကောင်းတယ်ဆိုရင် တခြားမိတ်ဆွေတွေကို လမ်းညွှန်ပေးကြပါလို့ ဆိုင်ရှင် မမာမာဦးက ဖိတ်ခေါ်လိုက်ပါတယ်။
