လှည်းကူးမှာ ဖယ်ရီနဲ့ ဘတ်စ်ကားတိုက်လို့ လေးယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၃ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်၊ မနက်ပိုင်းက ဖယ်ရီနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ ပဲခူး – ရန်ကုန် အမှတ် (၂) လမ်းမကြီး၊ အင်းတိုင်ကျေးရွာ၊ စနရတပ်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး သင်္ဃန်းကျွန်း – ပဲခူး ပြေးဆွဲတဲ့ ထာဝရလိုင်းကားနဲ့ အထည်ချုပ်စက်ရုံ ဖယ်ရီကား တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖယ်ရီက လမ်းကြောင်းမှားသွားတာပါ။ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောထဲကို ရောက်သွားလို့ တဖက်ယာဥ်ကြောမှာ ရှိနေတဲ့ မီနီဘတ်စ် ခရီးသည်တင်ကားနဲ့ တိုက်မိသွားတာ” လို့ ဒေသခံ…

Read More

ကြော်ငြာကဏ္ဍ

တန်ဖိုးသင့်ပြီး အရသာရှိတဲ့ မြန်မာထမင်းဟင်း စားချင်ရင် ဦးစောထွန်းဆီကြွပါ မြန်မာထမင်းကို သန့်ရှင်းသပ်ရပ် အရသာရှိရှိ သုံးဆောင်ချင်ကြတဲ့ စားသုံးသူတွေအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မုန့်တီစုရပ်၊ ၈၅ လမ်း ၃၇ လမ်းနဲ့ ၃၈ လမ်းကြား မှာရှိတဲ့ ဦးစောထွန်း ထမင်းဆိုင်နဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဦးစောထွန်း မြန်မာထမင်းဆိုင်မှာ လူမျိုးဘာသာမရွေး စားသုံးနိုင်ပြီး ဟင်းပွဲ တပွဲမှာတာနဲ့ အမယ်စုံပါတဲ့ အရံဟင်းတွေ နဲ့ ငပိရည် အတို့အမြှုပ်တို့ကိုပါ အခပေးစရာမလိုဘဲ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိတဲ့ ဦးစောထွန်း မြန်မာထမင်း ဆိုင်ဟာဆိုရင် မန္တလေးမြို့မှာ ဆိုင်ခွဲပေါင်း ၅ ဆိုင်အထိ ရှိပါတယ်။ မူလ စိန်ပန်းရပ်၊ သဗြူးရပ်ကွက် ၃၉ လမ်း ၈၉ လမ်းနဲ့ ၉၀ လမ်းမှာရှိတဲ့ ဦးစောထွန်း ထမင်းဆိုင်ကနေ…

Read More

ကမ္ဘောဇသာဒီနန်းတော်ထဲက ဆောက်လုပ်ဆဲအုတ်ရိုးပြိုကျလို့ အလုပ်သမားတယောက်သေပြီး သုံးယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲခူးမြို့ ၊ နန်းတော်ရာရပ်ကွက် ၊ ကမ္ဘောဇသာဒီနန်းတော်ဝန်းထဲမှာ ဆောက်လုပ်ဆဲ အုတ်ရိုးပြိုကျလို့ အလုပ်သမားတယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဖေဖော်ဝါရီ ၂ ရက်နေ့ ၊ ညနေ ၃ နာရီ ခွဲလောက်မှာ အုတ်ရိုးပြိုကျခဲ့တာ ဖြစ်ကြောင်း ၊ အုတ်ရိုးအောက်ခြေမှာ ရေမြောင်းရှိပြီး အလုပ်သမားတွေက အဲဒီရေမြောင်းထဲကို ကျခဲ့တဲ့အတွက် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” နန်းတော်ထဲမှာ ဖြစ်တာပါ ။ အုတ်ရိုးကို အချောကိုင်နေချိန် ပြိုကျတာ ။ အုတ်ရိုး အောက်ခြေမှာက ရေမြောင်းရှိတယ်။ ရေမြောင်းက နက်တယ်။ အုတ်ရိုးပြိုကျတော့ အဲဒီထဲကျပြီး အပေါ်က အုတ်တွေပိသွားတာ ။…

Read More

ဖားကန့်မှာ လက်နက်ကြီးကြောင့် နှစ်ယောက်သေပြီး ၁၆ ယောက်ဒဏ်ရာရ၊ အမှိုက်ပုံရွာလည်း စစ်ရှောင်ရ

ဖေဖော်ဝါရီ ၃ ၊၂၀၂၆ CC (VOM) ဖားကန့်ဒေသမှာ တိုက်ပွဲကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆ ယောက် ရှိခဲ့တဲ့အပြင် အရေးပေါ် စစ်ရှောင်ရသူတွေပါ ရှိလာတယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဖားကန့် ၊ ကာလီချောင်ရွာ အနီးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် ကလေးတယောက် အပါအဝင် နှစ်ယောက်သေဆုံးခဲ့ကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ဖားကန့် ၊ အမှိုက်ပုံရွာ ၊မြိုကုန်းရှိ နေအိမ်တလုံးပေါ်ကိုလည်း ဒီကနေ့ မနက် ၅ နာရီလောက်က လက်နက်ကြီးကျရောက်ပြီး မိသားစုသုံးယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” ကာလီချောင်ရွာက တပ်မကုန်းရဲ့နောက်ကျောမှာရှိတာ ။ သေတာနှစ်ယောက်နဲ့…

Read More

တောင်ကုတ်နဲ့ ပန်းတောင်းမြို့နယ် အစပ်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၃ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် အစပ်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ AA ပူးပေါင်းတပ်တွေဟာ ပဲခူး – ရခိုင်အစပ်က ပန်းတောင်း – တောင်ကုတ် ကားလမ်းပေါ်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အဲဒီ စခန်းကုန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၆) ကြားရှိ နောက်ထပ် ကာကင်းစခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အစိုးရတပ်ဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းတွေ အသုံးပြုပြီး တန်ပြန် တိုက်ခိုက်နေတဲ့အတွက်…

Read More

ပခုက္ကူမှာ ဒီ​နေ့တရက်တည်း လက်နက်ကိုင်လူတစုက ဆန်ဆိုင်ကိုဝင်​ရောက်းစီးနင်းတာ အပါအဝင် ဒုစရိုက်မှု ၃ခုဖြစ်

​​ဖေ​ဖော်ဝါရီ ၃-၂၀၂၆ VOM မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဓားပြမှု​တွေပြန်ပေးဆွဲမှု​တွေ စိပ်လာ​​နေတဲ့အချိန်မှာဘဲ ဒီ​နေ့​ဖေ​ဖော်ဝါရီ ၃ရက် မနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ မင်းသားဆန်ဆိုင်ကို လက်နက်ကိုင်လူစု ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ မြို့ခံ​တွေအ​ပြောအရသိရပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၃ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ပခုက္ကူမြို့၊ အမှတ်၃ရပ်ကွက်၊ ထင်တန်းလမ်းမပေါ်မှာရှိတဲ့ “မင်းသား” ဆန်အရောင်းဆိုင်ကို ဆိုင်ကယ်နှစ်စီး၊ အသက်၂၀နှစ်ခန့်အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား၅ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းကြောင်းသိရပါတယ်။ လက်နက်ကိုင်​တွေက ဆိုင်ရှင်ကို အတင်အဓမ္မဖမ်းခေါ်တာကို ဝန်ထမ်းအမျိုးသမီးက လုံးထွေးသတ်ပုတ်လို့ ဆိုင်ရှင်အမျိုးသမီးလွတ်မြောက်ခဲ့ကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်သူကပြောပါတယ်။ ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုက မအောင်မြင်လို့ ဆိုင်အတွင်းမှာရှိတဲ့ လက်ကိုင်ဖုန်း ၃ လုံး နှင့် ငွေသားအချို့ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားကတယ်လို့ ဖြစ်စဥ်ကိုသိရှိသူတဦးကပြောပါတယ်။ “ဝန်ထမ်းလေးက…

Read More

ကဝမြို့နယ်က လူသတ် ၊ပစ္စည်းလုယက်တဲ့ တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ကဝမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ထဲထိ ဝင်ရောက်ပြီး လူသတ် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံကို မသေမချင်း​ကြိုးကွင်းစွပ်သတ်ဖို့ သေဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ လူသတ် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံ ဇော်ဝမ်း(ခ)ဆမ်းသဒါးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ ပဲခူးခရိုင်တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အမိန့်ချမှတ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဒီနေ့ပဲ အမိန့်ချလိုက်တာ ။အမှုက စစ်နေတာ ကြာပြီ။ အခုတော့ ပြစ်မှုလည်း ထင်ရှားလို့ သေဒဏ်ချလိုက်တယ် သိရတယ်။ အမှုက စစ်နေတာ တစ်နှစ်ကျော်ပြီ ။ ခုလို သေဒဏ်ချတာ ကျွန်တော်တို့ကတော့ ထောက်ခံတယ်။ ဒီလိုပြစ်ဒဏ်တွေ ချပေးမှ နောက်လူတွေ ကြောက်ရမှန်းသိပြီး ဆင်ခြင်နိုင်မယ်လို့ ထင်တယ်။…

Read More

သူတို့အိမ် အခန်း – ၄၈

ဆူးငှက် ရွှေဆွဲကြိုးနှင့် ကောင်လေး —————————– ဘာလိုလိုနှင့် ၁၀တန်းကျောင်းသား ဖြစ်တော့မည်။ ၉တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့တာက စာမေးပွဲနီးသည်အထိ ကျောင်းတက်ခဲ့သည့် အကျိုးကျေးဇူး ဖြစ်သည်။ ထိုအချိန်တွင် ဆရာ ဆရာမများက မေးခွန်းထဲပါမည့် သင်ခန်းစာမျိုးကို သိသိသာသာ ပြန်လည် ရှင်းပြသည်။ ထို့ကြောင့် စာမေးပွဲတွင် အခက်အခဲ မရှိဖြေဆိုနိုင်ခဲ့သည်။ ၉တန်းစာမေးပွဲ ပြီးတော့ အတန်းဖော် အတော်များများက ၁၀တန်းအတွက် ကျူရှင် စတက်နေကြပါပြီ။ ကျွန်တော်တို့ကတော့ အဲ့လောက် အမြင်မကျယ်၊ အဲ့လောက် မလေးနက်ဘဲ ကျောင်းပိတ်ရက်ဟူသည် ကျောင်းစာနှင့် လားလားမှ ပတ်သက်စရာ မလိုဟု ပေါ့လျော့ဆဲ ဖြစ်သည်။ မိဘများနှင့် အသိုင်းအဝန်းကလည်း သာမာန် လက်လုပ်လက်စားများမို့ ပညာရေး၏ အတိမ်အနက်ကို နားမလည်ခဲ့။ အထူးသဖြင့် ကျွန်တော့် မိဘများက ပို၍ ရိုးသားလွန်းသည်။ အေးဆေးလွန်းသည်။ မှတ်မှတ်ရရ ၁၀တန်းတက်ရမည့်နှစ်မှာ…

Read More
VOM News

FREE
VIEW